ဒီကနေ့ညကစားမယ့် ယူရိုပါလိဂ် ဗိုလ်လုပွဲအတွက် ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ ပြောသွားတာပါ။
Kyaw Ko Ko Sint

ယူရိုပါလိဂ် ဗိုလ်လုပွဲမှာ ပီတာချက်အစား လီနိုကို ပြောင်းလဲ ပွဲထုတ်ဖို့ ပရိသတ်တွေက တွန်းအားပေးနေပေ မယ့်လည်း နည်းပြ အူနိုင်းကတော့ ဝါရင့် ဂိုးသမား ပီတာချက်ဟာ ယုံကြည်မှုနဲ့ ထိုက်တန်တဲ့အကြောင်းပြသလိမ့်မယ်လို့ ပွဲကြို သတင်းစာရှင်းလင်းပွဲမှာ ပြောလိုက်တာပါ။

အာဆင်နယ်အသင်းရဲ့ နည်းပြ အူနိုင်းအမ်မရီကတော့ ဝါရင့် ဂိုးသမားကြီး ပီတာချက်ရဲ့ ရိုးသားမှု ဂုဏ်ကို အပြည့်အ၀ ယုံကြည်မှုရှိတယ်လို့ ထုတ်ဖော်ပြောလာခဲ့တယ်လို့ Daily Mail ကဖော်ပြလာပါတယ်။



ပီတာချက်က ဒီကနေ့ည ကစားမယ့် ယူရိုပါလိဂ် ဗိုလ်လုပွဲမှာ အသင်းဟောင်း ချဲလ်ဆီးနဲ့ ပြန်လည်ရင်ဆိုင်ရမှာ ဖြစ်ပြီး ပွဲထွက်ကစားလာဖို့လည်း ရှိနေသူပါ။

ဒါပေမယ့်လည်း ဗိုလ်လုပွဲမကစားခင် ရက်ပိုင်းလောက်က ပီတာချက်အနေနဲ့ ယူရိပါလိဂ် ဗိုလ်လုပွဲပြီးလို့ ကစား သမားဘဝက အနားယူတာနဲ့ ချဲလ်ဆီးအသင်းမှာ အားကစားဒါရိုက်တာအဖြစ် ပြန်လည်လုပ်ကိုင်သွားမယ်လို့ သတင်းထွက်ပေါ်လာပါတယ်။

ဒီအခြေအနေပေါ်မှာ အာဆင်နယ်ပရိသတ်အချို့က ပီတာချက်အနေနဲ့ အသင်းဟောင်းနဲ့လည်း ပြန်အတွေ့ ပွဲအပြီးမှာလည်း အသင်းဟောင်းဖက်မှာ တာဝန်သွားထမ်းဆောင်မယ်ဆိုတဲ့အပေါ် မယုံသင်္ကာမှုများ ဖြစ်ပေါ်နေတာကြောင့် ဂိုးသမားလီနိုကို ပွဲထွက်ပါဝင်ကစားစေချင်နေတာ ဖြစ်ပါတယ်။

ဒီအခြေအနေပေါ်မှာတော့ - “ ချက်ကို အများကြီး လေးစားပါတယ်၊ ပထမဆုံးအနေနဲ့ သူ့ကို လူပုဂ္ဂိုလ်အဖြစ် ဒုတိယအနေနဲ့ ပရော်ဖက်ရှင်နယ်ကစားသမားအဖြစ်နဲ့ရော သူ့ဘ၀ ဖြတ်သန်းမှုက အထင်ကြီးစရာပါပဲ။ကျွန် တော်ကတော့သူဟာ ယုံကြည်မှုနဲ့ ထိုက်တန်သူလို့ မြင်ပါတယ်။သူ့ကို ကျွန်တော်တို့ မယုံကြည်နိုင်စရာ အကြောင်းပြချက်တစ်ခုများ ရှိနေလို့လား?” လို့ အာဆင်နယ်အသင်းရဲ့ နည်းပြ အမ်မရီ ကတော့ ပွဲကြို သတင်းစာရှင်းလင်းပွဲမှာ ပြောသွားခဲ့ပါတယ်။

အခြားတဖက်မှာလည်း ပီတာချက်အနေနဲ့ အာဆင်နယ်အသင်းကို ယူရိုပါလိဂ် ချန်ပီယံ ဖြစ်အောင် ကူညီနိုင်ခဲ့ မယ်ဆိုရင် အသင်းဟောင်းတစ်သင်းဖြစ်တဲ့ စပါတပ်ပရာဟာအသင်းကို လာမယ့်နှစ် ခြေစစ်ပွဲအောင်အောင် ကူညီနိုင်ရာ ရောက်နေတဲ့ အခြေအနေတစ်ခုလည်း ရှိနေပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က