ပွဲအပြီးမှာ ဖြစ်ပေါ်ခဲ့တဲ့ စံချိန်မှတ်တမ်းတွေဖြစ်ပါတယ်။

ပါရာဂွေးနဲ့ အာဂျင်တီးနားတို့ ပွဲစဉ်အပြီးမှာ ထူးခြားတဲ့ မှတ်တမ်းတွေလည်း ထွက်ပေါ်လာခဲ့တာကို Opta Javier ရဲ့ တွစ်တာမှာ ဖော်ပြချက်အရ တွေ့ရပါတယ်။


ဒီနေ့မနက်ပိုင်းက ကစားခဲ့တဲ့ အာဂျင်တီးနား နဲ့ ပါရာဂွေးတို့ရဲ့ ပွဲစဉ်ဟာ တစ်ဖက်တစ်ဂိုးစီနဲ့ သရေပွဲဖြစ်ခဲ့ပါတယ်။ အာဂျင်တီးနားအတွက် စိုးရိမ်ရေမှတ်ကို ရောက်ရှိခဲ့ရပြီး ကာတာကို အနိုင်ကစားနိုင်မှသာ နောက်တဆင့်ကိုတက်ရောက်ဖို့ မျှော်လင့်နိုင်မှာ ဖြစ်ပါတယ်။ ပါရာဂွေးကတော့ အုပ်စုက တက်ရောက်ထားနိုင်ပြီးဖြစ်တဲ့ ကိုလံဘီယာနဲ့ ရင်ဆိုင်ရမှာလည်း ဖြစ်ပါတယ်။



ဒီအုပ်စု (ခ)မှာ အာဂျင်တီးနား၊ ပါရာဂွေး နဲ့ ကာတာ (၃)သင်းစလုံးက နောက်တဆင့်ကို တက်ရောက်နိုင်ဖို့ မျှော်လင့်နိုင်သေးတာ ဖြစ်ပါတယ်။ ပါရာဂွေးနဲ့ အာဂျင်တီးနားတို့ ပွဲစဉ်အပြီးမှာ ထူးခြားတဲ့ မှတ်တမ်းတွေလည်း ထွက်ပေါ်လာခဲ့တာကို Opta Javier ရဲ့ တွစ်တာမှာ ဖော်ပြချက်အရ တွေ့ရပါတယ်။ အဲဒီမှတ်တမ်းတွေကို ဖော်ပြပေးရမယ်ဆိုရင်တော့ အာဂျင်တီးနားဂိုးသမား အာမန်နီဟာ ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားနဲ့ အခုကိုပါပြိုင်ပွဲမှာ ပထမဆုံးကန်သွင်းခွင့်ပြုခဲ့ရတဲ့ ကန်သွင်းချက် (၁၀)ကြိမ်မှာ (၈)ကြိမ်အထိ ဂိုးပေးခဲ့ရပြီ ဖြစ်ပါတယ်။

ပါရာဂွေးအတွက် ဂိုးဖန်တီးမှုပြုလုပ်ပေးခဲ့တဲ့ မီဂွယ်အယ်လ်မီရွန်ဟာ ဒီပြိုင်ပွဲမှာ သူ့အတွက် ဒုတိယမြောက်ဂိုးဖန်တီးမှုကို ပြုလုပ်ပေးနိုင်ခဲ့တာဖြစ်ပါတယ်။ ဒါဟာ ပြီးခဲ့တဲ့ ကိုပါပြိုင်ပွဲသမိုင်းမှာ အယ်လ်မီရွန်ထက် ပြိုင်ပွဲတစ်ခုမှာ ဂိုးဖန်တီးမှု ပိုမိုများပြားတဲ့ ကစားသမားအဖြစ် ၂၀၀၇ ပြိုင်ပွဲမှာ (၃)ကြိမ်ဖန်တီးပေးခဲ့တဲ့ အက်ဒ်ဂါဘာရက်တိုတစ်ဦးတည်းသာ ရှိတော့တာလည်း ဖြစ်ပါတယ်။

ဒီနေ့ပွဲမှာ နှစ်သင်းစလုံးရဲ့ ပထမဆုံးဂိုးကန်သွင်းချက်ကို ပွဲကစားချိန် (၂၉)မိနစ်မှသာ စတင်ပြုလုပ်နိုင်ခဲ့ပြီး ပါရာဂွေးကစားသမား ဂွန်ဇာလက်ဇ်က ကန်သွင်းခဲ့တာပါ။ ဒါဟာ နောက်ဆုံးကစားခဲ့တဲ့ ကိုပါအမေရိကဖလားပြိုင်ပွဲ (၄)ကြိမ်မှာ ဂိုးကန်သွင်းခွင့်ရဖို့ အချိန်အကြာဆုံးပွဲလည်း ဖြစ်ခဲ့ပါတယ်။ အာဂျင်တီးနားအတွက် ပယ်နယ်တီကတဆင့် သွင်းယူခဲ့တဲ့ မက်ဆီရဲ့ သွင်းဂိုးကလည်း ထူးခြားမှတ်တမ်းဝင်ခဲ့ပါတယ်။

မက်ဆီဟာ ပါရာဂွေးနဲ့ တွေ့ဆုံမှုစုစုပေါင်းမှာ (၅)ဂိုးအထိ သွင်းယူနိုင်ခဲ့ပြီး အဆိုပါ (၅)ဂိုးစလုံးကို တည်ကန်ဘောတွေကတဆင့် ရရှိခဲ့တာ ဖြစ်ပါတယ်။ အဆိုပါ (၅)ဂိုးမှာမှ (၄)ဂိုးဟာ ပယ်နယ်တီက ရရှိခဲ့တာဖြစ်ပြီး တစ်ဂိုးကတော့ ဖရီးကစ်ကတဆင့် သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။ ဒီပွဲမှာ တစ်ဖက်ကို တစ်ကြိမ်စီ ပယ်နယ်တီရရှိခဲ့ပြီးနောက် ဒီနှစ်ပြိုင်ပွဲမှာ (၁၀)ပွဲကစားအပြီး ပယ်နယ်တီရရှိမှုစုစုပေါင်း (၅)ကြိမ်အထိ ရှိလာခဲ့ပါတယ်။ ဒါဟာ ၂၀၁၆ ပြိုင်ပွဲတစ်ခုလုံးမှာမှ ရရှိခဲ့တဲ့ (၃၂)ပွဲကစားအပြီး ပယ်နယ်တီ (၄)ကြိမ်ထက် တစ်ကြိမ်ပိုမိုများပြားနေပြီလည်း ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က