ချန်ပီယံလိဂ်ရဲ့သမိုင်းမှာ အနိုင်ရတဲ့အခါ ပွဲထွက် ကစားသမား ၁၁ ယောက်တည်းကပဲ သမိုင်းမှတ်တမ်း ကျန်နေတာကို ဂါရတ်ဘေးလ်၊ ရှရင်ဂမ်၊ ဆိုးလ်ရှားတို့ရဲ့ ချန်ပီယံလိဂ် ဗိုလ်လုပွဲ စွမ်းဆောင်ခဲ့မှု မှတ်တမ်းတွေနဲ့ယှဉ်ကာ အရန်ကစားသမားတွေအတွက် ရပ်တည်ပေးခဲ့တာပါ။
ချန်ပီယံလိဂ် ဗိုလ်လုပွဲအဖြစ် လီဗာပူးအသင်းနဲ့ ကစားရမယ့် ပွဲစဉ်မတိုင်မီ ပွဲကြို ဓာတ်ပုံရိုက်တဲ့အခါ ပုံမှန်အတိုင်း ပွဲထွက်ကစားသမား ၁၁ ဦးတည်းကို ရိုက်စေမှာ မဟုတ်ပဲ အရန်ကစားသမားများပါ ပါဝင်တဲ့ဓာတ်ပုံကို ရိုက်စေမယ်လို့ စပါးနည်းပြ ပွန်ချက်တီနိုက ထုတ်ဖော်ပြောခဲ့ကြောင်း Daily Mail ကဖော်ပြပါတယ်။
ဖီဖာက သတ်မှတ်ထားတဲ့ ပွဲကြို ဓာတ်ပုံမှာ ၁၁ ယောက်တည်း ရိုက်ရတဲ့ အစဉ်အလာကို ပွန်ချက်တီနိုက မနှစ်သက်ဘဲ အရန်ကစားသမားတွေရဲ့ အခန်းကဏ္ဍကိုလည်း တန်းတူ ရှိနေစေချင်တာ ဖြစ်ပါတယ်။
ဒီလိုပြောဆိုရမှာလည်း အရန်ကစားသမားတွေ အဖြစ်ကနေ ချန်ပီယံလိဂ် ဗိုလုပွဲမှာ အသင်းကို အကျိုးပြုခဲ့ဖူးတဲ့ ဂါရတ်ဘေးလ်၊ ရှာရင်ဂမ်နဲ့ ဆိုးလ်ရှားတို့ကို ဥပမာပြပြောဆိုခဲ့ပါတယ်။ ဒါကြောင့် လာမယ့် ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာတော့ စပါးအသင်ရဲ့ သမိုင်းဝင် ပွဲကြို ဓာတ်ပုံကို ၁၁ ယောက်တည်း ရိုက်စေမှာ မဟုတ်ပဲ ချန်ပီယံလိဂ် စာရင်းသွင်းထားတဲ့ အသင်းရဲ့ ကစာသးမား ၂၃ ဦးစလုံးကို စည်းလုံးမှုရှိစေဖို့ အတူတကွ ရိုက်စေမယ်လို့ ပွန်ချက်တီနိုက ထုတ်ဖော်ပြောလာတာပါ။
“ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ နိုင်သွားခဲ့ရင် ပွဲထွက် ၁၁ ယောက်ကပဲ အမြဲတမ်း သမိုင်းမှတ်တမ်း ကျန်ကျန်နေတာကို အမြဲတမ်း စိတ်မကောင်းဖြစ်ရပါတယ်။အချို့ အရန်ကစားသမားတွေကို အရန်ခုံကနေထပြီး အသင်းကို အကျိုးပြုသွားသူတွေ ထုနဲ့ဒေးပါပဲ။ ဒါပေမယ့် သမိုင်းမှာတော့ ပွဲထွက် ၁၁ ယောက်ပဲ အမြဲပါပါတယ်။ဒါကြောင့် ကျွန်တော်ကတော့ ဒီတစ်ကြိမ် ကျွန်တော့်သမိုင်းမှာ ၁၁ ယောက်တည်း မဖြစ်စေရပါဘူး၊နိုင်သည်ဖြစ်စေ ရှုံးသည်ဖြစ်စေ ဒီသမိုင်းက အသင်းရဲ့ ၂၃ ယောက်စလုံးနဲ့ သက်ဆိုင်ပါတယ်။” လို့ ပွန်ချက်တီနိုက ပြောသွားတာပါ။
စပါးနဲ့ လီဗာပူးတို့ကတော့ ချန်ပီယံလိဂ် ဗိုလ်လုပွဲအဖြစ် လာမယ့် ဇွန် ၁ ရက်နေ့မှာ စပိန်နိုင်ငံ မက်ဒရစ်မြို့က အားကစားကွင်းအတွင်း ALL ENGLISH FINAL အဖြစ် ယှဉ်ပြိုင်ကစားသွားကြမှာပါ။