တယောက်နဲ့တယောက်ပြောတာတွေက ဆန့်ကျင်ဖက်တွေဖြစ်နေခဲ့ကြပါတယ်။

နည်းပြနဲ့ အသင်းဒုဥက္ကဌကြားပြောဆိုမှုတွေဟာ လွဲချော်နေပြီး ရော်နယ်ဒိုရဲ့ အနာဂတ်ကတော့ ပိုပြီးစိတ်ဝင်စားဖို့ကောင်းလာခဲ့ပါတယ်။


အူဒီးနီးစ်နဲ့ပွဲလူစာရင်းမှာ သူ့ကိုမထည့်သွင်းဖို့အတွက် ရော်နယ်ဒိုက တောင်းဆိုခဲ့တယ်လို့ သတင်းတွေထွက်ပေါ်ခဲ့ပြီးနောက် ဂျူဗီနည်းပြအယ်လီဂရီက ရော်နယ်ဒိုဟာ အသင်းအတွက် ကစားပေးဖို့ ကြံ့ခိုင်မှုအပြည့်အဝရှိတယ်လို့ ပြောဆိုလိုက်ပါတယ်။ တချိန်တည်းမှာပဲ ဂျူဗီဒုဥက္ကဌနက်ဗက် အခုလိုမပါဝင်ခဲ့တာဟာ ကစားသမားနဲ့ သူတို့တွေအတူတူဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့ ပြောဆိုခဲ့ပြီး သူတို့နှစ်ဦးကြား ပြောစကားတွေက ဆန့်ကျင်နေခဲ့ပါတယ်။ 

ဂျူဗီဟာ ဒီဘာလာ နဲ့ ကွာဒရာဒိုတို့ရဲ့ သွင်းဂိုးတွေနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ဒုတိယပိုင်းမှာ ချေပဂိုးတွေဆက်တိုက်ပြန်ပေးခဲ့ရတာဖြစ်ပါတယ်။ နာကျင်အချိန်ပိုမှာ မိနစ် ၆ဝမှသာလူစားဝင်ကစားပေးခဲ့တဲ့ ရော်နယ်ဒိုက လှပတဲ့ခေါင်းတိုက်ချက်နဲ့ ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ ဒါပေမယ့် VAR နဲ့ ပြန်လည်ကြည့်ရှုခဲ့ပြီးနောက် လူကျွံဘောအဖြစ် သတ်မှတ်ခံခဲ့ရလို့ နစ်နာခဲ့ရကာ ပေါ်တူဂီတိုက်စစ်မှူးအတွက်တော့ စိတ်ပျက်စရာဖြစ်ခဲ့ရပါတယ်။ 

Sky Sport Italia က ရော်နယ်ဒိုမပါဝင်ခဲ့မှုဟာ နည်းစနစ်ပိုင်းဆိုင်ရာရွေးချယ်မှုထက် ကစားသမားကိုယ်တိုင်က တောင်းဆိုခဲ့တာဖြစ်တယ်လို့ ဖော်ပြခဲ့ပါတယ်။ ဂျူဗီနည်းပြအယ်လီဂရီကတော့ "ရော်နယ်ဒိုက ပါဝင်ကစားဖို့အတွက် ကြံ့ခိုင်မှုပြည့်ဝခဲ့ပါတယ်၊ ပွဲမတိုင်ခင်မှာ သူနဲ့ ကျွန်တော်တို့ စကားပြောဆိုခဲ့ကြပြီးတော့ သူ့ကိုအရန်ခုံမှာထားဖို့ပဲ ဆုံးဖြတ်ခဲ့ပါတယ်၊ ရော်နယ်ဒိုကို အသင့်လုပ်ထားဖို့ ကျွန်တော်ပြောခဲ့ပြီး သူကလည်း ဒုတိယပိုင်းအတွက် အသင့်ဖြစ်နေခဲ့ပါတယ်" လို့ ပြန်လည်ဖြေရှင်းခဲ့ပါတယ်။
ဒါပေမယ့်လည်း ပေဗယ်နက်ဗက်ကတော့ "ရော်နယ်ဒိုနဲ့အတူ ကျွန်တော်တို့ဆုံးဖြတ်ခဲ့တာပါ၊ ဒါက ပုံမှန်ပါပဲ။ ရော်နယ်ဒိုက အသင်းမှာ ရာနှုန်းပြည့်ဆက်ရှိနေမှာပါ၊ အရေးမပါတဲ့အရာတွေကို လိုက်မစဉ်းစားကြပါနဲ့၊ နည်းပြနဲ့အတူ ကျွန်တော်တို့ပူးပေါင်းပြီးဆုံးဖြတ်ခဲ့တာပါ၊ ဘာလို့လဲဆိုတော့ ရာသီအစဖြစ်နေပြီးတော့ ရော်နယ်ဒိုကလည်း ကြံ့ခိုင်မှုအပြည့်အဝမရှိခဲ့ပါဘူး" လို့ ပြောခဲ့ကြောင်း Mirror က ဆိုပါတယ်။

နည်းပြနဲ့ အသင်းဒုဥက္ကဌကြားပြောဆိုမှုတွေဟာ လွဲချော်နေပြီး ရော်နယ်ဒိုရဲ့ အနာဂတ်ကတော့ ပိုပြီးစိတ်ဝင်စားဖို့ကောင်းလာခဲ့ပါတယ်။ ဒီနေ့မှာပဲ ရော်နယ်ဒိုဟာ အပြောင်းအရွှေ့အတွက် လုပ်ဆောင်မှုတွေရှိမယ်ဆိုတဲ့ သတင်းတွေလည်း ထွက်နေပါတယ်။ 



က္က