ဂရုဇ်မန်းပင်နယ်တီလွဲနေပေမယ့် ပြင်သစ်ကတော့ နိုင်ပွဲဆက်နေဆဲပါ။

အယ်လ်ဘေးနီးယားကို ၄-၁ နဲ့ အနိုင်ရခဲ့တဲ့ပွဲနဲ့ မနေ့က အန်ဒိုရာကို ၃-၀ နဲ့ နိုင်တဲ့ ၂ ပွဲဆက်တိုက် ပင်နယ်တီ ၂ ကြိမ်စလုံးမှာ လွဲချော်အောင် ကန်သွင်းထားတာပါ။

ပြင်သစ်အသင်းရဲ့ ဘာစီလိုနာ တိုက်စစ်မှူး ဂရုဇ်မန်းကတော့ ယူရို ၂၀၂၀ ခြေစစ်ပွဲတွေမှာ ပင်နယ်တီ ကန်သွင်းခွင့် ၂ ကြိမ်တိုင်တိုင်ကို လွဲချော်ထားခဲ့ပြီ ဖြစ်တဲ့အကြောင်း BBC SPORTက ဖော်ပြလာပါတယ်။



မနေ့ညကအန်ဒိုရာအသင်းကို ၃-၀ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ ပင်နယ်တီ တစ်ကြိမ် ကန်ခွင့်ရပေမယ့် လွဲချော်ခဲ့တာ ပါ။

အလားတူ ပြီးခဲ့တဲ့ အယ်လ်ဘေးနီးယားအသင်းကို ၄-၁ နဲ့ အနိုင်ရခဲ့တဲ့ပွဲတုန်းကလည်း ပင်နယ်တီကို ဘားတန်ထိအောင်ကန်သွင်းခဲ့သူပါ။

ဂရုဇ်မန်း ပင်နယ်တီမဝင်ပေမယ့် ပြင်သစ်အသင်းကတော့ နိုင်ပွဲဆက်နေဆဲပါ။ဒါပေမယ့်လည်း အုပ်စု(ဇ)မှာ အဆင့် ၂ နေရာမှာသာ ရပ်တည်နေနိုင်ပါတယ်။



အကြောင်းကတော့ တူရကီအသင်းက အခြားဖက်မှာ မော်လ်ဒိုဗာအသင်းကို ၄-၀ နဲ့ အနိုင်ရလိုက်တာကြေင့် တူရကီနဲ့ ပြင်သစ်တို့ကြား အမှတ်ကွာဟမှု မရှိပေမယ့် ထိပ်တိုက်တွေ့ဆုံထားမှုအရ တူရကီက အသာရထားလို့ အဆင့် ၁ နေရာကို ရယူထားပါတယ်။



က္က