လာလီဂါတာဝန်ရှိသူတွေအနေနဲ့ လာမယ့်ရက်ပိုင်းအတွင်း အတည်ပြုချက်ထုတ်ပြန်ဖို့ရှိနေပါတယ်။

စပိန်နိုင်ငံရေးအခြေအနေကြောင့် လုံခြုံရေးအရ ပွဲကျင်းပရန် အခက်အခဲအချို့ရှိနေခဲ့တာလည်းဖြစ်ပါတယ်။

လာလီဂါပွဲစဉ် ၁၀မှာ ထိပ်တိုက်တွေ့ဆုံဖို့ရှိနေတဲ့ ရီးရဲလ်အသင်းနဲ့ ဘာစီလိုနာအသင်းတို့ရဲ့ အယ်လ်ကလက်ဆီ ကို ဒါဘီပွဲစဉ်ကို လုံခြုံရေးအခြေအနေအရ ရွှေ့ဆိုင်းရဖို့ရှိနေတဲ့အပြင် ပရိသတ်မပါဘဲကွင်းပိတ်ကစားဖို့အထိရှိ နေတယ်လို့ စပိန်မီဒီယာအများစုက ဖော်ပြနေကြပါတယ်။

လက်ရှိစပိန်လာလီဂါပွဲစဉ်-၈ အပြီး အမှတ်ပေးဇယားကို ဦးဆောင်နေတဲ့ ရီးရဲလ်အသင်းနဲ့ဘာစီလိုနာအသင်းတို့ ဟာ လာမယ့်အောက်တိုဘာ ၂၆ရက်နေ့မှာ လာလီဂါပွဲစဉ် ၁၀အဖြစ် ဘာစီလိုနာအသင်းရဲ့ အိမ်ကွင်းနျူးကမ့်မှာ ယှဉ်ပြိုင်ကစားရဖို့ ရှိနေတာလည်းဖြစ်ပါတယ်။



Mirror.com ရဲ့ဖော်ပြချက်အရ စပိန်အာဏာပိုင်များအနေဖြင့် ကာတာလန်ခွဲထွက်ရေးနိုင်ငံသမားအများစုကိုနှ စ်ရှည်ထောင်ဒဏ်ပြစ်ဒဏ်များချမှတ်ခဲ့တဲ့အတွက် ကာတာလန်အခြေစိုက်ဘာစီလိုနာပရိသတ်တွေရဲ့တုံ့ပြန်လာ  နိုင်မှုအချို့ကြောင့် အခုလိုပွဲရွှေ့ဆိုင်းဖို့ဖြစ်လာခဲ့တာလို့လည်း ဖော်ပြလာပါတယ်။

မက်ဒရစ်မြို့မှာရှိတဲ့ စပိန်ဗဟိုတရားရုံးရဲ့ ဆုံးဖြတ်ချက်ကို ကာတာလန်ဒေသခံများကို ဆန့်ကျင်ဆန္ဒပြခဲ့ပြီး လူ ထုအုံကြွမှုပုံစံဆန်ဆန်များဖြစ်ပေါ်လာနိုင်တဲ့အတွက် ရီးရဲလ်နဲ့ဘာစီလိုနာနှစ်သင်းလုံးက ပရိသတ်အချို့ကိုထိန်း သိမ်းနိုင်ဖို့ အခက်အခဲရှိနေခဲ့တာလည်းဖြစ်ပါတယ်။

ကာတာလန်ခွဲထွက်ရေးသမားတွေအနေနဲ့ လွန်ခဲ့တဲ့ ၂၀၁၇ခုနှစ်ကတည်းက စပိန်နိုင်ငံကနေခွဲထွက်ပြီး သီးသန့် နိုင်ငံတည်ထောင်ဖို့အတွက် လုပ်ဆောင်နေခဲ့တာဖြစ်ပြီး ဘာစီလိုနာအသင်းအနေနဲ့ကလည်းဒေသခံတွေရဲ့ဆန္ဒ  အတိုင်း ပါဝင်လုပ်ဆောင်နေခဲ့တာလည်းဖြစ်ပါတယ်။



က္က