loading...

loading...

loading...

၄၆ ဂိုးသာ လိုအပ်တော့တာဖြစ်ပါတယ်။
Kg Htet

ဘာစီလိုနာကြယ်ပွင့်တိုက်စစ်မှူး လီယွန်နယ်မက်ဆီဟာ တကယ်လို့ ၎င်းရဲ့ထိပ်တန်းအဆင့်ခြေစွမ်းကိုသာ ထိန်းသိမ်းနိုင်ခဲ့မယ်ဆိုရင် လာမယ့်ရာသီမှာ ပီလီရဲ့ကာလရှည်တင်ရှိထားတဲ့ ဂိုးသွင်းစံချိန်ကို ချိုးဖျက်နိုင်မှာဖြစ်ပါတယ်။

ဘရာဇီးလ်ဂန္တဝင်တိုက်စစ်မှူး ပီလီဟာ ၁၉၅၆ ခုနှစ်ကနေ ၁၉၇၄ ခုနှစ်အထိ ဆန်းတို့စ်အသင်းအတွက် သွင်းဂိုး ၆၄၃ ဂိုးအထိ သွင်းယူထားသူဖြစ်ပြီး လီယွန်နယ်မက်ဆီဟာ အပတ်တိုင်းမှာ ဂိုးတွေသွင်းယူပြီး ယင်းစံချိန်ကို တဖြည်းဖြည်းချင်း ချိုးဖျက်နိုင်ဖို့ နီးကပ်လာနေပြီ ဖြစ်ပါတယ်။

အသက် ၃၁ နှစ်အရွယ်ရှိပြီဖြစ်တဲ့ လီယွန်နယ်မက်ဆီဟာ ယခုရာသီပြိုင်ပွဲစုံမှာ သွင်းဂိုး ၄၅ ဂိုးနဲ့ ဂိုးဖန်တီးမှု ၂၁ ကြိမ်အထိ ပြုလုပ်ထားနိုင်ပါတယ်။ မက်ဆီဟာ လာလီဂါမှာ သွင်းဂိုး ၃၃ ဂိုးနဲ့ ဥရောပရွှေဖိနပ်ဆုအတွက် ထိပ်ဆုံးကနေ ဦးဆောင်နေပြီး ချန်ပီယံလိဂ်မှာလည်း သွင်းဂိုး ၁၀ ဂိုးနဲ့ ထိပ်တန်းဂိုးသွင်းရှင်အဖြစ် ရပ်တည်နေပါတယ်။

သွင်းဂိုးတွေသာမကဘဲ မက်ဆီဟာ ဂိုးဖန်တီးမှုမှာလည်း ပြိုင်ပွဲစုံ ၂၁ ပွဲမှာ ၁၄ ကြိမ်အထိ ပြုလုပ်ပြီး ဂိုးဖန်တီးမှုအများဆုံးစာရင်းမှာ ထိပ်ဆုံးက ဦးဆောင်နေပါတယ်။ ယခုရာသီကုန်အထိ မက်ဆီရဲ့သွင်းဂိုးတွေ၊ ဂိုးဖန်တီးမှုတွေကို မြင်တွေ့ရဦးမယ်ဆိုတာ သံသယဖြစ်စရာမရှိပါဘူး။

လက်ရှိအချိန်မှာ မက်ဆီဟာ ဘာစီလိုနာအသင်းအတွက် သွင်းဂိုး ၆၀၀ ပြည့်မြောက်ဖို့ ၃ ဂိုးသာ လိုအပ်တော့တာဖြစ်ပြီး ပီလီရဲ့ ဆယ်စုနှစ် ၄ ခုကြာတင်ရှိထားတဲ့ ၆၄၃ ဂိုးကို လိုက်မီဖို့ ၄၆ ဂိုးသာ လိုအပ်တော့တယ်လို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ


loading...

က္က