ရော်နယ်ဒိုအတွက် ခံပြင်းစရာ အပြောအဆိုခံရတာမျိုးဖြစ်လာခဲ့ပါတယ်။

ပေါ်တူဂီတိုက်စစ်မှူးဟာ အသင်းတွင်းအဆင်မပြေဖြစ်နေပြီး အူဒီးနီးနဲ့ပွဲမှာ အရန်ကစားသမားအဖြစ်နဲ့သာ ပါဝင်ခဲ့ပါတယ်။


ဂျူဗင်တပ်စ်အသင်းဥက္ကဌဟောင်းဂျီယိုဗန်နီကိုဘိုလီဂီဂလီက ဂျူဗီအနေနဲ့ စီးရီးအေဖလားကို ပြန်လည်ရယူလိုပါက စျေးကွက်မပိတ်ခင်မှာ ရော်နယ်ဒိုကို ရောင်းချသင့်တယ်လို့ ပြောဆိုလိုက်ပါတယ်။ ရော်နယ်ဒိုဟာ ၂၀၁၈-၁၉ မှာ ရီးရဲလ်ကနေ ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး ပြီးခဲ့တဲ့ ၃ နှစ်ဆက်တိုက် အသင်းရဲ့ ထိပ်တန်းဂိုးသွင်းရှင်ဖြစ်ခဲ့ကာ စီးရီးအေဖလားကို ၂နှစ်ဆက်တိုက်ရရှိခဲ့ပါတယ်။

လက်ရှိမှာ ရော်နယ်ဒိုက စာချုပ်သက်တမ်းနောက်ဆုံးနှစ်ကို ရောက်ရှိနေပြီဖြစ်ပြီး စာချုပ်သစ်ချုပ်ဆိုထားခြင်းမရှိသေးသူဖြစ်ပါတယ်။ ပေါ်တူဂီတိုက်စစ်မှူးဟာ အသင်းတွင်းအဆင်မပြေဖြစ်နေပြီး အူဒီးနီးနဲ့ပွဲမှာ အရန်ကစားသမားအဖြစ်နဲ့သာ ပါဝင်ခဲ့ပါတယ်။ အသက် ၃၆ နှစ် အရွယ်ရှိပြီဖြစ်တဲ့ ရော်နယ်ဒိုကို မန်စီးတီးနဲ့ ပီအက်စ်ဂျီတို့က ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့လည်း သိရပါတယ်။ 

၂၀၀၆ ကနေ ၂၀၀၉ အထိ ဂျူဗီဥက္ကဌအဖြစ် တာဝန်ယူခဲ့တဲ့ ဂီဂလီက "သူက ကြီးကျယ်ခမ်းနားတဲ့ကစားသမားပါ၊ ဒါပေမယ့်လည်း ကျွန်တော်ရိုးရိုးသားသားပြောမယ်နော်၊ သူ မြန်မြန်ထွက်သွားလေကောင်းလေပဲ၊ အဲဒါက ဂျူဗီအတွက် ပိုပြီးတော့ကောင်းပါတယ်၊ အယ်လီဂရီအနေနဲ့လည်း အူဒီးနီးနဲ့ပွဲမှာ သူ့ကိုအသုံးပြုခဲ့သလိုမျိုး ဘယ်လိုဆက်လုပ်ရမလဲ သိမယ်လို့ မျှော်လင့်ပါတယ်၊ ရော်နယ်ဒိုက ဂျူဗီတိုက်စစ်အတွက်အဟန့်အတားဖြစ်နေပါတယ်"

"သူမရှိတော့ဘူးဆိုရင် သူတို့အသင်းတိုက်စစ်ပိုင်းက စုပေါင်းအင်အားနဲ့ အရမ်းကောငး်တဲ့အရာတွေကို လုပ်နိုင်ပါတယ်" လို့ ပြောဆိုခဲ့ကြောင်း Goal.com က ဖော်ပြခဲ့ပါတယ်။ လက်ရှိမှာလည်း ရော်နယ်ဒိုဟာ မန်စီးတီးနဲ့ ချိတ်ဆက်နေတယ်လို့ သတင်းတွေထွက်ပေါ်နေပြီး သူ့ရဲ့အနာဂတ်က လှုပ်ခတ်နေကာ အပြောင်းအရွှေ့စျေးကွက်နောက်ဆုံးနေ့ရက်အထိ စောင့်ကြည့်ရဖို့ရှိနေပါတယ်။ 



က္က