loading...

loading...

loading...

သူ့ရဲ့အမှားကနေ ဂိုးပေးခဲ့ရတာ ဖြစ်ပါတယ်။
Pyae Phyo Thein

စပါးဟာ (၄-၃)နဲ့ အရေးနိမ့်ခဲ့ပြီး နှစ်ကျော့ပေါင်းရလဒ် (၄-၄) ဖြစ်ခဲ့ကာ အဝေးဂိုးစည်းမျဉ်းနဲ့ ဆီမီးဖိုင်နယ်ကို တက်ရောက်ခဲ့တာ ဖြစ်ပါတယ်။

တော့တင်ဟမ်ဟော့စပါးအသင်းရဲ့ ကွင်းလယ်လူ အဲရစ်ဆန်က စတာလင်ရဲ့ သွင်းဂိုးကို VAR စနစ်နဲ့ ကြည့်ရှုပြီးနောက် ဂိုးအဖြစ်သတ်မှတ်မပေးခဲ့တဲ့အပေါ်မှာ ဝမ်းသာကျေနပ်နေခဲ့ပါတယ်။ စတာလင်ရဲ့ သွင်းဂိုးဟာ အဲရစ်ဆန်ရဲ့ အမှားကနေတဆင့် မန်စီးတီးက ဘောလုံးရရှိသွားပြီး သွင်းယူခဲ့တာဖြစ်လို့ အသင်းရှုံးပွဲဖြစ်မယ့် တရားခံအဖြစ်ကနေ ကင်းလွတ်ခဲ့တဲ့အပေါ်မှာ အဲရစ်ဆန်က ကျေနပ်နေခဲ့တာ ဖြစ်ပါတယ်။

အဆိုပါသွင်းဂိုးမှာ အဂူရိုက လူကျွံအနေအထားနဲ့ စတာလင်ရဲ့ သွင်းဂိုးကို ဖန်တီးမှုပြုလုပ်ပေးခဲ့ပါတယ်။ အဆိုပါသွင်းဂိုးကို မပေးခဲ့ရတဲ့အတွက် မိမိဟာ ကမ္ဘာပေါ်မှာ ကံအကောင်းဆုံးလူသား ဖြစ်ခဲ့ရတယ်လို့ ပွဲအပြီးမှာ အဲရစ်ဆန်က ဖွင့်ဟသွားခဲ့ပါတယ်။ စပါးဟာ (၄-၃)နဲ့ အရေးနိမ့်ခဲ့ပြီး နှစ်ကျော့ပေါင်းရလဒ် (၄-၄) ဖြစ်ခဲ့ရာ အဝေးဂိုးစည်းမျဉ်းအရ ဆီမီးဖိုင်နယ်ကို တက်ရောက်ခဲ့တာဖြစ်ပါတယ်။

"ဒီညမှာတော့ ကျွန်တော်က ကမ္ဘာပေါ်မှာ ကံအကောင်းဆုံးလူတစ်ယောက် ဖြစ်ခဲ့ပါတယ်၊ ဒါတွေအားလုံးက အခုတော့ ပြီးဆုံးသွားခဲ့ပါပြီ၊ ဒါပေမယ့် စိတ်ကျေနပ်စရာ ပွဲတစ်ပွဲတော့ ဖြစ်ခဲ့ပါတယ်၊ ရိုလာကိုစတာ စီးနေခဲ့ရသလိုပါပဲ၊ ကျွန်တော်တို့ အများကြီးပေးဆပ်ခဲ့ရသလို အများကြီး ပြန်လည်ရရှိခဲ့ပါတယ်၊ ထိတ်လန့်စရာကောင်းတဲ့ ပွဲတစ်ပွဲပါပဲ"

"ပွဲပြီးတော့မှ ကျွန်တော်တို့ သက်ပြင်းရှည်ကြီး ချနိုင်ခဲ့ပါတယ်၊ မှော်ဆန်ဆန် ပုံပြင်တစ်ပုဒ်လိုပါပဲ၊ အခုတော့ ဂျိုဟန်ခရိုက်ကွင်းကြီးကို ကျွန်တော် ပြန်သွားရပါတော့မယ် (အဲရစ်ဆန်က အေဂျက်ဇ်ကစားသမားဟောင်းပါ)" လို့ ဒိန်းမတ်ကွင်းလယ်ကစားသမားက BT Sport နဲ့ တွေ့ဆုံခဲ့တဲ့ ပွဲအပြီးအင်တာဗျူးမှာ ပြောသွားခဲ့ပါတယ်။

စပါးဟာ အေဂျက်ဇ်နဲ့ ဆီမီးဖိုင်နယ်မှာ ရင်ဆိုင်ရမှာဖြစ်ပြီးတော့ အဲရစ်ဆန်အနေနဲ့ အသင်းဟောင်းကို ပြန်လည်ရင်ဆိုင်ရတော့မှာ ဖြစ်ပါတယ်။ ကွင်းလယ်ဒိုင်လူကြီးက ဂိုးအဖြစ်မသတ်မှတ်ပေးကြောင်း ဆုံးဖြတ်လိုက်ချိန်မှာလည်း အဲရစ်ဆန်ဟာ အလွန်အမင်း ပျော်ရွှင်သွားခဲ့ပြီးတော့ အောင်ပွဲခံခဲ့တာကိုလည်း မြင်တွေ့ခဲ့ရပါတယ်။


loading...

က္က