မနေ့က ကြိုဆိုမိတ်ဆက်ခဲ့တာပါ။

နာမည်ကျော်တိုက်စစ်မှူးမက်ဆီနဲ့အတူ အခြားကစားသမားတွေဖြစ်တဲ့ ရာမို့စ်၊ ဟာကီမီ၊ ဒွန်နာရမ်မာ၊ ၀ိုင်နယ်ဒမ်တို့ ပါဝင်ခဲ့ကြပြီး အသင်းအိမ်ကွင်း Parc des Princes ကွင်းကြီးထဲမှာ ခမ်းခမ်းနားနားမိတ်ဆက်ကြိုဆိုခဲ့တာဖြစ်ပါတယ်။ 


မနေ့က ကစားခဲ့တဲ့ စထရာဘော့နဲ့ပွဲစဉ်မတိုင်ခင် ပီအက်စ်ဂျီအသင်းဟာ အသင်းကစားသမားသစ်တွေကို ပရိသတ်တွေနဲ့ မိတ်ဆက်ပေးသွားခဲ့ပါတယ်။ သူတို့ရဲ့ နောက်ဆုံးခေါ်ယူထားတဲ့ နာမည်ကျော်တိုက်စစ်မှူးမက်ဆီနဲ့အတူ အခြားကစားသမားတွေဖြစ်တဲ့ ရာမို့စ်၊ ဟာကီမီ၊ ဒွန်နာရမ်မာ၊ ၀ိုင်နယ်ဒမ်တို့ ပါဝင်ခဲ့ကြပြီး အသင်းအိမ်ကွင်း Parc des Princes ကွင်းကြီးထဲမှာ ခမ်းခမ်းနားနားမိတ်ဆက်ကြိုဆိုခဲ့တာဖြစ်ပါတယ်။ 

အဆိုပါပွဲကိုတော့ မက်ဆီ ပါဝင်ကစားပေးခဲ့ခြင်းမရှိဘဲ ပွဲကြည့်စင်ကနေသာ ကြည့်ရှုနေခဲ့ပါတယ်။ ပရိသတ်အများအပြားကလည်း ကစားသမားသစ်တွေကို အော်ဟစ်အားပေးခဲ့ကြကာ ခမ်းနားတဲ့ကြိုဆိုမှုတွေအပေါ်မှာ ကျေနပ်မိတယ်လို့ မက်ဆီက ဖွင့်ဟခဲ့ပါတယ်။ အင်စတာဂရမ်ကတဆင့် မက်ဆီက ရေးသားပြောဆိုခဲ့တာဖြစ်ပြီး မယုံကြည်နိုင်စရာကောင်းလောက်အောင် ဖြစ်ခဲ့ရတယ်လို့ ဆိုပါတယ်။ 

"အရမ်းထူးခြားတဲ့ ရက်သတ္တပတ်ဖြစ်ခဲ့ပါတယ်၊ သူတို့ရဲ့ကြိုဆိုမှုအတွက် အားလုံးကိုကျေးဇူးတင်ပါတယ်၊ အဲဒါက မယုံကြည်နိုင်စရာကောင်းအောင်၊ အံ့မခန်းဖြစ်ရလောက်အောင်ပါပဲ၊ အရမ်းပျော်ရွှင်ရပါတယ်၊ ဒီနှစ်အတွက် အားလုံးပဲပျော်ရွှင်နိုင်ကြမယ်လို့ ကျွန်တော်မျှော်လင့်ပါတယ်" လို့ မက်ဆီက ရေးသားပြောဆိုခဲ့ကြောင်း Goal.com က ဖော်ပြခဲ့ပါတယ်။ 

ပီအက်စ်ဂျီကတော့ လီဂူးပွဲစဉ် ၂ မှာ ဂိုးပြတ်နိုင်ပွဲရရှိခဲ့ပြီး ဘတ်ပီက ခြေစွမ်းပြကစားသွားခဲ့ပါတယ်။ ဒါပေမယ့်လည်း ကစားသမားသစ် ၅ ဦးမှာ ၀ိုင်နယ်ဒမ်နဲ့ ဟာကီမီတို့နှစ်ဦးတည်းသာ ဝင်ရောက်ကစားပေးခဲ့ပြီး ကျန်ကစားသမားတွေကတော့ အသင်းလူစာရင်းမှာ ပါဝင်လာခဲ့ခြင်းမရှိခဲ့ပါဘူး။ ပီအက်စ်ဂျီကတော့ နှစ်ပွဲကစားပြီးချိန်မှာ နှစ်ပွဲစလုံးကို အနိုင်ရရှိထားပြီး ရမှတ် ၆ မှတ်နဲ့ အမှတ်ပေးဇယားကို ဦးဆောင်နေပြီဖြစ်ပါတယ်။ 



က္က