ဘောလုံးတည်ထားပြီးချိန်မှာ လာနှောင့်ယှက်ခဲ့တာပါ။

အိုင်ယာလန်နောက်ခံလူဒါရာအိုရှေးက ရော်နယ်ဒိုတည်ထားတဲ့ ဘောလုံးကို ခြေထောက်နဲ့တမင်တကာထိပြီး အနှောင့်အယှက်ပေးခဲ့ပါတယ်။  


ပေါ်တူဂီအတွက် နှစ်ဂိုးသွင်းပြီး နိုင်ငံတကာသွင်းဂိုးကစားသမားအဖြစ် အိုင်ယာလန်နဲ့ကစားခဲ့တဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ ရယူနိုင်ခဲ့တဲ့ ရော်နယ်ဒိုဟာ ပွဲချိန် ၁၅ မိနစ်မှာ ရရှိခဲ့တဲ့ ပင်နယ်တီကိုတော့ ဝင်အောင်ကန်သွင်းနိုင်ခြင်းမရှိခဲ့ပါဘူး။ ဒါပေမယ့် ပွဲပြီးခါနီးနဲ့ နာကျင်အချိန်ပိုမှာ အသင်းအတွက် ချေပဂိုးနဲ့အနိုင်ဂိုးတွေကို ရော်နယ်ဒိုက သွင်းယူပေးခဲ့ကာ နိုင်ပွဲရယူပေးခဲသလို စံချိန်သစ်လည်း တင်နိုင်ခဲ့ပါတယ်။ 

ဒီပင်နယ်တီကို ကန်သွင်းခါနီးမှာတော့ ရော်နယ်ဒိုဟာ ဘောလုံးကိုစိတ်ကြိုက်အနေအထားမှာ တည်ထားခဲ့ပါတယ်။ ဒီနောက် ကန်သွင်းယူဖို့အတွက် စောင့်ဆိုင်းနေချိန်မှာ အိုင်ယာလန်နောက်ခံလူဒါရာအိုရှေးက ရော်နယ်ဒိုတည်ထားတဲ့ ဘောလုံးကို ခြေထောက်နဲ့တမင်တကာထိပြီး အနှောင့်အယှက်ပေးခဲ့ပါတယ်။ ဒီအချိန်မှာတော့ ရော်နယ်ဒိုတစ်ယောက် ဒေါသထွက်ခဲ့ပြီး အိုရှေးကို ဖြတ်ရိုက်ခဲ့ပါတော့တယ်။



ရော်နယ်ဒိုရဲ့ ဖြတ်ရိုက်မှုဟာ ထိထိမိိမိတော့မဟုတ်ခဲ့ပေမယ့် အိုရှေးကိုထိခဲ့ပြီး အိုင်ယာလန်သားဟာ ကွင်းပေါ်ပစ်လှဲသွားခဲ့ပါတယ်။ ဒီနောက်မှာ နှစ်ဖက်အသင်းကြားအငြင်းပွားမှုတွေရှိခဲ့ပြီး ကွင်းလယ်ဒိုင်က အိုရှေးကို အဝါကတ်ပြားပြကာသတိပေးခဲ့ပြီး ရော်နယ်ဒိုကိုတော့ တစ်စုံတစ်ရာအရေးယူခြင်းမရှိခဲ့ပါဘူး။ တွစ်တာပေါ်မှာတော့ ဒီလုပ်ရပ်အတွက် ရော်နယ်ဒိုကို အနီကတ်ပြသသင့်တယ်လို့ ပရိသတ်တချို့က ရေးသားပြောဆိုခဲ့ကာ ကွင်းလယ်ဒိုင်ကို ပြစ်တင်ခဲ့ကြပါတယ်။ 


ဒီဖြစ်ရပ်မှာတော့ ရော်နယ်ဒိုအရေးယူခံခဲ့ရခြင်းမရှိပေမယ့်လည်း အသင်းအတွက်အနိုင်ဂိုးကို သွင်းယူပေးခဲ့အပြီးမှာ ဂျာစီချွတ်အောင်ပွဲခံခဲ့တာကြောင့် အဝါကတ်ပြားပြသခံခဲ့ရပါတယ်။ ပေါ်တူဂီအနေနဲ့ ရှုံးပွဲတွေ့ဖို့ လက်တကမ်းအလိုမှာရောက်နေခဲ့ပြီး ရော်နယ်ဒိုရဲ့ ချေပဂိုးနဲ့ အနိုင်ဂိုးတွေကြောင့်သာ အသက်ရှူချောင်ခဲ့ပြီး နိုင်ပွဲရခဲ့ကာ ဒီကစားသမားအပေါ်မှာ အားကိုးအားထားပြုနေရဆဲဆိုတာလည်း ထင်ရှားခဲ့ပါတယ်။ 


က္က