ရိုးမားအသင်းကနေ လာဇီယိုအသင်းထံ ပြောင်းရွှေ့သွားတာပါ။

ရိုးမားနဲ့ လာဇီယို နှစ်သင်းစလုံးမှာ ကစားဖူးသူတွေ ရှိပေမယ့် ၃၆နှစ်အတွင်းမှာတော့ တိုက်ရိုက် ပြောင်းရွှေ့သူ မရှိခဲ့ပဲ ပက်ဒရိုက ပထမဆုံး ကစားသမားဖြစ်လာပါတယ်။

အသက် ၃၄နှစ်အရွယ် ပက်ဒရိုဟာ ရိုးမားအသင်းကနေ လာဇီယိုအသင်းထံ ပြောင်းရွှေ့သွားခဲ့ပြီ ဖြစ်ပြီး ဒါဟာ ၃၆နှစ်အတွင်းမှာ ပထမဆုံး ဖြစ်ရပ်လို့လည်း သိရပါတယ်။



ရောမ ကလပ်အသင်းတွေအကြား ကစားသမားတွေကို တစ်သင်းနဲ့တစ်သင်း တိုက်ရိုက် ခေါ်ယူမှု ရှားပါးပြီး ယခု ဖြစ်စဥ်ကတော့ ၃၆နှစ်အတွင်း ပထမဆုံး ဖြစ်စဥ်လည်း ဖြစ်လာခဲ့တာပါ။

ပက်ဒရိုဟာ နည်းပြ မော်ရင်ဟို လက်အောက်မှာ ပုံမှန် ပွဲထွက်ခွင့်ရခဲ့ပြီး ပြိုင်ပွဲစုံ ပွဲပေါင်း ၄၀ကျော်မှာ ၆ဂိုးသွင်း ၇ဂိုး ဖန်တီးပေးနိုင်ခဲ့ပါတယ်။

ယခု အပြောင်းအရွှေ့မှာ နောက်ထပ် မခံရပ်စရာ တစ်ခုကတော့ လာဇီယိုအသင်းဟာ ပက်ဒရိုအတွက် ပြောင်းရွှေ့ ကြေး တစ်ပြား တစ်ချပ်မှ မကုန်ကျခဲ့ပဲ အလွတ်ရခဲ့တာပါ။

ဒီလို ဖြစ်စဥ်ဟာလလည်း ရောမ သမိုင်းမှာ လုံးဝ မရှိခဲ့တဲ့ သမိုင်းဖြစ်ပြီး ပြိုင်ပွဲ တစ်ခုတိုင်းမှာလည်း အကြိတ်အ နယ်ရှိလှသလို ကွင်းပြင်ပမှာလည်း အပြန်အလှန် တင်းမာမှုတွေ ရှိနေတဲ့ ရောမ ဒါဘီအကြား ပက်ဒရိုက စတင် ခဲ့ပြီလားလို့ ဆိုရမှာပါ။

လာဇီယိုနဲ့ ရိုးမား နှစ်သင်းစလုံးမှာကစားဖူးတဲ့ ကစားသမားတွေ ရှိပါတယ်၊ သူတို့က ကိုလာရော့ဗ်၊မီဟေးလ်လိုဗစ် ဂျ်၊ဒိယေဂိုဖူဆာ၊ပီရူဇီနဲ့မူဇီတို့ ဖြစ်ပါတယ်။

ဒါပေမယ့် ဒီ ကစားသမားတွေဟာ တစ်သင်းကနေ တစ်သင်းကို တိုက်ရိုက် ကူးပြောင်းခဲ့တာ မဟုတ်ပဲ ကြားမှာ အခြား ကလပ်အသင်းတွေကို ကစားပြီးမှသာ ပြောင်းရွှေ့ ဖြစ်ခဲ့တာသာ ဖြစ်ပါတယ်။

ပြိုင်ဆိုင်မှု ပြင်းထန်တဲ့ ဒါဘီအသင်းတွေဟာ အချင်းချင်းကြားမှာ ပြောင်းရွှေ့မှု တိုက်ရိုက် ဖြစ်ပေါ်ဖို့ မလွယ်လှပဲ ဒီလို ဖြစ်လာပြီ ဆိုရင်လည်း ပရိသတ်တွေရဲ့ အမျက်ဒေါသဟာလည်း ကစားသမားအ‌ပေါ်မှာ ပြင်းထန်စွာ ကျရောက်လေ့ရှိတာကြောင့် ပက်ဒရိုတစ်ယောက် ဒီဒဏ်တွေကိုတော့ ခံစားရဖို့ ပြင်ဆင်ထားရပါမယ်။


ဆက်စပ်အကြောင်းအရာများ



က္က