အူဒီနီးနဲ့ပွဲမှာ အနိုင်ဂိုးသွင်းခဲ့ပေမယ့် လူကျွံနေခဲ့ပါတယ်။

ရော်နယ်ဒိုက ထုံးစံအတိုင်း အသင်းကို ကယ်တင်ပေးခဲ့ပြီးခါမှ လူကျွံနေခဲ့တယ်ဆိုတာကြောင့် အနိုင်ဂိုးကိုလက်လွှတ်လိုက်ရပြီး သူကိုယ်တိုင်လည်း အကျီချွတ်အောင်ပွဲခံခဲ့မှုကြောင့် အဝါကတ်အပြခံခဲ့ရပါတယ်။ 


ဂျူဗင်တပ်စ်တိုက်စစ်မှူးရော်နယ်ဒိုဟာ မနေ့က ကစားခဲ့တဲ့ အူဒီးနီးနဲ့ပွဲမှာ အသင်းအတွက် အနိုင်ဂိုးကို သွင်းယူခဲ့ပြီးခါမှ ပြန်လည်ပယ်ဖျက်ခံခဲ့ရမှုနဲ့ ရင်ဆိုင်သွားခဲ့ရပါတယ်။ တဖက်နှစ်ဂိုးစီနဲ့ သရေကျခဲ့တဲ့ပွဲမှာ ရော်နယ်ဒိုက နာကျင်အချိန်ပိုမှာ အနိုင်ဂိုးကို ခေါင်းတိုက်သွင်းယူခဲ့ပြီး ဂျူဗီတို့ အနိုင်ရပြီလို့ ထင်မှတ်ခဲ့ပြီးခါမှ VAR ကြောင့် ပယ်ဖျက်ခံခဲ့ရတာဖြစ်ပါတယ်။ 

အူဒီးနိးကစားသမားနဲ့အပြိုင် ရော်နယ်ဒိုက ခေါင်းခုန်တိုက်သွင်းယူခဲ့ပြီးနောက် အဖိုးတန်သွင်းဂိုးအတွက် အကျီချွတ်ပစ်တဲ့အထိ အောင်ပွဲခံသွားခဲ့ပါတယ်။ မိနစ် ၆၀ မှာမှ လူစားဝင်ကစားခွင့်ရရှိခဲ့တဲ့ ရော်နယ်ဒိုဟာ အနိုင်ဂိုးအတွက် တော်တော်လေးကို စိတ်ခံစားချက်ပြင်းပြင်းထန်ထန်နဲ့ အောင်ပွဲခံခဲ့ပြီးမှ VAR ကြောင့် စိတ်ပျက်ခဲ့ရပြီး အဝါကတ်ပြားပါ အပြခံလိုက်ရပါတော့တယ်။ 


ဒီဘာလာ၊ ကွာဒရာဒိုတို့ရဲ့ သွင်းဂိုးတွေကြောင့် ပွဲချိန် ၂၃ မိနစ်မှာပဲ ဂျူဗီက ၂ဂိုးပြတ်ဦးဆောင်နေခဲ့ပါတယ်။ ဒါပေမယ့် ဒုတိယပိုင်းမှာ ချေပဂိုးတွေ ပြန်လည်ခွင့်ပြုခဲ့ပြီး သရေတမှတ်နဲ့သာ ကျေနပ်ရတော့မယ့်အချိန်မှာ ရော်နယ်ဒိုက ထုံးစံအတိုင်း အသင်းကို ကယ်တင်ပေးခဲ့ပြီးခါမှ လူကျွံနေခဲ့တယ်ဆိုတာကြောင့် အနိုင်ဂိုးကိုလက်လွှတ်လိုက်ရပြီး သူကိုယ်တိုင်လည်း အကျီချွတ်အောင်ပွဲခံခဲ့မှုကြောင့် အဝါကတ်အပြခံခဲ့ရပါတယ်။ 

အသက် ၃၆ နှစ်အရွယ် ကစားသမားဟာ အရန်ကစားသမားအဖြစ်နဲ့သာ ပါဝင်ခွင့်ရရှိခဲ့တာဖြစ်ပါတယ်။ အရန်ခုံတန်းပေါ်မှာ ရော်နယ်ဒိုကို စိတ်ပျက်လက်ပျက်ဖြစ်နေဟန်နဲ့ မြင်တွေ့ခဲ့ရပြီး ဒီပွဲရဲ့ ပွဲထွက်လူစာရင်းမှာ သူ့ကိုမထည့်သွင်းဖို့အတွက်လည်း နည်းပြကို တောင်းဆိုခဲ့တယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်နေပါတယ်။


စျေးကွက်မပိတ်မသိမ်းချင်း ရော်နယ်ဒိုရဲ့ အပြောင်းအရွှေ့က ဖြစ်လာနိုင်သေးတယ်လို့ Transfer Live News က ဖော်ပြထားပါတယ်။ 



က္က