အပြောင်းအရွှေ့သတင်းတွေဖော်ပြတာကို တုံ့ပြန်ခဲ့တာပါ။

ရော်နယ်ဒိုဟာ မန်စီးတီးကိုပြောင်းရွှေ့ဖို့အတွက် သူ့ဘက်ကစတင်ကမ်းလှမ်းခဲဲ့တယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်ခဲ့သလို အသင်းဟောင်းရီးရဲလ်နဲ့ ချိတ်ဆက်နေတယ်လို့လည်း မနေ့က သတင်းတွေမှာ ရေးသားဖော်ပြခဲ့ကြပါတယ်။


ဂျူဗင်တပ်စ်အသင်းတိုက်စစ်မှူးရော်နယ်ဒိုက ရီးရဲလ်မက်ဒရစ်ကို သူ ပြန်လည်ပြောင်းရွှေ့မယ်ဆိုတဲ့သတင်းတွေကို ငြင်းဆန်လိုက်ပြီး မဟုတ်တာတွေရေးသားဖော်ပြနေတဲ့ မီဒီယာတွေကို ပြစ်တင်ဝေဖန်မှုတွေပြုလုပ်လိုက်ပါတယ်။ သူ့ရဲ့အနာဂတ်နဲ့ပတ်သက်ပြီး ခန့်မှန်းဖော်ပြနေမှုတွေကိုလည်း ဒေါသတကြီးနဲ့ ပြောဆိုခဲ့ပြီး ကစားသမားဘဝနဲ့ အလုပ်အပေါ်ကိုသာ သူ အာရုံစိုက်ထားတယ်လို့ ဖြေရှင်းသွားခဲ့ပါတယ်။ 

ရော်နယ်ဒိုဟာ မန်စီးတီးကိုပြောင်းရွှေ့ဖို့အတွက် သူ့ဘက်ကစတင်ကမ်းလှမ်းခဲဲ့တယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်ခဲ့သလို အသင်းဟောင်းရီးရဲလ်နဲ့ ချိတ်ဆက်နေတယ်လို့လည်း မနေ့က သတင်းတွေမှာ ရေးသားဖော်ပြခဲ့ကြပါတယ်။ ဒီအပေါ်မှာ ရော်နယ်ဒိုက တော်တော်လေးဒေါသထွက်ခဲ့ဟန်ရှိပြီး သူ့ရဲ့လူမှုကွန်ရက်တွေကတဆင့် ပြန်လည်ဖြေရှင်းခဲ့ကာ မဟုတ်တာတွေကို မဖော်ပြဖို့အတွက်လည်း သတိပေးခဲ့ပါတယ်။ 

"ကျွန်တော့်အလုပ်အပေါ်မှာ ဘယ်လောက်အာရုံစိုက်လဲဆိုတာ ကျွန်တော်နဲ့သိတဲ့သူတိုင်း သိပါတယ်၊ စကားနည်းနည်းပြောပြီး အလုပ်များများလုပ်ပါတယ်၊ ဒါက ကျွန်တော့်ကစားသမားဘဝစတင်ချိန်ကတည်းက လမ်းညွှန်ဆောင်ပုဒ်တစ်ခုပါပဲ၊ ဒါပေမယ့်လည်း အခုထွက်ပေါ်နေတဲ့သတင်းတွေကြောင့် ကျွန်တော့်ရပ်တည်မှုကို သေချာလေးပြောဖို့လိုအပ်လာပါတယ်၊ ဒါက ကျွန်တော့်ကို မလေးစားရာလည်းကျပါတယ်၊ မီဒီယာတွေက ကျွန်တော့်အနာဂတ်နဲ့ပတ်သက်ပြီး သိမ်ဖျင်းတဲ့နည်းလမ်းတွေသုံးပြီးဖော်ပြခဲ့ပါတယ်"


"ဒါက ကလပ်အသင်းတွေ၊ သူတို့ရဲ့ဝန်ထမ်းတွေအပေါ်မှာပါ လေးစားမှုမရှိတာပါ၊ မက်ဒရစ်နဲ့ ကျွန်တော့်ဇာတ်လမ်းတွေက ရေးခဲ့ပြီးသားတွေပါ၊ မှတ်တမ်းတွေနဲ့ပဲရှိပါတော့တယ်၊ စကားလုံးတွေ၊ ကိန်းဂဏန်းတွေ၊ ဆုဖလားတွေပေါ့၊ ဘာနေဗျူးပြတိုက်ထဲမှာ အဲဒါတွေရှိပါတယ်၊ ပရိသတ်တွေရဲ့စိတ်ထဲမှာလည်း ရှိနေပါတယ်၊ ဒီနေ့အထိ အသင်းနဲ့ ကျွန်တော့်ကြားဆက်ဆံမှုတွေက လေးစားမှုရှိနေဆဲပါတယ်၊ ရီးရဲလ်ပရိသတ်တွေရင်ထဲမှာ ကျွန်တော်ရှိနေသေးတာကို သိပါတ်၊ ကျွန်တော်လည်း အဲဒီလိုပါပဲ"

"ကျွန်တော့်နာမည်ကိုအသုံးပြုပြီးတော့ ဖော်ပြနေတာကို ခွင့်မပြုဖို့ ကျွန်တော်ငြိမ်ငြိမ်နေလို့မရတော့ပါဘူး၊ ကျွန်တော့်ကစားသမားဘဝနဲ့ အလုပ်အပေါ်ကိုပဲ အာရုံစိုက်ထားပြီး ကျွန်တော်ရင်ဆိုင်ရမယ့် စိန်ခေါ်မှုအားလုံးအတွက် ကတိပေးပြင်ဆင်မှုတွေကိုပဲ လုပ်နေပါတယ်" လို့ ရော်နယ်ဒိုက ပြောကြားခဲ့ပါတယ်။ ဒီအတွက် ရော်နယ်ဒိုဟာ ဂျူဗီမှာသာဆက်လက်ကစားဖွယ်သာရှိနေပြီး ရာသီကုန်မှသာ အနာဂတ်ကို စဉ်းစားမယ်လို့ ယူဆရပါတယ်။



က္က