ဘောလုံးပွဲ လာကြည့်ခဲ့တာကြောင့်ပါ။

ကိုဗစ် ကူးစက်ခံထားရပြီး အနည်းဆုံး ၁၀ရက်ခန့် သီးသန့် နေထိုင်ဖို့ လိုအပ်ပေမယ့် အဆိုပါ ပရိသတ်ဟာ စည်းကမ်းကို လိုက်နာမှု မရှိပဲ ဘောလုံးပွဲ လာကြည့်ခဲ့တာပါ။

အက်ကရင်တန်စတန်လေအသင်းနဲ့ ကစားခဲ့တဲ့ပွဲမှာကိုဗစ် စည်းကမ်းကို ချိုးဖောက်ပြီး ပွဲလာကြည့်ခဲ့တဲ့ ပရိသတ် တစ်ဦးကို ကမ်းဘရစ်ချ်အသင်းက ပွဲကြည့်ခွင့် အတိုင်းအတာ တစ်ခုအထိ ပိတ်ပင်ခဲ့တယ်လို့ သိရပါတယ်။



ကိုဗစ် ကူးစက်ခံထားရလို့ ၁၀ရက် အနည်းဆုံး အပြည့်အဝ အနားယူဖို့ လိုအပ်နေပေမယ့် အဆိုပါ ပရိသတ်ဟာ ၁၀ ရက်မပြည့်ခင် အသင်းကို လာရောာက် အားပေးခဲ့တာပါ။

ဒါကြောင့် ကမ်းဘရစ်ချ်အသင်းက မိမိနှင့် အခြား သူများကို ကူးစက့်မယ့် အန္တရာယ်ကို မငှဲ့ကွက်ပဲ လာရောက်ခဲ့တဲ့ ပရိသတ်ကို နောက်ထပ် ၁၀ရက်အတွင်း ပွဲကြည့်ခွင့် ပိတ်ပင်ခဲ့ပါတယ်။

ရဲကတော့ ဖြစ်စဥ်နဲ့ ပတ်သက်ပြီး ပါဝင် ပတ်သက်ခြင်း အလျဥ်းမရှိပဲ ကလပ်အသင်းဖက်ကသာ ထုတ်ပြန်ချက် တွေနဲ့ ပရိသတ်တွေကို အပြစ်ပေးခဲ့ပါတယ်။

ကမ်းဘရစ်ချ်အသင်းကတော့ သူတို့ရဲ့ ထုတ်ပြန်ချက်မှဦ ကိုဗစ်နဲ့ ပတ်သက်တဲ့ ကိစ္စတွေကို ပြဿနာ တစ်ခုချင်းစီ အလိုက် ဖြေရှင်းသွားမယ်လို့ ဖော်ပြ လာပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က