၂၀၂၃-၂၄ ရာသီကုန်မှာ အင်တာမီလန်နဲ့ လူကာကူတို့ စာချုပ်သက်တမ်းကုန်ဆုံးမှာပါ။
Win Kyaw Min

ကစားသမားဘဝတစ်လျှောက် ထိပ်တန်းအသင်းကြီးအများစုမှာ ကစားခွင့်ရခဲ့တဲ့ လူကာကူအနေနဲ့ ယူနိုက်တ က်အသင်းတွင် ပုံမှန်ခြေစွမ်းရရန် အခြေအနေတစ်ခုအထိ ရုန်းကန်ခဲ့ရ သူလည်းဖြစ်ပါတယ်။

ယူနိုက်တက်အသင်းတွင်ကြံ့ခိုင်မှုပိုင်းလိုအပ်ချက်နဲ့အတူပုံမှန်ခြေစွမ်းပျောက်ဆုံးခဲ့ပေမယ့်စီးရီးအေကိုပြောင်း ရွှေ့ခဲ့ပြီးနောက် အဓိကတိုက်စစ်မှူးဖြစ်လာခဲ့တဲ့ အင်တာမီလန်တိုက်စစ်မှူးလူကာကူက ပရီးမီးယားလိဂ်ကို ပြန်လည်ပြောင်းရွှေ့ဖို့ မသေချာတော့ဘူးလို့ အနာဂတ်အခြေအနေနဲ့ပတ်သတ်ပြီး ထုတ်ဖော် ပြောဆိုခဲ့မှုကို dailymail ရဲ့ဖော်ပြချက်အရ သိရပါတယ်။

အန်ဒါလက်ချ်လူငယ်စီမံကိန်းကနေ ထွက်ပေါ်လာခဲ့တဲ့ လူကာကူဟာ ပရီးမီးယားလိဂ်ထိပ်သီးအသင်းတွေဖြစ် တဲ့ ချဲလ်ဆီး၊ ဝက်စ်ဘရွန်း၊ အဲဗာတန်၊ မန်ချက်စတာယူနိုက်တက်အသင်းတို့တွင် ကစားခဲ့ဖူးသူဖြစ်ပြီး လက်ရှိ မှာလည်း အီတလီထိပ်သီးကလပ် အင်တာမီလန်အသင်းအတွက် ခြေစွမ်းပြကစားနေခဲ့သူပါ။



“ ပရီးမီးယားလိဂ်မှာ ပြန်ကစားဖို့ မတွေးမိသေးပါဘူး။ ဒါပေမဲ့ အဲဗာတန်အသင်းမှာ ဖြတ်သန်းခဲ့ရတဲ့အချိန်ကာ တွေကတကယ်ကို ပြီးပြည့်စုံခဲ့ပါတယ်။ သေချာတာတစ်ခုကတော့ အင်တာမီလန်အသင်းမှာပဲဆက်ရှိနေဦးမှာ ပါ။ စာချုပ်ကုန်တဲ့အထိပါ။ ပရီးမီးယားလိဂ်ကိုပြန်လာဖို့ဆိုတာ မသေချာတဲ့အခြေအနေပါ ” လို့ လူကာကူက ထု တ်ဖော်ပြောဆိုလိုက်တာပါ။

ယူနိုက်တက်နည်းပြဆိုးလ်ရှားနဲ့အကြား အဆင်မပြေမှုအချို့ရှိခဲ့ပြီးနောက် အင်တာမီလန်အသင်းကိုပြောင်းရွှေ့ ခဲ့တဲ့ လူကာကူအနေနဲ့ ၅နှစ်သက်တမ်းရှိစာချုပ်တစ်ရပ်ကို ချုပ်ဆိုထားသူဖြစ်ပြီး လက်ရှိအချိန်အထိဥရောပထိပ် သီးအသင်းအချို့ရဲ့ စိတ်ဝင်စားခြင်းကိုခံနေရဆဲဖြစ်ပါတယ်။

ကစားသမားဖြစ်သူအနေနဲ့ အင်တာမီလန်အသင်းမှာ စာချုပ်သက်တမ်းကုန်ဆုံးချိန်အထိဆက်ကစားသွားဖို့ ဆန္ဒရှိနေခဲ့ပြီး ကစားသမားဘဝနောက်ဆုံးအချိန်ကိုတော့ အမေရိကန်မေဂျာလိဂ်အသင်းတစ်သင်းသင်းနဲ့အ တူ ကုန်ဆုံးလိုတယ်လို့ ထုတ်ဖော်ပြောဆိုထားခဲ့သူလည်းဖြစ်ပါတယ်။


က္က