ရေဗူးတွေနဲ့လည်း အပြန်အလှန်ပစ်ပေါက်ခဲ့ပါတယ်။

မာဆေးလ်ကစားသမား ပါယက်ကို ပရိသတ်တွေက ရေသန့်ဗူးနဲ့ ပစ်ပေါက်ခဲ့ရာကနေ အကျည်းတန်ရုပ်ဆိုးတဲ့ ပွဲစဉ်ဖြစ်ပေါ်လာခဲ့ပြီး တာဝန်ရှိသူတွေနဲ့ လုံခြုံရေးတွေ ၀ိုင်းဝန်းထိန်းသိမ်းသွားခဲ့ရပါတယ်။ 


မနေ့က ကစားခဲ့တဲ့ နိုက်စ် နဲ့ မာဆေးလ်အသင်းတို့ရဲ့ ပွဲစဉ်ဟာ မာဆေးလ်ကစားသမားတွေနဲ့ နိုက်စ်အသင်းပရိသတ်တွေကြား ခိုက်ရန်ဖြစ်ပွားမှုတွေရှိခဲ့တာကြောင့် ပွဲကိုဖျက်သိမ်းလိုက်ရပါတယ်။ နိုက်စ်က ၁-၀ နဲ့ အနိုင်ရရှိနေချိန်ဖြစ်ပြီး မာဆေးလ်ကစားသမား ပါယက်ကို ပရိသတ်တွေက ရေသန့်ဗူးနဲ့ ပစ်ပေါက်ခဲ့ရာကနေ အကျည်းတန်ရုပ်ဆိုးတဲ့ ပွဲစဉ်ဖြစ်ပေါ်လာခဲ့ပြီး တာဝန်ရှိသူတွေနဲ့ လုံခြုံရေးတွေ ၀ိုင်းဝန်းထိန်းသိမ်းသွားခဲ့ရပါတယ်။ 

ထောင့်ကန်ဘောကန်တင်ဖို့အတွက် ပါယက်ကသွားရောက်နေချိန်မှာ ရေဗူးနဲ့ပစ်ပေါက်ခံခဲ့ရတာဖြစ်ပြီး အပြန်အလှန်စကားများမှုတွေစတင်ခဲ့ပါတယ်။ ပရိသတ်တွေရဲ့ အော်ဟစ်လှောင်ပြောင်မှုနဲ့ ပစ်ပေါက်မှုတွေကို သည်းမခံနိုင်တဲ့အဆုံးမှာ ပါယက်က ရေဗူးကိုကောက်ယူပြီး ပြန်ပစ်ပေါက်ခဲ့လို့ ပွဲကြမ်းခဲ့ပြီး အခြားသောမာဆေးလ်အသင်းဖော်တွေလည်းပါဝင်လာခဲ့ပါတယ်။ အာဆင်နယ်ကစားသမားဟောင်းဂွမ်ဒူဇီလည်း ပါဝင်ခဲ့တာကို တွေ့ခဲ့ရပြီး ပရိသတ်တွေနဲ့ အပြန်အလှန်ပစ်ပေါက်နေခဲ့ကြပါတယ်။

နိုက်စ်ကစားသမားတွေက ပရိသတ်တွေကို ထိန်းသိမ်းပြောဆိုခဲ့ပေမယ့် ထိန်းမနိုင်သိမ်းမရဖြစ်ခဲ့သလို ကစားသမားအချင်းချင်းလည်း အချေအတင်တွေဖြစ်ခဲ့ကြပါတယ်။ ဒီနောက်မှာ ပရိသတ်တွေက ကွင်းအတွင်းကို ဝင်ရောက်ကာ ရန်ပြုဖို့ကြိုးစားခဲ့လို့ လုံခြုံရေးတွေ တားဆီးခဲ့ကြပါတယ်။

အခြေအနေတွေက ပိုမိုဆိုးရွားလာတဲ့နောက် ကစားသမားတွေကို အဝတ်လဲခန်းထဲ ဝင်ခိုင်းခဲ့ရပြီး မာဆေးလ်ကစားသမားတွေက လုံခြုံရေးအခြေအနေကြောင့် ထပ်ကစားဖို့ ငြင်းဆန်ခဲ့လို့ ပွဲကိုဖျက်သိမ်းခဲ့ရပါတယ်။ 

နိုက်စ်အသင်းဥက္ကဌဖြစ်သူကတော့ မာဆေးလ်ကစားသမားတွေရဲ့ အပြူအမူအပေါ် အပြစ်တင်ခဲ့ပါတယ်။ အထူးသဖြင့် အယ်လ်ဗာရိုဂွန်ဇာလက်ဇ် နဲ့ ဂွမ်ဒူဇီတို့က ပရိသတ်တွေကို ထိပ်တိုက်သွားတွေ့ခဲ့ကြတဲ့အပေါ် ထောက်ပြဝေဖန်ခဲ့ပြီး ပြန်ကန်ဖို့ငြင်းဆိုခဲ့တာကိုလည်း နားမလည်ဘူးလို့ ပြောဆိုခဲ့ပါတယ်။


ဂွန်ဇာလက်ဇ်နဲ့ ဂွမ်ဒူဇီတို့ရဲ့ လည်ပင်းတွေမှာ ထိခိုက်ဒဏ်ရာအနည်းငယ်ရရှိခဲ့တယ်လို့ သိရပြီး စည်းမျဉ်းတွေအရဆိုရင်တော့ နိုက်စ်က ၃-၀ နဲ့ အနိုင်ရလိမ့်မယ်လို့ Goal.com က ဖော်ပြခဲ့ပြီး မာဆေးလ်ဘက်က ကန့်ကွက်ဖို့ရှိနေတယ်လို့ သိရပါတယ်။ 



က္က