ကန်တေ၊ ဒီဘရိုင်းတို့နဲ့အတူ ရွေးချယ်ခံရတာပါ။

ပြီးခဲ့တဲ့ရာသီမှာ ချန်ပီယံလိဂ်ဖလားကို ချယ်လ်ဆီးတို့ ရယူနိုင်ခဲ့မှုနဲ့အတူ နည်းပြနဲ့ ကစားသမားတွေက ဆန်ခါတင်အဆင့်မှာ ရွေးချယ်ခံခဲ့ရကာ ဂျော်ဂျင်ဟိုကတော့ ရေပန်းအစားဆုံးကစားသမားအဖြစ် ရှိနေခဲ့ပါတယ်။ 


UEFA ရဲ့ Men's Player of the Year ဆုအတွက် ဆန်ခါတင်စာရင်းကို မနေ့ကထုတ်ပြန်ခဲ့ရာမှာတော့ ချယ်လ်ဆိးကစားသမား ၂ဦးနဲ့ မန်စီးတီးကစားသမား ၁ဦး ပါဝင်လာခဲ့ပြီး ပရီးမီးယားလိဂ်ကစားသမားတွေ လွှမ်းမိုးနိုင်ခဲ့ပါတယ်။ ချယ်လ်ဆီးကစားသမားတွေဖြစ်တဲ့ ဂျော်ဂျင်ဟို နဲ့ ကန်တေ၊ မန်စီးတီးကွင်းလယ်လူ ဒီဘရိုင်းတို့ ရွေးချယ်ခံခဲ့ရတာလည်းဖြစ်ပါတယ်။ 

အကောင်းဆုံးနည်းပြဆုအတွက်တော့ ချယ်လ်ဆီးနည်းပြတူချယ်လ်၊ မန်စီးတီးနည်းပြဂွာဒီယိုလာ နဲ့ အီတလီနည်းပြ မန်စီနီတို့ ရွေးချယ်ခံခဲ့ရပါတယ်။ ပြီးခဲ့တဲ့ရာသီမှာ ချန်ပီယံလိဂ်ဖလားကို ချယ်လ်ဆီးတို့ ရယူနိုင်ခဲ့မှုနဲ့အတူ နည်းပြနဲ့ ကစားသမားတွေက ဆန်ခါတင်အဆင့်မှာ ရွေးချယ်ခံခဲ့ရကာ ဂျော်ဂျင်ဟိုကတော့ ရေပန်းအစားဆုံးကစားသမားအဖြစ် ရှိနေခဲ့ပါတယ်။ 

ဂျော်ဂျင်ဟိုဟာ အီတလီနဲ့လည်း ယူရိုဖလားကို ဆွတ်ခူးနိုင်ခဲ့သူဖြစ်ကာ ဘလွန်းဒီအောဆုအတွက်ပါ မက်ဆီနဲ့အပြိုင်ဖြစ်နေသူဖြစ်ပါတယ်။ ကန်တေကတော့ ချယ်လ်ဆိးအတွက် ပြီးခဲ့တဲ့ရာသီက ခြေစွမ်းပြကစားပေးခဲ့ကာ ယူရိုပြိုင်ပွဲမှာတော့ ပြင်သစ်နဲ့အတူကျရှုံးခဲ့ရပါတယ်။ မန်စီးတီးကွင်းလယ်လူဒီဘရိုင်းဟာ အသင်းနဲ့ ပြည်တွင်းဆုဖလားတွေရယူနိုင်ခဲ့ပြီး ချန်ပီယံလိဂ်ဗိုလ်လုပွဲနဲ့ ယူရိုကွာတားဖိုင်နယ်ကို တက်ရောက်နိုင်ခဲ့ပါတယ်။ 

ဒီဆုကိုတော့ ၂၀၁၀-၁၁ ဘောလုံးရာသီက စတင်ပေးအပ်ခဲ့တာဖြစ်ပါတယ်။ မက်ဆီက ပထမဆုံးစတင်ဆွတ်ခူးခဲ့ပြီး အဲဒီနောက်မှာ အင်နီယေစတာ၊ ရီဘာရီ၊ ရော်နယ်ဒို၊ မက်ဆီ၊ ရော်နယ်ဒို၊ ရော်နယ်ဒို၊ မိုဒရစ်၊ ဗန်ဒိုက်နဲ့ ပြီးခဲ့တဲ့နှစ်က လီဝန်ဒေါစကီးတို့က ရရှိခဲ့ပါတယ်။ ဒီတစ်ကြိမ်မှာတော့ ဂျော်ဂျင်ဟိုက ရေပန်းအစားဆုံးဖြစ်နေကာ အမှန်တကယ်ဆွတ်ခူးသွားမလား စောင့်ကြည့်ရတော့မှာပါ။ 



က္က