နိုက်စ်ပရိသတ်တွေနဲ့ဖြစ်ပွားခဲ့တဲ့ ရန်ပွဲအပြီးမှာ ဒဏ်ရာရခဲ့တာပါ။

ဒီမီထရီပါယက်နဲ့ နိုက်စ်ပရိသတ်တွေစတင်ဖြစ်ပွားခဲ့မှုမှာ ဂွမ်ဒူဇီက အသင်းဖော်ဘက်ကနေ ပါဝင်ရပ်တည်ပေးခဲ့ပြီး အရှုပ်အထွေးကြားထဲမှာ သူပါရှိနေခဲ့ပါတယ်။ 


နိုက်စ်ပရိသတ်တွေနဲ့ဖြစ်ပွားခဲ့တဲ့ ရန်ပွဲအပြီး လည်ပင်းမှာ ထိခိုက်ဒဏ်ရာတွေရရှိခဲ့တယ်ဆိုတာကို တွစ်တာမှာ ဓာတ်ပုံတွေနဲ့ ဖော်ပြခဲ့တဲ့နောက် မာဆေးလ်ကွင်းလယ်လူဂွမ်ဒူဇီဟာ သက်သေအတုတွေကိုဖန်တိးကာ လိမ်ညာခဲ့တယ်လို့ စွပ်စွဲခံနေရပါတယ်။ ဒီမီထရီပါယက်နဲ့ နိုက်စ်ပရိသတ်တွေစတင်ဖြစ်ပွားခဲ့မှုမှာ ဂွမ်ဒူဇီက အသင်းဖော်ဘက်ကနေ ပါဝင်ရပ်တည်ပေးခဲ့ပြီး အရှုပ်အထွေးကြားထဲမှာ သူပါရှိနေခဲ့ပါတယ်။ 

နိုက်စ်ပရိသတ်တွေကို ဂွမ်ဒူဇီက ထိပ်တိုက်ရင်ဆိုင်ခဲ့တာဖြစ်ပြီး အရုပ်ဆိုးအကျည်းတန်တဲ့ ရန်ပွဲထဲမှာ အဓိကနေရာက ပါဝင်ခဲ့တဲ့ နောက်ထပ်တစ်ဦးလည်းဖြစ်ပါတယ်။ အားလုံးပြီးဆုံးခဲ့ချိန်မှာတော့ ဂွမ်ဒူဇီက သူ့လည်ပင်းမှာ ဒဏ်ရာရရှိခဲ့တာကို ပြသခဲ့ပြီး အခြားအသင်းဖော်ဂွန်ဇာလက်ဇ်လည်း လည်ပင်းမှာ ထိခိုက်မှုတွေရှိခဲ့တာကို တွေ့မြင်ခဲ့ပါတယ်။

နိုက်စ်အသင်းဥက္ကဌ Jean-Pierre ကတော့ ဒါဟာ လိမ်လည်ပြီး သက်သေအတုတွေလုပ်တာလို့ ပြောဆိုခဲ့ပါတယ်။ "နေရာတိုင်းမှာရှိနေတဲ့ ဓာတ်ပုံတွေလွဲပြီး မာဆေးလ်ကစားသမားတွေအပေါ်မှာ အကြမ်းဖက်မှုမရှိခဲ့ပါဘူး၊ ဒါနဲ့ ဂွမ်ဒူဇီ၊ သူက ဓာတ်ပုံတွေနဲ့ သက်သေပြခဲ့ပါတယ်၊ ကွင်းထဲမှာတုန်းက သူ့လည်ပင်းမှာ ဘာမှမရှိပါဘူး" လို့ L'Equipe ကို ပြောဆိုသွားခဲ့ပါတယ်။

အဆိုပါပွဲမှာတော့ ပွဲကစားချိန် ၇၄ မိနစ်မှာ ထောင့်ကန်ဘောကန်တင်ဖို့အတွက် ပါယက်က ပြင်ဆင်နေချိန်မှာ နိုက်စ်ပရိသတ်တွေက ရေဗူးတွေနဲ့ စတင်ပစ်ပေါက်ခဲ့တာဖြစ်ပါတယ်။ ပါယက်ကလည်း ပြန်လည်ပစ်ပေါက်ခဲ့တဲ့နောက် နှစ်ဖက်ကြားမှာ အချင်းများမှုတွေစတင်ခဲ့ပြီး ဂွမ်ဒူဇီလည်း ပါဝင်လာခဲ့ကာ ပရိသတ်တွေက ကွင်းထဲဝင်ရောက်ဖို့ကြိုးစားခဲ့ပြီး ၀ိုင်းဝန်းဟန့်တားခဲ့ပေမယ့် ရုန်းရင်းဆန်ခတ်မှုတွေ ထိန်းမရအောင်ဖြစ်ပွားခဲ့ပါတယ်။ 



က္က