နာရီဝက်ကျော် လူတစ်ယောက်အသာနဲ့ ကစားခဲ့ရပါသေးတယ်။

ပွဲကစားချိန် မိနစ် (၃၀)လောက်ကို လူတစ်ယောက်အသာစီးနဲ့ ကစားခဲ့ရပေမယ့်လည်း ဘရာဇီးလ်ကတော့ ပါရာဂွေးကို ဂိုးမသွင်းနိုင်ခဲ့ပါဘူး။


ဒီနေ့မနက်က ကစားခဲ့တဲ့ ကိုပါအမေရိကဖလား ကွာတားဖိုင်နယ်ပွဲစဉ်မှာ အိမ်ရှင်ဘရာဇီးလ်ဟာ ပါရာဂွေးကို သာမာန်ပွဲချိန်အတွင်း အနိုင်မယူနိုင်ခဲ့ပဲ ပယ်နယ်တီအဆုံးအဖြတ်နဲ့သာ အနိုင်ကစားနိုင်ခဲ့ပါတယ်။ ပွဲကစားချိန် မိနစ် (၃၀)လောက်ကို လူတစ်ယောက်အသာစီးနဲ့ ကစားခဲ့ရပေမယ့်လည်း ဘရာဇီးလ်ကတော့ ပါရာဂွေးကို ဂိုးမသွင်းနိုင်ခဲ့ပါဘူး။



ဒဏ်ရာကြောင့် ရစ်ချာလီဆန် မပါဝင်ခဲ့ပေမယ့် ဖာမီနို၊ ဂျီးဆပ်၊ ကော်တင်ဟို နဲ့ အယ်ဗာတန်တို့က ဘရာဇီးလ်တိုက်စစ်ပိုင်းကို တာဝန်ယူခဲ့ပါတယ်။ ကွင်းလယ်ပိုင်းမှာ ကက်စ်မဲရိုးက ပွဲပယ်ခံထားရပြီး ဖာနန်ဒင်ဟိုကလည်း ဒဏ်ရာရနေခဲ့လို့ အယ်လန်နဲ့ အာသာတို့ ပွဲထွက်ခဲ့ရကာ ဘရာဇီးလ်ကွင်းလယ်ပိုင်းက ဖန်တီးပေးနိုင်မှုပိုင်းမှာ အားနည်းခဲ့ရပါတယ်။

ပါရာဂွေးကတော့ ဘရာဇီးလ်ကို ခုခံကစားနိုင်ဖို့ ၄-၄-၁-၁ ပုံစံနဲ့ ကစားခဲ့ပါတယ်။ ဘရာဇီးလ်အနေနဲ့ ခြေစွမ်းပိုင်းအရ သာလွန်ခဲ့ပေမယ့်လည်း ဂိုးကန်သွင်းခွင့်တွေကို အသုံးမချနိုင်ခဲ့သလို ပါရာဂွေးနောက်တန်း နဲ့ ဂိုးသမားတို့ အကောင်းဆုံးဟန့်တားနိုင်ခဲ့လို့ ဂိုးရဖို့ ခက်ခဲနေခဲ့ရပါတယ်။ ဒုတိယပိုင်း (၅၈)မိနစ်မှာ ပါရာဂွေးက ဗယ်ဘွေနာ တိုက်ရိုက်အနီကတ်ပြ ထုတ်ပယ်ခံခဲ့ရပြီး နှစ်သင်းပေါင်း အဝါကတ် (၆)ကြိမ်ထိ ပြသခံခဲ့ရပါတယ်။

နာရီဝက်နီးပါး တစ်ယောက်အသာနဲ့ ကစားနိုင်ခဲ့ပေမယ့် ဘရာဇီးလ်တို့ ဂိုးမသွင်းနိုင်ခဲ့လို့ ပယ်နယ်တီအဆုံးအဖြတ်အထိ ရောက်ရှိခဲ့ပါတယ်။ ပယ်နယ်တီအဆုံးအဖြတ်မှာလည်း စိတ်လှုပ်ရှားစရာတွေ ဖြစ်ခဲ့ရပြီး (၅)ကြိမ်စီ အပြည့်အဝကန်သွင်းခဲ့ရပါတယ်။

ပါရာဂွေးဘက်က ဂူစတာဗို ဂိုမက်ဇ်နဲ့ ဒါလစ်ဂွန်ဇာလက်ဇ်တို့ လွဲချော်ခဲ့ပြီး ဘရာဇီးလ်ဘက်က ဖာမီနီုတစ်ဦးတည်း လွဲချော်ခဲ့ကာ ၄-၃ နဲ့ အနိုင်ရပြီး ဘရာဇီးလ်တို့ ဆီမီးဖိုင်နယ်ကို တက်ရောက်သွားခဲ့ပါတယ်။ ဘရာဇီးလ်ဂိုးသမား အယ်လစ်ဆန်ကတော့ အရေးပါတဲ့ ပယ်နယ်တီကာကွယ်မှုကို ပြုလုပ်နိုင်ခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က