ဘာကာကစားသမားဘဝ ပထမဆုံးသွင်းဂိုးဖြစ်လာခဲ့ပါတယ်။

ဒီပိုင်းရဲ့ ပထမဆုံးသော တရားဝင်သွင်းဂိုးလည်းဖြစ်ပြီး သူ့ရဲ့ခြေစွမ်းနဲ့ ဆမ်မာမီးစ်မှာ တစ်မှတ်ရအောင် ကူညီပေးနိုင်ခဲ့ကာ ကျေနပ်စရာရလဒ်တစ်ခုတော့ ဖြစ်ခဲ့ပါတယ်။


ဘာစီလိုနာကစားသမားသစ်မမ်ဖစ်ဒီပိုင်းဟာ ဘီလ်ဘာအိုနဲ့ပွဲမှာ အသင်းအတွက် ချေပဂိုးသွင်းယူပေးခဲ့ပြီး အသင်းကို ကယ်တင်ပေးနိုင်ခဲ့ပါတယ်။ ဘာစီလိုနာအတွက်တော့ ဒီပိုင်းရဲ့ ပထမဆုံးသော တရားဝင်သွင်းဂိုးလည်းဖြစ်ပြီး သူ့ရဲ့ခြေစွမ်းနဲ့ ဆမ်မာမီးစ်မှာ တစ်မှတ်ရအောင် ကူညီပေးနိုင်ခဲ့ကာ ကျေနပ်စရာရလဒ်တစ်ခုတော့ ဖြစ်ခဲ့ပါတယ်။

ဒုတိယပိုင်း မိနစ် ၅၀ မှာ ဘီလ်ဘာအိုက အဖွင့်ဂိုးသွင်းယူခဲ့ပြီး ဒီပိုင်းက ၇၅ မိနစ်မှာ ပြန်လည်ချေပခဲ့တာဖြစ်ပါတယ်။ ဘာစီလိုနာအတွက် ဘရိတ်ဝေ့တ်တစ်ယောက် အပိုင်ဂိုးကို အံ့အားသင့်ဖွယ်ရာလွဲချော်ခဲ့ပြီး ဒီပိုင်းရဲ့ ဖန်တီးပေးမှုကနေ ကန်သွင်းခဲ့ရာမှာ မိုးပေါ်ထောင်ကန်ခဲ့တာကြောင့် နစ်နာခဲ့ရပြီး ဘာကာတို့ ရုန်းကန်ခဲ့ရပြီး ဒီပိုင်းကြောင့်သာ သရေတစ်မှတ်ရခဲ့တာဖြစ်ပါတယ်။ 

အသင်းကွင်းလယ်က ပေးပို့ခဲ့မှုကို ဒီပိုင်းက ဘယ်ခြမ်းကနေ ဆွဲပြေးသွားခဲ့ပြီးနောက် ဂိုးဧရိယာထဲအရောက်မှာ ပြင်းထန်အားပါတဲ့ ဘယ်ခြေကန်ချက်နဲ့ သွင်းယူခဲ့တာဖြစ်ပါတယ်။ ဒီနောက်မှာ ဒီပိုင်းတစ်ယောက် အလားတူပုံစံမျိုးနဲ့ နောက်ထပ်တစ်ကြိမ်ဂိုးသွင်းခွင့်ရခဲ့ပေမယ့် တိုင်ဘေးက ကပ်ထွက်သွားခဲ့လို့ နစ်နာခဲ့ရပြီး အနိုင်သုံးမှတ်ကို လက်လွှတ်လိုက်ရတာလည်းဖြစ်ပါတယ်။ 

ပွဲအပြီးမှာတော့ ဒီပိုင်းရဲ့ ခြေစွမ်းကို အသင်းဖော်ဂရစ်မန်းက ချီးကျူးမှုတွေပြုလုပ်သွားခဲ့ပါတယ်။ "မမ်ဖစ်က ကြီးကျယ်တဲ့ကစားသမားတစ်ဦးပါ၊ ဒီလိုကစားသမားမျိုး အသင်းတိုက်စစ်ပိုင်းမှာရှိနေတာ တကယ်ကိုကျေနပ်ဖို့ကောင်းပါတယ်" လို့ ဂရစ်မန်းက ပြောဆိုခဲ့ပါတယ်။ ဒီပိုင်းဟာ ရာသီကြိုခြေစမ်းပွဲတွေမှာလည်း ခြေစွမ်းပြခဲ့သူဖြစ်ကာ အသင်းရဲ့အဓိကကစားသမားအဖြစ်ပါဝင်ခွင့်ရနေပြီး ရာသီအဖွင့်ပွဲတုန်းက ဖန်တီးမှုတစ်ကြိမ်ပြုလုပ်ပေးနိုင်ခဲ့ပါသေးတယ်။ 



က္က