၂ ပွဲဆက်တိုက် ၄ ဂိုး သွင်းယူခဲ့ပါတယ်။

ဘရက််စ်နဲ့ပွဲမှာ ကစားသမား ၄ ဦးက တစ်ဂိုးစီသွင်းယူပေးခဲ့ကြပြီး ဂွီယီကတော့ ကိုက်ပေါင်း ၄၀ အကွာကနေ အပြင်းကန်သွင်းချက်နဲ့ ဂိုးရယူနိုင်ခဲ့ပါတယ်။


ပီအက်စ်ဂျီအသင်းကတော့ လီဂူးမှာ ၃ ပွဲဆက်တိုက်နိုင်ပွဲနဲ့အတူ အမှတ်ပေးဇယားကို ဦးဆောင်နေပြီဖြစ်ပါတယ်။ မနေ့ကကစားခဲ့တဲ့ ဘရက်စ်နဲ့ပွဲမှာလည်း ၄-၂ နဲ့ အဝေးကွင်းနိုင်ပွဲရရှိခဲ့ပြီး မက်ဆီ၊ နေမာတို့မပါဝင်ခဲ့ပေမယ့် ဂိုးတွေအများကြီးရယူနိုင်ခဲ့ကာ နှစ်ပွဲဆက်တိုက် ၄ ဂိုးနှုန်းသွင်းယူနိုင်ခဲ့ပြီး ဘတ်ပီကလည်း အသင်းတိုက်စစ်ကို ဦးဆောင်ကစားနိုင်ခဲ့ပါတယ်။ 

ဘရက််စ်နဲ့ပွဲမှာ ကစားသမား ၄ ဦးက တစ်ဂိုးစီသွင်းယူပေးခဲ့ကြပြီး ဂွီယီကတော့ ကိုက်ပေါင်း ၄၀ အကွာကနေ အပြင်းကန်သွင်းချက်နဲ့ ဂိုးရယူနိုင်ခဲ့ပါတယ်။ ပိုချက်တီနိုအတွက် ပြသနာဖြစ်နေတာကတော့ ခံစစ်ပိုင်းဖြစ်ပြီး ပွဲတိုင်းဂိုးပေးနေရမှုကို
ပြင်ဆင်ဖို့ပါ။ ရာမို့စ်နဲ့ မာကွင်ဟို့စ်တို့ ကစားပေးနိုင်မယ့်အချိန်ဆိုရင်တော့ အတိုင်းအတာတစ်ခုအထိ ခံစစ်ပိုင်းလုံခြုံလာမယ်လို့ ယုံကြည်ရပါတယ်။ 


တိုက်စစ်ပိုင်းကတော့ မက်ဆီနဲ့ နေမာတို့ ကစားပေးမယ့်အချိန်ဆိုရင်တော့ ဟန့်တားနိုင်မယ့်အသင်းမရှိလောက်အောင် ထက်မြက်မယ်လို့ ယူဆရပါတယ်။ ဘတ်ပီက အသင်းတိုက်စစ်ကို ဦးဆောင်ပေးနိုင်စွမ်းရှိနေပြီး မနေ့ကပွဲမှာ ဟာရဲရား၊ ဂွီယီတို့လို ကွင်းလယ်လူတွေ ဂိုးတွေရခဲ့ကာ နောက်ခံလူဟာကီမီကလည်း ပုံမှန်ဖန်တီးမှုတွေကို ပြုလုပ်ပေးနိုင်ခဲ့ပါတယ်။ 

မက်ဆီကတော့ လာမယ့် သြဂုတ်လ ၂၉ ရက်နေ့ ကစားမယ့် ရင်းမ်နဲ့ပွဲမှသာ ပါဝင်ကစားပေးမှာဖြစ်ပါတယ်။ နေမာကလည်း ကြံ့ခိုင်မှုပိုင်း၊ ကိုယ်အလေးချိန်တက်လာတဲ့ ပြသနာရှိနေပြီး အဲဒီအပိုင်းကို ဖြေရှင်းနေတယ်လို့ သိရပါတယ်။ နေမာ၊ ဘတ်ပီ၊ မက်ဆီတိုက်စစ်အတွဲကို အားလုံးက စောင့်မျှော်နေကြပြီး လာမယ့်တစ်ပတ်မှာတော့ မြင်တွေ့ရဖွယ်ရှိပါတယ်။ 



က္က