တနင်္ဂနွေနေ့မှာပဲ သတင်းထုတ်ပြန်ခဲ့တာပါ။
Kyaw Ko Ko Sint

မူလပွဲတွေကွင်းပိတ်ကစားစေရာမှ တနင်္ဂနွေနေ့မှာ ပွဲရွှေ့ဖို့ အမိန့်ထုတ်နေချိန် ပါးမားပွဲက စတော့မလို့ ဖြစ်နေလို့ ၇၅ မိနစ် နောက်ကျပြီးမှ ပွဲစခဲ့ရပါသေးတယ်။

ပြီးခဲ့တဲ့အပတ်က အီတလီအားကစားပြိုင်ပွဲတွေကို ကွင်းပိတ်ကစားစေမှုကို ဧပြီလ ၃ရက်နေ့အထိ ပြုလုပ်စေမယ် လို့ကနဦး သတင်းထုတ်ပြန်ခဲ့ပေမယ့် စိုးရိမ်ရအခြေအနေပိုမိုမြင့်တက်လာမှုကြောင့် တနင်္ဂနွေနေ့အစောပိုင်းကပဲ ပွဲတွေအားလုံးကို ရွှေ့ဆိုင်းဖို့ အရေးပေါ် သတင်းထုတ်ပြန်ချက် ထုတ်ပြန်ခဲ့ပါတယ်။

ဒါပေမယ့် အီတလီစီးရီးအေကတော့ ပွဲတွေကို ရွှေ့ဆိုင်းခြင်းမရှိပဲ မူလ သတင်းထုတ်ပြန်ချက်အတိုင်း ကွင်းပိတ် ကစားစေခဲ့တဲ့အပေါ်မှာတော့ အီတလီအားကစားဝန်ကြီးက ဒီပွဲတွေအပေါ် တာဝန်ယူသွားမှာမဟုတ်ဘူးလို့ အမိန့် ထုတ်လိုက်တဲ့အကြောင်း BBC SPORT သတင်းဌာနက ဖော်ပြလာပါတယ်။

အီတလီဝန်ကြီးကတော့ လူပေါင်း ၁၆သန်းကျော် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့ခံထားရတဲ့ အီတလီမှာ ဘောလုံးပွဲ တွေ ဆက်လက်ကျင်းပနေတာ အဓိပ္ပာယ်လုံးဝမရှိဘူးလို့ ငြီးတွားခဲ့ပါတယ်။

ဝန်ကြီးချုပ် စပါဒါဖိုရာအနေနဲ့ - “ ကမ္ဘာ့ဘောလုံးအားကစားဆိုတာ စည်းမျဥ်းစည်းကမ်းနဲ့ကြောက်ရွံ့ခြင်းတို့ ရှိမှ ဖြစ်ပါလိမ့်မယ်။အခုကစားနေတဲ့ စီးရီးအေလိဂ်ပွဲတွေက တာဝန်ယူမှုလုံးဝမရှိတဲ့ပွဲတွေသာ ဖြစ်တယ်။”လို့ ပြည် နယ် ရုပ်သံလိုင်း RAI ကတဆင့် ကြေညာချက်ထုတ်ပြန်သွားတာပါ။

ပါးမားနဲ့ SPAL တို့ပွဲစဥ်ဟာလည်း ဝန်ကြီးချုပ်ရဲ့ မိန့်ခွန်းကြောင့် ပွဲကစားဖို့ ဥမင်လှိုင်ထဲရောက်ပြီးမှ ကစားရမလား မကစားရတော့ဘူးလား ဆုံးဖြတ်နေရင်းနဲ့ ၇၅မိနစ်လောက် နောက်ကျပြီးမှ ကစားဖြစ်ခဲ့တယ်လို့ သိရပါသေး တယ်။

အခြားသော စီးရီးအေလိဂ်ပွဲ ၄ပွဲလည်း ကွင်းပိတ်ကစားခဲ့ပြီး ဂျူဗင်တပ်နဲ့အင်တာမီလန်၊ဆာဆူအိုလိုနဲ့ဘရက်ရှား တို့လည်း ကစားခဲ့ကြပါတယ်။

အီတလီမှာတော့ သေဆုံးသူဦးရေ ၃၆၆ ဦးထိရှိနေပြီ ဖြစ်ပြီး တစ်ရက်တည်းကို သေဆုံးသူ ၁၃၃ ယောက်လောက် ရှိလာခဲ့တယ်လို့ တရားဝင် သတင်းထုတ်ပြန်ထားပါတယ်။


က္က