စာချုပ်ပါလျော်ကြေးတန်ဖိုး နည်းပါးသွားမှာဖြစ်ပါတယ်။

နော်ဝေတိုက်စစ်မှူးဟာ ဂျာမန်ကလပ်အတွက် ပြီးခဲ့တဲ့ရာသီမှာ ၄၁ ပွဲကစားပြီး ၄၁ ဂိုးအထိ သွင်းယူပေးခဲ့ကာ ချယ်လ်ဆီး၊ မန်စီးတီး၊ ရီးရဲလ်တို့က စိတ်ဝင်စားခဲ့ကြပါတယ်။


နောက်နှစ်နွေရာသီရောက်ချိန်မှာ စာချုပ်လျော်ကြေးတန်ဖိုး ပေါင် ၆၄ သန်းသာရှိတော့မယ့် ဒေါ့မွန်တိုက်စစ်မှူးဟာလန်းကို ခေါ်ယူနိုင်ဖို့ ယူနိုက်တက် ရေပန်းစားနေတယ်လို့ သိရပါတယ်။ နော်ဝေတိုက်စစ်မှူးဟာ ဂျာမန်ကလပ်အတွက် ပြီးခဲ့တဲ့ရာသီမှာ ၄၁ ပွဲကစားပြီး ၄၁ ဂိုးအထိ သွင်းယူပေးခဲ့ကာ ချယ်လ်ဆီး၊ မန်စီးတီး၊ ရီးရဲလ်တို့က စိတ်ဝင်စားခဲ့ကြပါတယ်။

ချယ်လ်ဆီးဟာ ဟာလန်းအတွက် ဒီရာသီမှာ ကမ်းလှမ်းမှုတွေပြုလုပ်ခဲ့ပေမယ့်လည်း ဒေါ့မွန်တောင်းဆိုထားတဲ့ ပေါင်သန်း ၁၅၀ ဆိုတဲ့ တန်ဖိုးကိုတော့ ပေးချေဖို့ အဆင်မပြေခဲ့ဘူးလို့ ဆိုပါတယ်။ ဂျာမနီသတင်းစာ Bild ရဲ့ ဖော်ပြချက်အရဆိုရင် ဆိုးလ်ရှားက ဟာလန်းရဲ့ စာချုပ်လျော်ကြေးတန်ဖိုး နည်းပါးသွားမယ့်အချိန်ကို စောင့်ဆိုင်းနေတယ်လို့ သိရပါတယ်။ 

ဟာလန်းရဲ့အေးဂျင့် ရွိုင်အိုလာဟာ ယူနိုက်တက်နဲ့ အပြောင်းအရွှေ့များစွာကို ပြုလုပ်ဖူးသူဖြစ်ပါတယ်။ ပေါ့ဂ်ဘာ၊ ဇလာတန်၊ မစ်ခီတာရန်တို့ကို ယူနိုက်တက်ဆီ ပို့ပေးခဲ့သူဖြစ်ပါတယ်။ ဒါ့အပြင် ယူနိုက်တက်ဟာ မစ်ခီတာရန်၊ ရှင်ဂျီကာဂါ၀ါနဲ့ အခုအခါမှာ ဆန်ချိုတို့ကို ဒေါ့မွန်ကနေ ခေါ်ယူခဲ့ပြီး အသင်းနှစ်သင်းကြား ရင်းနှီးတဲ့ဆက်ဆံရေးတွေရှိနေတာက အားသာချက်အဖြစ်ရှိနေတယ်လို့ Bild က သုံးသပ်ခဲ့ပါတယ်။ 

ဟာလန်းကတော့ လက်ရှိကမ္ဘာ့အကောင်းဆုံးတိုက်စစ်မှူးတွေထဲက တစ်ဦးအဖြစ် သတ်မှတ်ခံထားရသူဖြစ်ပါတယ်။ ဒေါ့မွန်မှာလည်း အသက်အရွယ်နဲ့မလိုက်ဖက်အောင် ခြေစွမ်းပြသနိုင်ခဲ့ပြီး လီဝန်ဒေါစကီးလိုတိုက်စစ်မှူးမျိုးနဲ့ ရွှေဖိနပ်ဆုအတွက် သူတင်ကိုယ်တင်ယှဉ်ပြိုင်ခဲ့သူဖြစ်ပါတယ်။ ဒေါ့မွန်အနေနဲ့လည်း ဟာလန်းကိုထိန်းသိမ်းထားဖို့ ခက်ခဲမယ်ဆိုတာကို နားလည်ထားပြီး လာမယ့်ရာသီမှာ စျေးနှုန်းအမြင့်ဆုံးပေးမယ့် အသင်းဆီ ရောင်းထုတ်သွားဖွယ်ရှိနေပါတယ်။



က္က