မက်ဆီအနေနဲ့ ပြီးခဲ့တဲ့ FIFA PRO ဆုပေးပွဲမှာ စီရော်နယ်ဒိုကို ကျော်ဖြတ်နိုင်ခဲ့ပါတယ်။

မက်ဆီအနေနဲ့ ချန်ပီယံလိဂ် ၁၅ရာသီဆက်တိုက် ဂိုးသွင်းနိုင်သူအဖြစ် စံချိန်တင်ရပ်တည်နေခဲ့သူလည်းဖြစ်ပါတယ်။

ဘာစီလိုနာတိုက်စစ်မှူးမက်ဆီအနေနဲ့ ဒဏ်ရာပြဿနာတွေကြားကနေ ပြန်လည်ရုန်းထွက်နိုင်ခဲ့ပြီး အသင်းအ တွက် ကိုယ်စားပြုကစားနိုင်ခြင်းအတွက် ကျေနပ်မိတယ်လို့ ဝန်ခံမိသလို ပြိုင်ဘက်စီရော်နယ်ဒိုအနေနဲ့ အကော င်းဆုံးအခြေအနေတွေကို ပိုင်ဆိုင်နေဆဲဖြစ်တယ်လို့ TyC Sports နဲ့ပြုလုပ်ခဲ့တဲ့ အင်တာဗျူးအစီအစဉ်မှာထုတ်  ဖော်ပြောဆိုလိုက်ပါတယ်။

စီရော်နယ်ဒိုနဲ့မက်ဆီတို့ဟာ ဆယ်စုနှစ်တစ်ခုအတွင်း ကမ္ဘာ့အကောင်းဆုံးကစားသမားအဖြစ် သတ်မှတ်ခြင်းခံ ထားရပြီး လက်ရှိအချိန်မှာလည်း ဥရောပအကောင်းဆုံးကစားသမားဆု၊ FIFA Pro ဆုနဲ့ Ballon d'or ဆုတွေရဲ့ အကောင်းဆုံးဆန်ကာတင်စာရင်းမှာ ပါဝင်ခွင့်ရရှိနေသူများလည်းဖြစ်ပါတယ်။



“ ကစားသမားဘဝတစ်လျှောက် ပြိုင်ဘက်ကောင်းတွေအများကြီးရင်ဆိုင်ခဲ့ဖူးတယ်။ နိုင်ငံအသင်းမှာရော က လပ်အသင်းမှာပါ ရှိခဲ့တယ်။ ဒါပေမဲ့ စီရော်နယ်ဒိုကတော့ တွေ့ဖူးသမျှ ပြိုင်ဘက်တွေထဲမှာ အကောင်းဆုံးပါပဲ။ တကယ်ကို မယုံကြည်နိုင်လောက်တဲ့ စွမ်းဆောင်မှုမျိုးကို လုပ်နိုင်သူပါ ” လို့ မက်ဆီက ထုတ်ဖော်ပြောဆိုလိုက် တာပါ။

မက်ဆီအနေနဲ့ အခုနှစ်ဘောလုံးရာသီမစတင်မီတွင် ဒဏ်ရာပြဿနာများရှိနေခဲ့တဲ့အတွက်အချိန်အတိုင်းအတာ တစ်ခုအထိအနားယူနေခဲ့ရပြီး အသင်းရဲ့ရာသီအဖွင့်ပွဲစဉ်အချို့ကိုပါဝင်ကစားပေးနိုင်ခြင်းမရှိခဲ့သူလည်းဖြစ်ပါတ  ယ်။

ဆက်စပ်သတင်းအချို့အရ မက်ဆီအနေနဲ့ လက်ရှိခံစားနေရတဲ့ ဒဏ်ရာပြဿနာတွေကြောင့် ကြံ့ခိုင်မှုပိုင်းလို အပ်ချက်ရှိလာခဲ့ပါက မွေးရပ်မြေဖြစ်တဲ့ အာဂျင်တီးနားကလပ်အသင်းတစ်သင်းသင်းဆီ ပြောင်းရွှေ့ကစားဖို့ရှိ နေတယ်လို့လည်း သတင်းဖော်ပြမှုအချို့ရှိနေခဲ့ပါတယ်။



က္က