အံ့အားသင့်ဖွယ်ရာတောင်းဆိုခဲ့တာဖြစ်ပါတယ်။

မက်ဆီဟာ ဘာစီလိုနာမှာ အဆိုပါဂျာစီနဲ့အတူ ထွန်းတောက်ခဲ့ပြီး သူနဲ့ ဂျာစီနံပါတ် ၁၀ ကို ခွဲခြားမြင်လို့မရအောင်ကို လျှမ်းလျှမ်းတောက်အောင်မြင်ခဲ့တာဖြစ်ပါတယ်။


ဘာစီလိုနာအသင်းရဲ့ တိုက်စစ်ကစားသမားကော်တင်ဟိုဟာ အသင်းမှာပုံမှန်ကစားခွင့်ရဖို့ အခက်အခဲတွေရှိနေပေမယ့်လည်း အသင်းကနေ မက်ဆီထွက်ခွာသွားခဲ့ပြီးနောက် လစ်လပ်နေခဲ့တဲ့ ကျောနံပါတ် ၁၀ ဂျာစီကို ဝတ်ဆင်ဖို့ အသင်းဆီတောင်းဆိုခဲ့ကြောင်း သိရပါတယ်။ ဒီသတင်းကတော့ တော်တော်လေးအံ့အားသင့်စရာကောင်းနေခဲ့တာတော့ အမှန်ပါပဲ။

မက်ဆီဟာ ဘာစီလိုနာမှာ အဆိုပါဂျာစီနဲ့အတူ ထွန်းတောက်ခဲ့ပြီး သူနဲ့ ဂျာစီနံပါတ် ၁၀ ကို ခွဲခြားမြင်လို့မရအောင်ကို လျှမ်းလျှမ်းတောက်အောင်မြင်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် အသင်းနဲ့စာချုပ်သစ်ချုပ်ဆိုဖို့ အဆင်မပြေဖြစ်ခဲ့ပြိးနောက် မက်ဆီက ပီအက်စ်ဂျီကို ၂ နှစ်စာချုပ်နဲ့ ပြောင်းရွှေ့သွားခဲ့ပြီး ဘာစီလိုနာအသင်းမှာ အဆိုပါဂျာစီက လစ်လပ်နေပြီး အနားပေးဖို့အတွက် တချို့ကလည်း တိုက်တွန်းခဲ့ပါတယ်။

၂၀၁၈ မှာ လီဗာပူးလ်ကနေ ဘာစီလိုနာကို စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် ၁၄၂ သန်းနဲ့ ကော်တင်ဟိုက ရောက်ရှိလာခဲ့ပါတယ်။ သူ့ကိုခေါ်ယူခဲ့စဉ်က ထိပ်တန်းကစားသမားတစ်ဦးခြေစွမ်းမျိုးကို လီဗာပူးလ်မှာပြသနေတဲ့အချိန်ဖြစ်လို့ မျှော်လင့်ချက်ကြီးကြီးမားမားရှိခဲ့ပေမယ့် ဘရာဇီးလ်သားဟာ နူးကမ့်မှာထင်မှတ်သလို ခြေစွမ်းပြနိုင်ခဲ့ခြင်းမရှိဘဲ ဘိုင်ယန်မြူးနစ်ဆီ အငှားနဲ့ပါ သွားကစားခဲ့ရပါတယ်။ 

ရော်နယ်ကိုးမန်းကတော့ ကော်တင်ဟိုကို သူ့ရဲ့စီမံကိန်းတွေထဲမှာ ထည့်သွင်းထားတယ်လို့ Mundo Deportivo က ဖော်ပြခဲ့ပါတယ်။ အသက် ၂၉ နှစ်အရွယ်ကစားသမားဟာ ဘာစီလိုနာကို ပြောင်းရွှေ့ခဲ့စဉ်က ကျောနံပါတ် ၁၄ ကို ဝတ်ဆင်ခဲ့ရပြီး နောက်တစ်နှစ်မှာတော့ နံပါတ် ၇ ကို ပြောင်းလဲဝတ်ဆင်ခဲ့ရပါတယ်။ အဲဒီနောက်မှာ ဂရစ်မန်းက ကျောနံပါတ် ၇ ကို ရရှိခဲ့ပြီး ကော်တင်ဟိုက မူလနံပါတ် ၁၄ ကိုသာ ပြန်ဝတ်ဆင်ခဲ့ရပါတယ်။ 


လီဗာပူးလ်နဲ့ ဘိုင်ယန်မြူးနစ်တို့မှာ နံပါတ် ၁၀ ဂျာစီကို ဝတ်ဆင်ခဲ့ရတဲ့ ကော်တင်ဟိုအနေနဲ့ ဘာစီလိုနာမှာလည်း အဆိုပါနံပါတ်ကို ဝတ်ဆင်ခွင့်ရမလားဆိုတာကတော့ စောင့်ကြည့်ချင်စရာကောင်းနေပြီဖြစ်ပါတယ်။ 



က္က