လိုက်ပ်ဇက်က ၂၀၁၁နောက်ပိုင်း ဆီမီးတက်နိုင်တဲ့ တတိယမြောက် ဂျာမနီကလပ်ဖြစ်ပါတယ်။
Kyaw Ko Ko Sint

အက်သလက်တီကိုမက်ဒရစ်အသင်းကို ၂-၁ဂိုးနဲ့ အနိုင်ယူပြီး အသင်းသမိုင်းတစ်လျှောက် ပထမဆုံး အကြိမ် ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ကို တက်လှမ်းခဲ့တာပါ။

လိုက်ပ်ဇက်အသင်းရဲ့ နည်းပြ ဂျူလီယန်နာဂယ်စမန်းကတော့ အက်သလက်တီကိုအသင်းကိုအနိုင်ရခဲ့တဲ့ပွဲဟာ ကစားသမားတွေအတွက် အင်မတန်မှ ထိုက်တန်တဲ့ပွဲဖြစ်ခဲ့ပြီး ဆီမီးဖိုင်နယ်ပွဲအတွက်ကိုမူ ဘီယာသောက် အောင်ပွဲခံပြီး နောက်တစ်နေ့မှ ပြင်ဆင်တော့မယ်လို့ ပွဲပြီး သတင်းစာရှင်းလင်းပွဲမှာ ပြောသွားခဲ့ပါတယ်။

လိုက်ပ်ဇက်က ဆီမီးဖိုင်နယ်ကို အသင်းသမိုင်းတစ်လျှောက် ပထမဆုံး တက်လှမ်းခဲ့တာ ဖြစ်သလို ၂၀၁၁ ခုနှစ် နောက်ပိုင်း ဂျာမနီ ကလပ်တွေထဲမှာ ဘိုင်ယန်နဲ့ဒေါ့မွန်အပြီး ပထမဆုံး ဆီမီးဖိုင်နယ်ကို တက်လှမ်းတဲ့ နောက်ထပ် ဂျာမနီ ကလပ်ဖြစ်လာပါတယ်။

“ကျွန်တော်တို့ အခွင့်အရေးတွေ မဖန်တီးနိုင်သလို သူတို့လည်း မလုပ်နိုင်ခဲ့ပါဘူး၊အခုလို အနိုင်ရသွားတဲ့အတွက် အသင်းနဲ့ ကစားသမားတွေအတွက် အရမ်း ဂုဏ်ယူရပါတယ်။မန်နေဂျာတစ်ယောက်အနေနဲ့ကတော့ နောက်ထပ် တွေ့ရမယ့် ပြိုင်ဖက်အတွက် ပြင်ဆင်ရတော့မှာပေါ့။”လို့ နာဂယ်စမန်းက ဆိုပါတယ်။

လိုက်ပ်ဇက်ကတော့ အတ္တလန္တာကို ၂-၁နဲ့ အနိုင်ရခဲ့တဲ့ ပီအက်စ်ဂျီအသင်းနဲ့ တွေ့ဆုံနေပြီး ဒီပွဲအတွက်ကိုမူ မနက် ဖြန်မှသာ ပြင်ဆင်တော့မယ်လို့ နာဂယ်စမန်းက ဆက်လက်ပြောပါတယ်။

“အခုနိုင်ပွဲအတွက် အောင်ပွဲခံဖို့ အချိန်သိပ်မရပါဘူး၊ဒါပေမယ့် ကျွန်တော်တို့ ဟိုတယ်အတွင်းမှာတော့ ဘီယာ သောက်ပြီးအောင်ပွဲခံလို့ ရပါသေးတယ်။မနက်ဖြန်မှပဲ ပီအက်စ်ဂျီနဲ့ပွဲအတွက် ပြင်ဆင်ပါတော့မယ်။”လို့ နာဂယ် စမန်းက ပြောပါတယ်။

အပိတ်အနေနဲ့ မိမိတို့အသင်းအနေနဲ့ ဆီမီးဖိုင်နယ်မှာ နောက်တန်းကို အထူးသတိပြု ကစားဖို့လိုပြီး ပီအက်စ်ဂျီ အသင်းရဲ့ ထက်မြက်တဲ့ တိုက်စစ်ကို ထိန်းချုပ်နိုင်ဖို့ ကြိုးစားရမယ်လို့လည်း ပြောခဲ့ပါသေးတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က