သူ့ရဲ့အမြင်ကို ပြောဆိုခဲ့တာပါ။

ပီအက်စ်ဂျီက မက်ဆီကို ခေါ်ယူသွားမှုဟာ သူတို့အသင်းကို ကိုင်လီယန်ဘတ်ပီရောက်ရှိလာဖို့ဖြစ်လာလိမ့်မယ်လို့ ရီးရဲလ်ကွင်းလယ်လူတိုနီခရူးစ်က ပြောဆိုလိုက်ပါတယ်။ ဒါ့အပြင် ဘာစီလိုနာအတွက်လည်း အားနည်းမှုတစ်ခုဖြစ်သွားပြီး သူတို့ရဲ့အကောင်းဆုံးကစားသမားကို လက်လွှတ်ခဲ့ရမှုဟာ ရီးရဲလ်မက်ဒရစ်အတွက်လည်း လာလီဂါမှာ အားသာချက်ဖြစ်လာတယ်လို့ ဂျာမနီသားက ပြောသွားခဲ့ပါတ်ယ။ 

မက်ဆီဟာ ပီအက်စ်ဂျီကို အလွတ်ပြောင်းရွှေ့သွားခဲ့ပြီး ၂ နှစ်စာချုပ်ချုပ်ဆိုခဲ့တာဖြစ်ပါတယ်။ ဒီအပြောင်းအရွှေ့နဲ့အတူ ရီးရဲလ်က အလိုရှိနေတဲ့ ဘတ်ပီကလည်း အသင်းကထွက်ခွာဖို့အတွက် သူ့ရဲ့ဆန္ဒတွေကို ထုတ်ဖော်ပြသနေပြီး ပီအက်စ်ဂျီကတော့ လက်လွှတ်ခံမှာမဟုတ်ဘဲ အသင်းမှာဆက်လက်ထိန်းသိမ်းသွားမယ်လို့ အခိုင်အမာပြောဆိုထားခဲ့ပါတယ်။ 

ခရူးစ်က "မက်ဆီအပြောင်းအရွှေ့ကနေ ဘာတွေဖြစ်လာမလဲ စောင့်ကြည့်ရပါမယ်၊ ဒီအပြောင်းအရွှေ့က ကျွန်တော်တို့အတွက် ကောင်းမွန်တာလည်းဖြစ်နိုင်ပါတယ်၊ ဘာလိုပလဲဆိုတော့ ကျွန်တော်တို့ရဲ့အကြီးမားဆုံးပြိုင်ဘက်က သူတို့ရဲ့အကောင်းဆုံးကစားသမားကို ဆုံးရှုံးသွားလို့ပါ၊ ပီအက်စ်ဂျီကစားသမားတစ်ဦးလည်း ကျွန်တော်တို့နဲ့ လာပြီးပူးပေါင်းနိုင်ပါတယ်၊ ဘတ်ပီရဲ့အပြောင်းအရွှေ့က တကယ်ဖြစ်လာသင့်ပါတယ်"

"ကျွန်တော်သိတော့မသိဘူး၊ မက်ဆီရဲ့အပြောင်းအရွှေ့တစ်ခုလုံးက ကျွန်တေ်ာတို့အတွက်တော့ အားနည်းချက်တစ်ခုမဟုတ်တာသေချာပါတယ်" လို့ Einfach mal luppen နဲ့ တွေ့ဆုံမှုမှာ ပြောဆိုသွားခဲ့ပါတယ်။ မက်ဆီကို ပီအက်စ်ဂျီတို့ ခေါ်ယူနိုင်ခဲ့ပေမယ့်လည်း ဘတ်ပီကတော့ ရာသီသစ်မစခင်ကတည်းက အသင်းကနေထွက်ခွာချင်နေခဲ့ပြီး အသင်းဘက်က ထိန်းသိမ်းထားခဲ့လို့သာ ဆက်လက်ရှိနေတာဖြစ်ပြီး လာမယ့်ရာသီမှာတော့ ရီးရဲလ်ကိုပြောင်းရွှေ့မယ်လို့ သတင်းတွေထွက်ပေါ်နေခဲ့ပါတယ်။ 



က္က