ကြားမှာ နိုင်ငံတကာပွဲလည်း ခံနေလို့ ၁၂ရက်ပိုနားရက်ရသွားပါတယ်။
Kyaw Ko Ko Sint

မူလစီစဥ်ထားတာ လာမယ့် စနေ‌နေ့မှာ ကစားရမှာ ဖြစ်ပေမယ့် ချန်ပီယံလိဂ် ဗိုလ်လုပွဲကစားထားရလို့ ရက်ကို ဆုတ်ပေးရာမှာ နိုင်ငံတကာပွဲကစားမယ့်အပတ်လည်း ခံနေလို့ ၁၂ရက်အထိ ထပ်မံ အနားရတာပါ။



ချန်ပီယံလိဂ်ဗိုလ်လုပွဲကို တက်လှမ်းခဲ့တဲ့ ပီအက်စ်ဂျီအသင်းဟာ နားရက် ၁၈ရက်ထိရမှာ ဖြစ်ပြီး မူလစီစဥ် ထားတဲ့အတိုင်းဆိုရင် ၆ရက်သာ ရမှာ ဖြစ်ပါတယ်။

အဖွင့်ပွဲအဖြစ် လန်းစ်အသင်းနဲ့ ကစားရမယ့်ပွဲကို လာမယ့် စက်တင်ဘာ ၁၀ရက်နေ့မှ စတင် ကစားရတော့ မှာပါ။

ကြားထဲမှာ နိုင်ငံတကာပွဲတွေ ကစားဖို့ ရှိတာကြောင့် ပြိုင်ပွဲကို တစ်ပတ်ကျော်ပြီး ကစားစေမှာ ဖြစ်ပြီး ပီအက်စ်ဂျီအသင်းက လီဂူးဝမ်းအဖွင့်မှာ မကစားခဲ့ပါဘူး။

ပြင်သစ်လိဂ်ကတော့ ကိုဗစ်ဖြစ်ချိန်မှာ လိဂ်ကို ရပ်နားခဲ့ပြီး အခြားသောလိဂ်တွေ ပြန်လည်စတင်ပြီး ရာသီသိမ်းခဲ့ပေမယ့် သူတို့လိဂ်ကတော့ ရှိနေတဲ့ အမှတ်အတိုင်းရာသီသိမ်းကာ ပီအက်စ်ဂျီအသင်းက ချန်ပီယံ ဖြစ်ခဲ့ပါတယ်။

လက်ရှိမှာလည်း လိဂ်ကို ပြန်လည်စတင်တာ အစောဆုံးဖြစ်ပြီး အခြားသောလိဂ်တွေက စက်တင်ဘာမှ စတင်ချိန်မှာ သူတို့လိဂ်ကတော့ ပြီးခဲ့တဲ့ အပတ်ကတည်းက စတင်နေပြီ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က