၂ ဂိုးသွင်း၊ တစ်ကြိ်ဖန်တီးပေးခဲ့တာပါ။

ဘာစီလိုနာအတွက် ဒိန်းမတ်တိုက်စစ်မှူးဘရိတ်ဝေ့က ခြေစွမ်းပြခဲ့ကာ နှစ်ဂိုးသွင်း၊ တစ်ကြိမ်ဖန်တီးပေးခဲ့ပြီး မက်ဆီရဲ့တာဝန်တွေကို သူလွှဲပြောင်းယူခဲ့သလား ထင်မှတ်ခဲ့ရပါတယ်။ 


လာလီဂါအဖွင့်ပွဲမှာ ရီးရဲလ်မက်ဒရစ်နဲ့ အက်သလက်တီကိုမက်ဒရစ်တို့ကစားပြီးမှ ကစားခဲ့ရတဲ့ ဘာစီလိုနာဟာ ကစားရခက်တဲ့ ဆိုဆီဒက်ကို အိမ်ကွင်းမှာ ဂိုးပြတ်နိုင်ပွဲရယူသွားခဲ့ပါတယ်။ မက်ဆီမရှိတော့တဲ့ ပထမဆုံးသော လာလီဂါပွဲမှာ ဘာစီလိုနာအတွက် ဒိန်းမတ်တိုက်စစ်မှူးဘရိတ်ဝေ့က ခြေစွမ်းပြခဲ့ကာ နှစ်ဂိုးသွင်း၊ တစ်ကြိမ်ဖန်တီးပေးခဲ့ပြီး မက်ဆီရဲ့တာဝန်တွေကို သူလွှဲပြောင်းယူခဲ့သလား ထင်မှတ်ခဲ့ရပါတယ်။ 

ဒါပေမယ့်လည်း ဆိုဆီဒက်ရဲ့ ရုန်းအားကြောင့် ပွဲပြီးခါနီးမှာ ဘာစီလိုနာတို့ သတိကြီးကြီးထားကစားခဲ့ရပြီး ဆာဂျီယိုရောဘတ်တိုရဲ့ ပွဲသိမ်းဂိုးကြောင့် သက်ပြင်းချနိုင်ခဲ့တာဖြစ်ပါတယ်။ ကစားသမားသစ် ဒီိိပိုင်းကလည်း ဂိုးမသွင်းယူနိုင်ခဲ့ပေမယ့် ပီကေးရဲ့ ပထမဆုံးသွင်း၈ိုးအတွက် ဖန်တီးပေးနိုင်ခဲ့ကာ ရော်နယ်ကိုးမန်းကို စိတ်ကျေနပ်မှုပေးနိုင်ခဲ့ပါတယ်။ 


ပီကေး၊ ဘရိတ်ဝေ့တ်ရဲ့ သွင်းဂိုးနှစ်ဂိုးကြောင့် ဘာစီလိုနာက ၃-၀ နဲ့ ပွဲကို အပြတ်အသတ်ဦးဆောင်နိုင်ခဲ့ပြီးမှ ၈၂ မိနစ်နဲ့ ၈၅ မိနစ်မှာ ဆိုဆီဒက်ကိ ချေပဂိုးတွေ ဆက်တိုက်ပြန်သွင်းခဲ့လို့ ပွဲကအကြိတ်အနယ်ရှိခဲ့ပါတယ်။ ဘာစီလိုနာအတွက်လည်း အရေးကြီးတဲ့အချိန်ကာလဖြစ်ခဲ့ပြီး နောက်ထပ်ချေပဂိုးမပေးရအောင် သတိကြီးကြီးထားကစားခဲ့ရကာ ဘရိတ်ဝေ့တ်ရဲ့ ဖန်တီးပေးမှုကနေ ရောဘတ်တိုက ပွဲသိ်မ်းဂိုးသွင်းယူခဲ့လို့ အနိုင်သေချာခဲ့တာဖြစ်ပါတယ်။ 


ခွင့်ပြုထားတဲ့ ပရိသတ်အရေအတွက်မပြည့်ခဲ့တဲ့ နူးကမ့်ကွင်းကြီးထဲမှာ ဘရိတ်ဝေ့တ်က အသင်းအတွက် သူရဲကောင်းဖြစ်ခဲ့ပါတယ်။ ဘာစီလိုနာမှာ လူအထင်ကြီးမခံခဲ့ရတဲ့ ဒိန်းမတ်တိုက်စစ်မှူးဟာ အဖွင့်ပွဲမှာတော့ အားလုံးအံ့အားသင့်စေမယ့် ခြေစွမ်းတွေကို ပြသခဲ့တဲ့ ကိုယ်တိုင်လည်းဂိုးသွင်း၊ ဖန်တီးမှုလည်းပြုလုပ်ပေးခဲ့ကာ မက်ဆီရဲ့တာဝန်တွေကို သူ ပခုံးပြောင်းလွှဲယူထားသလားဆိုတဲ့ အတွေးတွေကိုပါ ဖြစ်ပေါ်စေခဲ့ပါတယ်။ 



က္က