ရီးရဲလ်နဲ့ ဒုတိယအကျော့ကို ကစားသွားရမှာပါ။
Pyae Phyo Thein

မန်စီးတီးအနေနဲ့ ပြည်တွင်းအောင်မြင်မှုတွေကို ပြီးခဲ့တဲ့ ၁၀ နှစ်အတွင်းမှာ အများအပြားရယူနိုင်ခဲ့ပေမယ့် ဥရောပအဆင့်မှာတော့ တိုးမပေါက်နိုင်ရှိနေပြီး ကွာတားဖိုင်နယ်အဆင့်ကနေသာ လှည့်ပြန်နေခဲ့ရတာဖြစ်ပါတယ်။


ချန်ပီယံလိဂ်မှာ ပြီးခဲ့တဲ့ရာသီတွေကလိုမျိုး ဆိုးဝါးတဲ့အဖြစ်နဲ့ ထွက်ခွာရမယ့်အပေါ်မှာ မန်စီးတီးနည်းပြဂွာဒီယိုလာက စိုးရိမ်နေပါတယ်။ မန်စီးတီးအနေနဲ့ ပြည်တွင်းအောင်မြင်မှုတွေကို ပြီးခဲ့တဲ့ ၁၀ နှစ်အတွင်းမှာ အများအပြားရယူနိုင်ခဲ့ပေမယ့် ဥရောပအဆင့်မှာတော့ တိုးမပေါက်နိုင်ရှိနေပြီး ကွာတားဖိုင်နယ်အဆင့်ကနေသာ လှည့်ပြန်နေခဲ့ရတာဖြစ်ပါတယ်။

ဂွာဒီယိုလာလက်ထက်မှာလည်း ဒီမှတ်တမ်းကို မပြင်နိုင်သေးဘဲ ပြီးခဲ့တဲ့ရာသီတွေမှာ စပါး၊ လီဗာပူးလ်တို့ကို အရေးနိမ့်ကာ ရှုံးထွက်အဆင့်တွေကနေ ထွက်ခွာခဲ့ရပါတယ်။ ရီးရဲလ်မက်ဒရစ်နဲ့ ကစားရမယ့် ပွဲစဉ်မတိုင်ခင်မှာ ဂွာဒီယိုလာက အသင်းသားတွေကို သတိပေးစကားပြောဆိုခဲ့တာဖြစ်ပြီး အာရုံစိုက်ဖို့အတွက် လှုံ့ဆော်ခဲ့ပါတယ်။ 


"ဟုတ်ပါတယ် အတိအကျပါပဲ" လို့ စိုးရိမ်မှုရှိသလားဆိုတဲ့မေးခွန်းအပေါ် တုံ့ပြန်ခဲ့ပါတယ်။ "ကျွန်တော်တို့အနေနဲ့ ပေးဂိုးထက် သွင်းဂိုးက ပိုများနေရမှာပါ၊ သူတို့က ပိုမိုကောင်းမွန်တဲ့ပုံစံကို လုပ်ပြနိုင်တဲ့အခါမှာ ဒါကို ကျွန်တော်တို့ လက်ခံရမှာပါ၊ သူတို့ရခဲ့တဲ့ ဂိုးတွေက ကျွန်တော်တို့ မပေးသင့်ခဲ့တဲ့ဂိုးတွေဖြစ်ပြီး အဲဒါကိုရှောင်လွှဲနိုင်ဖို့ လိုပါတယ်၊ ဒီလိုပြိုင်ပွဲမှာ အမှားလုပ်မိတယ်ဆိုရင်တော့ အပြစ်ကြီးကြီးခံရနိုင်ပါတယ်"


"မနှစ်က ဒီလိုမျိုးတွေအများကြီးဖြစ်ခဲ့တယ်၊ အကြိမ်ပေါင်းများစွာလည်း ပြောခဲ့ပါတယ်၊ ဒီပြိုင်ပွဲမှာ ဗိုလ်စွဲချင်တဲ့အသင်းတစ်သင်းအနေနဲ့ ရှေ့ဆက်ချင်တယ်ဆိုရင် ပိုကောင်းမွန်ရပါလိမ့်မယ်" လို့ ဂွာဒီယိုလာကပြောဆိုခဲ့ကြောင်း Sportskeeda က ဖော်ပြခဲ့ပါတယ်။ ပထမအကျော့မှာတော့ မန်စီးတီးက အဝေးကွင်းမှာ ၂-၁ နဲ့ အနိုင်ရခဲ့လို့ အားသာချက်အများကြီးရှိထားပြီး အိမ်ကွင်းမှာ ၁-၀ နဲ့ အရေးနိမ့်ခဲ့ရင်တောင် ကွာတားအဆင့်ကို တက်လှမ်းနိုင်မှာဖြစ်ပါတယ်။ 


Author


က္က