loading...

loading...

loading...

၁၆သင်းအဆင့် ပ-‌ေကျော့မှာ ၂-၁နဲ့ ရှုံးထားပါတယ်။
Kyaw Ko Ko Sint

ချန်ပီယံလိဂ်မှာ အမြင့်ဆုံး အောင်မြင်မှုအဖြစ် ကွာတားဖိုင်နယ်သာ တက်လှမ်းဖူးပြီး အသင်းသမိုင်းတစ်လျှောက် ချန်ပီယံလိဂ် လုံးဝမရဖူးပါဘူး။

ထိပ်တန်းကစားသမားတွေကို စျေးကြီးပေးခေါ်ပြီး ဥရောပအောင်မြင်မှုရရှိဖို့ အစွမ်းကုန် ကြိုးစားနေတဲ့ ပီအက်စ်ဂျီ အသင်းကတော့ ဒီကနေ့အချိန်ထိတော့ ‌လောက်လောက်လားလားအောင်မြင်မှု မရသေးပေ။

၂၀၁၂-၁၃လောက်ကတည်းက ပြည်တွင်းအမှတ်ပေးဖလားကို လက်ဝယ်ပိုင်ပိုင် ရယူထားပေမယ့် ဥရောပ အောင် မြင်မှု လုံးဝမရသေးတာပါ။

၇နှစ်အတွင်း ပြည်တွင်းအမှတ်ပေးဖလားကို ၆ကြိမ်ရယူထားသလို အသင်းသမိုင်းတစ်လျှောက်မှာတော့ ၈ကြိမ်ရယူထားတာပါ။

ရှုံးထွက်ဖလားကိုလည်း ၁၂ကြိမ်တိုင်တိုင် ပိုင်ဆိုင်ထားပေမယ့် ဥရောပအောင်မြင်မှုကိုတော့ ၂၀၀၁ခုနှစ်က UEFA Intertoto Cupရခဲ့တာ နောက်ဆုံးပါ။

လက်ရှိကစားနေတဲ့ ချန်ပီယံလိဂ်မှာတော့ အအောင်မြင်ချင်ဆုံးအသင်းပြောပါဆိုရင် ပီအက်စ်ဂျီလို့ ဆိုရပေမယ့် အသုံးစရိတ်နဲ့ မကာမိအောင် မအောင်မြင်တာလည်း ပီအက်စ်ဂျီပါပဲ။

ဒီနှစ်မှာတော့ ၁၆သင်းအဆင့်ကို ရိုးရာမပျက်တက်လှမ်းထားပေမယ့် ပထမအကျော့မှာ ဒေါ့မွန်ကို ၂-၁ နဲ့ ရှုံးနိမ့် ထားပြီး ဒု-ကျော့ ပြန်ကစားရမယ့်အချိန်မှာလည်း အဓိက ကစားသမားအချို့ ဒဏ်ရာပြဿနာနဲ့ ရင်ဆိုင်နေရတာ ပါ။

အိမ်ကွင်းကစားရမှာ ဆိုပေမယ့် အသင်းခေါင်းဆောင် အဓိက နောက်ခံလူ သီယာဂိုလ်ဆေးလ်ဗား တံကောက်ကြော ဒဏ်ရာရထားပြီး ကွင်းလယ်လူ ဟာရဲရား ပေါင်ကြွက်သား ဒဏ်ရာရနေလို့ ၆ပတ်ကနေ ၈ ပတ်နားရမယ့်အရေးနဲ့ရင်ဆိုင်နေရတာပါ။

အသင်းသမိုင်းတစ်လျှောက် အမြင့်ဆုံး အောင်မြင်မှုအဖြစ် ချန်ပီယံလိဂ်မှာ ကွာတားဖိုင်နယ်အထိသာ တက်လှမ်း ထားတာပါ။

ဒီနှစ်မှာလည်း ၁၆ သင်းအဆင့်မှာပဲ ဒေါ့မွန်နဲ့တွေ့ဆုံထားတဲ့ ပ-ကျော့ကို ရှုံးထားသလို ဒု-ကျော့အတွက်လည်း လူမစုံတဲ့အနေအထားမှာ ချန်ပီယံလိဂ်က ပီအက်စ်ဂျီအတွက် ကျိန်စာဆိုးတစ်ခု ဖြစ်နေပြီလားဆိုတာ မေးခွန်း ထုတ်စရာပါ။


loading...

က္က