ဒီလူစာရင်းနဲ့ကတော့ အကုန်လုံးလန့်ကုန်မှာ သေချာပါတယ်။

မက်ဆီပါဝင်တဲ့ အသင်းက အခြားအသင်းကို အနိုင်ရရှိခဲ့တယ်လို့ သိရပြီး မက်ဆီတို့အသင်းလူစာရင်းက တော်တော်လေးကို ကြောက်စရာကောင်းနေခဲ့ပါတယ်။ 


PSG အသင်းဟာ သူတို့ရဲ့တွစ်တာစာမျက်နှာကနေ အသင်းလေ့ကျင့်ရေးကွင်းက ဓာတ်ပုံတွေကို ဖော်ပြခဲ့ပါတယ်။ လေ့ကျင့်ရေးကွင်းမှာ တစ်ဖက်ကို ကစားသမား ၆ ဦးစီ ပါဝင်ပြီး ပွဲငယ်လေးတွေ ကစားစေခဲ့ရာမှာတော့ မက်ဆီပါဝင်တဲ့ အသင်းက အခြားအသင်းကို အနိုင်ရရှိခဲ့တယ်လို့ သိရပြီး မက်ဆီတို့အသင်းလူစာရင်းက တော်တော်လေးကို ကြောက်စရာကောင်းနေခဲ့ပါတယ်။ 

မက်ဆီရဲ့အသင်းမှာတော့ မက်ဆီ၊ ဒရက်ဇ်လာ၊ ဒီမာရီယာ၊ နေမာ၊ ဘတ်ပီ၊ ဂိုးသမားကေလာနာဗက်စ်တို့ ပါဝင်ခဲ့ကြတာဖြစ်ပါတယ်။ အဆိုပါဓာတ်ပုံနဲ့အတူ ပီအက်စ်ဂျီအသင်းက "လေ့ကျင့်ကွင်းမှာ ဒီနေ့အနိုင်ရတဲ့ အသင်း" ဆိုတဲ့ Caption ကို ဖော်ပြခဲ့ရာမှာတော့ အဆိုပါအသင်းလူစာရင်းကို ကျေနပ်အားရသူတွေ အများအပြားရှိနေခဲ့ပါတယ်။



လက်ရှိကမ္ဘာ့အကောင်းဆုံးကစားသမားတွေကို ပီအက်စ်ဂျီအသင်းက ပိုင်ဆိုင်ထားတာဖြစ်ပြီး အသင်းနည်းပြပိုချက်တီနိုအတွက် ဘယ်သူ့ကိုပွဲထွက်ခွင့်ပေးရမလဲဆိုတာကိုတောင်မှ ခေါင်းကိုက်ရဖွယ်ရှိနေတာဖြစ်ပါတယ်။



ဂိုးသမားနေရာမှာဆိုရင် နာဗက်စ်၊ ဒွန်နာရမ်မာ၊ နောက်တန်းမှာ ဟာကီမီ၊ ရာမို့စ်၊ မာကွင်ဟို့စ်၊ ကင်ပမ်ဘီ၊ ခါရာ၊ ကာဇာဝါ၊ ကွင်းလယ်မှာ ပရီဒက်စ်၊ ဟာရဲရား၊ ဂွီယီ၊ ဗာရက်တီ၊ ၀ိုင်နယ်ဒမ်၊ ရာဖင်ဟာ၊ တိုက်စစ်ပိုင်းမှာ နေမာ၊ ဘတ်ပီ၊ မက်ဆီ၊ ဒီမာရီယာ၊ ဒရက်ဇ်လာ၊ အီကာဒီတို့ ရှိနေတာဖြစ်ပါတယ်။ 



လေ့ကျင့်ကွင်းမှာ နှစ်ဖက်ခွဲကစားတဲ့ အသင်းလူစာရင်းတွေကပဲ ထိပ်တန်းလိဂ်တစ်ခုက ကလပ်အသင်းတွေထက် ပိုမိုတောင့်တင်းနေတာလည်းဖြစ်ပါတယ်။ မက်ဆီကတော့ အသင်းသစ်နဲဲ့အတူ ပွဲထွက်ကစားပေးခြင်းမရှိသေးဘဲ လာမယ့် ၂၉ ရက်နေ့မှာကစားမယ့် Reims အသင်းနဲ့ပွဲစဉ်မှသာ ပါဝင်ကစားပေးမယ်လို့လည်း ESPN က ဖော်ပြထားပါတယ်။ 



က္က