ဘာစီလိုနာနဲ့ စာချုပ်ကုန်ဆုံးအပြီး အလွတ်ခေါ်ယူထားတာပါ။

လေ့ကျင့်ခန်းတွေကို အပြည့်အဝ ပူးပေါင်းနိုင်ပေမယ့် မက်ဆီနည်းတူ နေမာနဲ့ ရာမို့စ်တို့ဟာလည်း ပွဲကြည့်စင်ပေါ် ကနေသာ အသင်းကို အားပေးရဖို့ ရှိနေတာပါ။

ပီအက်စ်ဂျီအသင်းဟာ လီယွန်နယ်မက်ဆီကို ယခုတစ်ပတ် ကစားမယ့် အသင်းလူစာရင်းမှာ ချန်လှပ်ခဲ့လို့ မက်ဆီကို ပီအက်စ်ဂျီနဲ့ တွဲမြင်ချင်နေသူတွေအဖို့ စောင့်ရပါအုံးမယ်။



ဘဏ္ဍာရေး အကြပ်အတည်းကြောင့် ဘာစီလိုနာ လက်ကနေ လွတ်ထွက်လာခဲ့တဲ့ မက်ဆီကို ပီအက်စ်ဂျီ အသင်းက အလွတ်နဲ့ ခေါ်ယူထားထားနိုင်ပါတယ်။

ဒါပေမယ့် အသင်းနှင့်အတူ လေ့ကျင့်ခန်း ဆင်းနေနိုင်ပြီး ပွဲဦးထွက် ကစားရခြင်းမျိုးတော့ မရှိသေးတာကြောင့် ပရိ သတ်တွေက မက်ဆီကို မတူညီတဲ့ ဂျာစီတစ်ခုနဲ့ မြင်တွေ့ချင်လှနေကြတာပါ။

“အသင်းနဲ့ တည်ဆောက်ပုံက ကောင်းမွန်နေပါပြီ၊အသင်းမှာလည်း အကောင်းဆုံး ပုံစံမှာ ရှိနေတာကို မြင်တွေ့နေ ရပါပြီ။ ဒါပေမယ့် မက်ဆီကို အချိန်ပေးချင်ပါသေးတယ်။”လို့ နည်းပြ ပွန်ချက်တီနိုက ဆိုလာပါတယ်။

ဒါကြောင့် မက်ဆီဟာ ယခုတစ်ပတ် ကစားရမယ့် ဘရက်စ်အသင်းနဲ့ လီဂူးဝမ်းပွဲစဥ်မှာ ပါဝင်အုံးမှာ မဟုတ်ပဲ ပွဲကြည့်စင်ပေါ်ကနေသာ အသင်းကို အားပေးနေရအုံးမှာပါ။

မက်ဆီနည်းတူ တိုက်စစ်မှူးနေမာနဲ့ နောက်ခံလူသစ် ရာမို့စ်ဟာလည်း အသင်းရဲ့ လူစာရင်းမှာပါဝင်အုံးမှာ မဟုတ်လို့ ပွဲကြည့်စင်မှာ မက်ဆီတစ်ယောက်တည်း အဖော်မဲ့ နေမှာတော့ မဟုတ်ပါဘူး။

အခြား လူငယ်ကစားသမားတစ်ဦးဖြစ်တဲ့ ဘတ်ပေ အသင်းပြောင်းမယ့် သတင်းတွေနဲ့ ပတ်သက်ပြီးတော့မူ နည်းပြ ပွန်ချက်တီနိုက - “ ဒီရာသီသူ့ကိုအသင်းမှာ ဆက်ရှိနေစေချင်ပါသေးတယ်၊သူက ကျွန်တော်တို့ လူပါ။”လို့ ပြောခဲ့ပါ တယ်။

ပီအက်စ်ဂျီအသင်းဟာ ၂ပွဲကစား ၆မှတ်ရရှိထားပေမယ့် ရဂိုး ကွာဟချက်အရ အမှတ်ပေးဇယား အဆင့် ၃မှာ ရပ်တည်နေပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က