ရမ်ဆေးကတော့ ဝေးလ်လက်ရွေးစင်အတွက် ပွဲပေါင်း ၆၀လောက်ကစားပေးထားတဲ့ ကွင်းလယ်လူပါ။
အီတလီကလပ် ဂျူဗင်တပ်အသင်းရဲ့ အဓိက ကွင်းလယ်ကစားသမားအာရွန်ရမ်ဆေးကတော့ မိခင် ဝေးလ်နိုင်ငံနဲ့ ခြေစမ်းပွဲကစားခွင့်လွဲချော်ခဲ့ပါပြီ။
BBC SPORTရဲ့ ဖော်ပြချက်အရ အီတလီမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုပြင်းထန်နေတာကြောင့် အလုပ်ကိစ္စ(သို့)မိသားစု အရေးပေါ်ကိစ္စကလွဲလို့ ပြည်ပထွက်ခွင့်ပိတ်ထားတယ်လို့ သိရပါတယ်။
ဒါကြောင့် ဝေးလ်က အိမ်ကွင်းမှာ ဩစတြီးယား၊အမေရိကန်အသင်းတွေနဲ့ ခြေစမ်းပွဲကစားဖို့ စီစဥ်ထားပေမယ့် နိုင်ငံအတွက် ခြေစမ်းပွဲကစားပေးခွင့်ရမယ့် အခွင့်အရေးကို ရမ်ဆေး ရရှိတော့မှာ မဟုတ်ပါဘူး။
အီတလီ ဝန်ကြီးချုပ် ဂီဆပ်ပီကွန်တီကိုယ်တိုင်က အမိန့်ထုတ်ပြန်ထားတာ ဖြစ်ပြီး ဘောလုံးပွဲတွေ အပါအဝင် ဘာ အားကစားပွဲအတွက်မှ ပြည်ပထွက်ခွင့်ရမှာ မဟုတ်ဖူးလို့ ဆိုပါတယ်။
ရမ်ဆေးအနေနဲ့ ဂျူဗင်တပ်အသင်းအတွက် ဒီရာသီ ၄ဂိုးအထိ သွင်းယူပေးထားနိုင်ပြီ ဖြစ်ပြီး ဝေးလ်လက်ရွေးစင်အ သင်းအတွက် ပွဲပေါင်း ၆၀မှာယူရို ၂၀၂၀ ခြေစစ်ပွဲတွေအပါအဝင်ကစားပေးထားပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းကတော့ ဂျူဗင်တပ်တိုက်စစ်မှူး ရော်နယ်ဒို ပေါ်တူဂီကို ခေတ္တပြန်ခွင့်ရခဲ့ပေမယ့် မိခင် အရေးပေါ် ကျန်းမာရေးအရ ဆေးရုံကိုသွားရောက်ကြည့်ရှုခဲ့တာ ဖြစ်လို့ ခွင့်ပြုချက်ရခဲ့တာပါ။