အဓိကနောက်ခံလူတွေ လွဲချော်တော့မှာဖြစ်ပါတယ်။

ဘရာဇီးလ်လက်ရွေးစင်ကစားသမားဟာ လီဗန်တေးနဲ့ပွဲမှာ ပွဲချိန်ပြည့်ပါဝင်ကစားပေးခဲ့ပေမယ့် ပွဲအပြီး ဒဏ်ရာကိုစစ်ဆေးမှုတွေအပြီးမှာတော့ ချန်ပီယံလိဂ်ပွဲကို လွဲချော်တော့မှာဖြစ်ပါတယ်။


ချန်ပီယံလိဂ်အုပ်စုအဖွင့်ပွဲအဖြစ် ပီအက်စ်ဂျီအသင်းနဲ့ အဝေးကွင်းမှာ ရင်ဆိုင်ရမယ့် ရီးရဲလ်မက်ဒရစ်အသင်းဟာ ခံစစ်ပိုင်းပြသနာတွေနဲ့ ရင်ဆိုင်နေရပြီဖြစ်ပါတယ်။ အသင်းရဲ့ ဘယ်အစွန်နောက်ခံလူမာဆယ်လိုဟာ လီဗန်တေးနဲ့ပွဲမှာ ရရှိခဲ့တဲ့ လည်ပင်းဒဏ်ရာကြောင့် ပီအက်စ်ဂျီနဲ့ပွဲကို ပါဝင်ကစားနိုင်မှာမဟုတ်ဘူးလို့ ရီးရဲလ်မက်ဒရစ်အသင်းက အတည်ပြုကြေညာသွားခဲ့ပါတယ်။

ဘရာဇီးလ်လက်ရွေးစင်ကစားသမားဟာ လီဗန်တေးနဲ့ပွဲမှာ ပွဲချိန်ပြည့်ပါဝင်ကစားပေးခဲ့ပေမယ့် ပွဲအပြီး ဒဏ်ရာကိုစစ်ဆေးမှုတွေအပြီးမှာတော့ ချန်ပီယံလိဂ်ပွဲကို လွဲချော်တော့မှာဖြစ်ပါတယ်။ ဒီအတွက်ကြောင့် ရီးရဲလ်အသင်းမှာ အစ္စကို၊ အဆန်စီယို၊ မိုဒရစ်တို့အပြင် ဒဏ်ရာရကစားသမားစာရင်းထဲမှာ မာဆယ်လိုလည်း ပါဝင်လာခဲ့ပြီဖြစ်တယ်လို့ Sportskeeda ရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

ရီးရဲလ်အသင်းခေါင်းဆောင် ဆာဂျီယိုရာမို့စ်နဲ့ နောက်ခံလူနာချိုတို့ဟာလည်း ပြီးခဲ့တဲ့ရာသီက ပြစ်ဒဏ်တွေကြောင့် အဖွင့်ပွဲကို လွဲချော်ရမှာဖြစ်ပါတယ်။ ဒါကြောင့် ရီးရဲလ်နောက်တန်းမှာ အမာခံကစားသမားတွေ ပါဝင်နိုင်မှာမဟုတ်ပဲ မီလီတာအို၊ ဖာလန်းမန်ဒီတို့ကို ဇီဒန်းက ထည့်သွင်းအသုံးပြုရတော့မှာလည်း ဖြစ်ပါတယ်။



ပြိုင်ဘက်ပီအက်စ်ဂျီအသင်းမှာလည်း နေမာ နဲ့ ဘတ်ပီတို့လို အဓိကတိုက်စစ်မှူးတွေ ပါဝင်နိုင်မှာမဟုတ်ပဲ ဒီပွဲကို လွဲချော်ကြမှာဖြစ်ပါတယ်။ ဒီအတွက်ကြောင့် အရေးပါတဲ့ပွဲစဉ်တစ်ပွဲမှာ နှစ်ဖက်အသင်းရဲ့ အဓိကကစားသမားတွေ လွဲချော်နေကြပြီဖြစ်ပြီး အခက်အခဲကိုယ်စီနဲ့ ယှဉ်ပြိုင်ကစားသွားရတော့မှာလည်း ဖြစ်ပါတယ်။



က္က