ပေးဂိုးတွေများနေတာကို ထောက်ပြခဲ့ပါတယ်။

ဘာစီလိုနာမှာ မက်ဆီနဲ့ တွဲဖက်ကစားခဲ့တဲ့ အွန်နရီက ပိုချက်တီနိုအနေနဲ့ တည်ငြိမ်မှုရှိတဲ့ အတွဲအဖက်ကို ဖန်တိးပေးနိုင်ဖို့ လိုအပ်တယ်လို့ သတိပေးလိုက်ပါတယ်။


အာဆင်နယ်နဲ့ ဘာစီလိုနာတိုက်စစ်မှူးဟောင်းအွန်နရီက ပီအက်စ်ဂျီအနေနဲ့ မက်ဆီကို ခေါ်ယူနိုင်ခဲ့ပေမယ့်လည်း သတိထားရလိမ့်မယ်လို့ပြောဆိုလိုက်ပါတယ်။ မက်ဆီဟာ ဘာစီလိုနာကနေ အလွတ်ပြောင်းရွှေ့ခဲ့တာဖြစ်ပြီး နေမာ၊ ဘတ်ပီတို့နဲ့ တွဲဖက်ကစားရမှာဖြစ်ကာ ဥရောပရဲ့အကောင်းဆုံးတိုက်စစ်အတွဲအဖက်ဖြစ်လာနိုင်မယ်လို့ အားလုံးကမျှော်လင့်နေကြပါတယ်။ 

ဒါပေမယ့်လည်း ဘာစီလိုနာမှာ မက်ဆီနဲ့ တွဲဖက်ကစားခဲ့တဲ့ အွန်နရီက ပိုချက်တီနိုအနေနဲ့ တည်ငြိမ်မှုရှိတဲ့ အတွဲအဖက်ကို ဖန်တိးပေးနိုင်ဖို့ လိုအပ်တယ်လို့ သတိပေးလိုက်ပါတယ်။ ဒီလိုမလုပ်နိုင်ခဲ့ဘူးဆိုရင်တော့ ပီအက်စ်ဂျီအနေနဲ့ မက်ဆီကို ခေါ်ယူနိုင်ခဲ့လည်း ထင်မှတ်သလောက် ကောင်းမွန်မှုရှိမှာမဟုတ်ဘူးလို့ ပြင်သစ်တိုက်စစ်မှူးဟောင်းက ဆိုပါတယ်။ 

"ဟန်ချက်ညီဖို့က အရေးကြီးဆုံးအရာပါ၊ ကျွန်တော်တို့က အကောင်းဆုံးကစားသမားတွေအကြောင်း၊ တိုက်စစ်ပိုင်းအကြောင်းတွေကို အမြဲတမ်းပြောနေပေမယ့် ဟန်ချက်ညီမှုအကြောင်းတော့ လူပြောနည်းပါတယ်၊ ဘာစီလိုနာမှာ အီတူး၊ မက်ဆီတို့နဲ့ ကျွန်တော်တွဲဖက်ကစားခဲ့တာကို ပြောကြပေမယ့်လည်း ကျွန်တော်တို့ ဂိုးတွေအများကြီးမပေးခဲ့ရတာကို လူတွေမေ့နေကြပါတယ်၊ ယေဘုယျအားဖြင့် ဂိုးအများကြီးမပေးရတဲ့အသင်းတွေက ဆုဖလား ဒါမှမဟုတ် ချန်ပီယံလိဂ်ဖလားနဲ့ အလှမ်းမဝေးတတ်ပါဘူး"

'စူပါကစားသမားတွေရှိနေချိန်မှဆိုရင် အနည်းငယ်ပိုပြီးလွယ်ကူတယ်ဆိုပေမယ့်လည်း ပီအက်စ်ဂျီက လောလောဆယ်ဘာတွေလုပ်နေလဲဆိုတာကို ကျွန်တော်မြင်တာကတော့ သူတို့က ဂိုးတွေခွင့်ပြုရတာ နည်းနည်းများနေပါတယ်၊ ဒါက အမှန်တရားပါပဲ၊ သူတို့ကစားသမားအများအပြားကို လက်လွှတ်ထားရတယ်ဆိုပေမယ့်လည်း ဟန်ချက်ညီဖို့က အရေးအကြီးဆုံးပဲဖြစ်ပါတယ်" လို့ အွန်နရီကပြောဆိုသွားခဲ့ပါတယ်။ 

ပီအက်စ်ဂျီအနေနဲ့ တိုက်စစ်ပိုင်းမှာ မက်ဆီ၊ နေမာ၊ ဘတ်ပီ၊ အီကာဒီ၊ ဒီမာရီယာတို့ရှိနေပြီး ခံစစ်ပိုင်းမှာ မာကွင်ဟို့စ်၊ ရာမို့စ်၊ ကင်ပမ်ဘီ၊ ဂိုးသမားအဖြစ် ကေလာနာဗက်စ်နဲ့ ဒွန်နာရမ်မာတို့ကို ပိုင်ဆိုင်ထားပါတယ်။ လက်ရှိမှာတော့ ကစားသမားသစ်တွေဖြစ်တဲ့ မက်ဆီ၊ ရာမို့စ်နဲ့ ဒွန်နာရမ်မာတို့က အသင်းအတွက် ကစားပေးခြင်းမရှိသေးပါဘူး။ 



က္က