Podiatry ကောလိပ်က သုတေသန ပြုလုပ်ခဲ့တာပါ။

၂၀၁၈ ဒီဇင်ဘာနဲ့ ၂၀၁၉ ဇန်နဝါရီကာလ ပွဲတွေကို အခြေခံတွက်ချက်ထားတာ ဖြစ်ပြီး ဒီကာလအတွင်းမှာ ပရီးမီးယားလိဂ်က ၁၀၉ ပွဲအထိ ကစားပြီး အများဆုံးလို့ သိရပါတယ်။

Image result for Injury players in epl


ပရီးမီးယားလိဂ်က ကစားသမားတွေက အခြားသော ဥရောပ ထိပ်တန်းလိဂ်က ကစားသမားတွေထက် ဒဏ်ရာပြ ဿနာကို ပိုမိ ခံစားရတယ်လို့ INDEPENDENT သတင်းဌာနက ဖော်ပြလာပါတယ်။

အခုစစ်တမ်းကိုတော့ Podiatry ကောလိပ်က သုတေသန ပညာရှင်တွေက စစ်တမ်းကောက်ယူ ဖော်ပြလာတာ ဖြစ်ပြီး အခုလို ဆောင်းရာသီ အားလပ်ရပ်မှာ အခြားလိဂ်တွေ နားချိန် ပရီးမီးယားလိဂ်က ကစားနေရခြင်းက ဒဏ်ရာရဖို့ ပိုမို အလေးသာသလို ဖြစ်နေတယ်လို့ ဆိုပါတယ်။

ကောလိပ်ရဲ့ အတိုင်ပင်ခံနှင့်ခွဲစိတ်အထူးကု ဆရာဝန်ကြီး ထရီဗာက - “ စစ်တမ်းတွေအရ ပရီးမီးယားလိဂ် ကစားသမားတွေက အခြားလိဂ်က ကစားသမားတွေထက် ဒဏ်ရာရခြေ ပိုများနေတာပါ။ဒါတွေကတေ့ အရိုး၊အကြောနဲ့ကြွက်သားတွေအတွက် ပြန်လည်ကြံ့ခိုင် သန်စွမ်းဖို့ အချိန်ပိုလိုတယ်ဆိုတာ ပြနေပါတယ်။”လို့ ဆိုပါတယ်။

Image result for Injury players in epl

ပရီးမီးယားလိဂ်နည်းတူ ဘွန်ဒက်စ်လီဂါက ကစားသမားတွေကလည်း လာလီဂါနဲ့ပြင်သစ်လီဂူးဝမ်းတို့ထက် ဒဏ်ရာ ရရှိမှု ပိုများတယ်လို့ ဆိုပါသေးတယ်။

အခု စစ်တမ်းကတော့ ၂၀၁၈ ဒီဇင်ဘာနဲ့ ၂၀၁၉ ဇန်နဝါရီ ကာလတွေက ပျမ်းမျှ ၂.၄ ပွဲကို အခြေခံပြီး တွက်ချက်ရာ မှာတော့ ၄၀ ရာခိုင်နှုန်းလောက်က ဒဏ်ရာကိုယ်စီ ရှိနေကြတာလို့ သိရပါတယ်။

ဒီကာလအတွင်းမှာ ပရီးမီးယားက ၁၀၉ ပွဲအထိ ကစားထားပြီး အခြားလိဂ်တွေမှာတော့ လာလီဂါမှာ ပွဲ၈၀ ပြင်သစ်မျာ ၇၆ပွဲ၊ဂျာမနီမှာတော့ ၆၂ ပွဲပဲ ရှိနေတယ်လို့ သိရပါတယ်။

ပရီးမီးယားလိဂ်ကတော့ ဥရောပရဲ့ ထိပ်တန်းလိဂ် ၅ ခုမှာ နားရက် အနည်းဆုံးလိဂ်ဖြစ်ပြီး ပြိုင်ဆိုင်မှုနဲ့ ပရိသတ် စိတ်ဝင်စားမှု အများဆုံးလည်း ဖြစ်ပါတယ်။

Image result for injury players in laliga

ခရစ္စမတ်ကာလတွေမှာ အခြားသော လိဂ်တွေ နားရက်ရပေမယ့် ပရီးမီးယားလိဂ်မှာတော့ မရှိပါဘူး။အလားတူ ဆောင်းရာသီ အားလပ်ရက်ကိုလည်းဒီနှစ်မှ စတင်ပြီး ၂ ပတ်ပေးပေမယ့် အသင်းတိုင်း ၂ ပတ်အပြည့် မရကြပါဘူး။


ဆက်စပ်အကြောင်းအရာများ



က္က