နိုင်ငံတကာသွင်းဂိုး ၁၀၀ ကျော်ခဲ့တာကို ချီးကျူးခဲ့တာပါ။
Pyae Phyo Thein

အသက် ၃၅ နှစ်အရွယ် တိုက်စစ်မှူးဟာ ဆွီဒင်နဲ့ပွဲမှာ လှပသေသပ်တဲ့ Free-Kick သွငး်ဂိုး၊ လှပတဲ့ အဝေးကန်ချက်တွေနဲ့ သွင်းဂိုးတွေရယူနိုင်ခဲ့တာဖြစ်ပါတယ်။ 


နိုင်ငံတကာသွင်းဂိုး ၁၀၀ ကျော်လွန်သွားခဲ့ပြီဖြစ်တဲ့ ပေါ်တူဂီတိုက်စစ်မှူးရော်နယ်ဒိုဟာ ကမ္ဘာကျော်တိုက်စစ်မှူးတစ်ဦးဖြစ်ခဲ့တဲ့ ဘောလုံးအကျော်အမော်ပီလီဆီက ချီးကျူးဂုဏ်ပြုမှုကို ရရှိခဲ့တယ်လို့ သိရပါတယ်။ အသက် ၃၅ နှစ်အရွယ် တိုက်စစ်မှူးဟာ ဆွီဒင်နဲ့ပွဲမှာ လှပသေသပ်တဲ့ Free-Kick သွငး်ဂိုး၊ လှပတဲ့ အဝေးကန်ချက်တွေနဲ့ သွင်းဂိုးတွေရယူနိုင်ခဲ့တာဖြစ်ပါတယ်။ 

ဘရာဇီးလ်နဲ့အတူ ကမ္ဘာ့ဖလား ၃ကြိမ်ရရှိခဲ့ပြီး ၇၇ ဂိုးအထိ သွင်းယူပေးခဲ့တဲ့ ပီလီက ပေါ်တူဂီတိုက်စစ်မှူးကို "မင်းရဲ့ ခရီးလမ်းမှာ အမြင့်ဆုံးအဆင့်ကို ရောက်ရှိနေခဲ့ပြီ" လို့ ချီးကျူးပြောဆိုခဲ့ပါတယ်။ ပီလီက သူ့ရဲ့တရားဝင်တွစ်တာအကောင့်ကနေ ရေးသားပြောဆိုသွားခဲ့တာဖြစ်တယ်လို့ Sportbible က ပြန်လည်ဖော်ပြခဲ့ပါတယ်။ 

"ဒီနေ့တော့ သွင်းဂိုး ၁၀၀ အတွက် အောင်ပွဲခံရတော့မယ်ထင်တယ်လို့ ကျွန်တော်တွေးခဲ့မိတယ်၊ ဒါပေမယ့် အမှန်တကယ်က ၁၀၁ ဂိုးအထိ ဖြစ်လာခဲ့ပါတယ်၊ ဂုဏ်ပြုပါတယ် ခရစ္စတီယာနို၊ မင်းရဲ့ ခရီးလမ်းကြောင်းက မြင့်မားတဲ့နေရာသစ်တစ်ခုကို ရောက်နေခဲ့ပါပြီ" လို့ အသက် ၇၉ နှစ်အရွယ် ဘရာဇီးလ်အကျော်အမော်ဟောင်းကြီးက ရေးသားခဲ့ပါတယ်။ 


ဘာစီလိုနာ နဲ့ လက်စတာစီးတီးကြယ်ပွင့်ဟောင်း ဂယ်ရီလိုင်နီကာကလည်း ရော်နယ်ဒိုကို ချီးကျူးစကားတွေပြောဆိုခဲ့ကာ ရှာမှရှားတဲ့ ဘောလုံးသမားလို့ အမွှမ်းတင်ခဲ့ပါတယ်။ ရော်နယ်ဒိုရဲ့ အသင်းဟောင်းမန်ချက်စတာယူနိုက်တက်ကလည်း သူတို့ကစားသမားဟောင်းကို အမှတ်တရချီးကျူးဂုဏ်ပြုခဲ့ကာ အသိအမှတ်ပြုသွားခဲ့ပါသေးတယ်။ 


Author


က္က