ကလပ်အသင်းဘက်ကလည်း တရားဝင်အတည်ပြုခဲ့ပါတယ်။
Pyae Phyo Thein

အခြားဘယ်သူတစ်ဦးတစ်ယောက်နဲ့မှ ထိတွေ့ခဲ့တာမျိုး မရှိဘူးလို့လည်း ပီအက်စ်ဂျီအသင်းရဲ့ သတင်းထုတ်ပြန်ချက်ထဲမှာ ရေးသားခဲ့ပါတယ်။ 

ပြင်သစ်ကလပ်ပီအက်စ်ဂျီအသင်းရဲ့ ကစားသမား ၃ဦးမှာ ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့ရှိခဲ့ရတယ်လို့ သိရပါတယ်။ ပြင်သစ်ကလပ်ကလည်း ကစားသမား ၃ဦးနဲ့ အသင်းဝန်ထမ်းတစ်ဦးတို့ ကူးစက်ခံခဲ့ရတယ်လို့ အတည်ပြုခဲ့ကာ လိုအပ်တဲ့ကုသမှုတွေပြုလုပ်ပြီး ပြန်လည်ကောင်းမွန်လာပါက အသင်းနဲ့ပူးပေါင်းလိမ့်မယ်လို့ ပြောဆိုခဲ့ပါတယ်။

ပြင်သစ်လိဂ်ကို ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဖျက်သိမ်းခဲ့ပေမယ့်လည်း ပီအက်စ်ဂျီကို ချန်ပီယံအသင်းအဖြစ် သတ်မှတ်ပေးခဲ့ပါတယ်။ လက်ရှိမှာတော့ ပြင်သစ်လိဂ်ဖလားတွေနဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲတွေအတွက် လေ့ကျင့်ခန်းဆင်းနေတာဖြစ်ပြီး စစ်ဆေးမှုတွေပြုလုပ်ခဲ့ရာမှာ တွေ့ရှိခဲ့ရတာလို့လည်း Goal က ဖော်ပြခဲ့ပါတယ်။ 

ရောဂါပိုးကူးစက်ခံထားရတဲ့ ကစားသမားတွေကို ထုတ်ဖော်ကြေညာမှုတော့မရှိဘဲ ဘောလုံးပွဲတွေရပ်နားထားချိန်မှာ ကူးစက်ခံခဲ့ရတာလို့ သိရပါတယ်။ ဒါပေမယ့်လည်း အခြားဘယ်သူတစ်ဦးတစ်ယောက်နဲ့မှ ထိတွေ့ခဲ့တာမျိုးမရှိဘူးလို့လည်း ပီအက်စ်ဂျီအသင်းရဲ့ သတင်းထုတ်ပြန်ချက်ထဲမှာ ရေးသားခဲ့ပါတယ်။ 

ပီအက်စ်ဂျီကတေ့ာ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ကို တက်ရောက်ထားပြီးဖြစ်ကာ သြဂုတ်လအတွင်းကျင်းပမယ့် ပြိုင်ပွဲအတွက် ပြင်ဆင်နေခဲ့တာလည်းဖြစ်ပါတယ်။ အုပ်စုငယ်လေးတွေ သီးခြားစီခွဲခြားထားရှိကာ လေ့ကျင့်နေတာဖြစ်ပြီးတော့ ကူးစက်ခံခဲ့ရတဲ့ ကစားသမားတွေဟာ သီးခြားနေထိုင်မှုပြုလုပ်ရမှာဖြစ်ပြီး ပျောက်ကင်းသက်သာချိန်မှာ အသင်းနဲ့ပြန်လည်ပူးပေါင်းသွားရမှာလည်းဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က