မိမိ သစ္စာစောင့်သိနေတဲ့အသင်းနဲ့ ကစားသမားတွေဟာ အခြားလူအတွက် ရန်သူတွေဖြစ်သလို အခြားလူရဲ့သစ္စာစောင့်သိနေတဲ့အသင်းနဲ့ ကစားသမားတွေဟာလည်း မိမိအတွက် ရန်သူတွေ ဖြစ်နေတတ်ပါတယ်။
ဘောလုံးအားကစားဟာ စိတ်ခံစားမှုအပြင်းထန်ဆုံး အားကစားတစ်ခုဖြစ်ပြီး ကမ္ဘာပေါ်က လူတွေက ရပ်တည်မှုတွေ ကွဲပြားသွားစေနိုင်ပါတယ်။ အချို့က ဘောလုံးကို စိတ်ဖျော်ဖြေမှု ပေးစွမ်းနိုင်တဲ့အရာတစ်ခုအဖြစ် အသုံးပြုကြပြီး အများစုကတော့ ဘာသာတရားတစ်ခုလို ရူးသွပ်စွာ ကိုးကွယ်ကြတာဖြစ်ပါတယ်။
ရူးသွပ်ခြင်းရဲ့နောက်ကွယ်မှာ အသင်းစွဲ၊ ပုဂ္ဂိုလ်စွဲတွေ ရောယှက်လာပြီး ပရိသတ်တစ်ဦးထက် သစ္စာတော်ခံတစ်ဦးအဖြစ် ပြောင်းလဲလာတဲ့အခါမှာ ပြိုင်ဘက်အသင်းနဲ့ ပြိုင်ဘက်ကစားသမားတွေကို ရန်သူအဖြစ် မသိစိတ်ထဲမှာ အလိုလိုသတ်မှတ်လိုက်ပါတယ်။ ပရိသတ်တွေရဲ့ ချစ်ခင်မှုအများဆုံးခံရတဲ့ကစားသမားတွေဟာ မုန်းတီးမှုအခံရဆုံးကစားသမားတွေဖြစ်နေတတ်ပါတယ်။ အဲဒီလို ချစ်ခြင်း၊ မုန်းခြင်း အစွန်း၂ ဘက်ကြားမှာ ရပ်တည်နေတဲ့ ကစားသမား ၃ ဦးကို ဖော်ပြလိုက်ပါတယ်။
၃။ ဒယ်လီအလီ
မြောက်လန်ဒန်ဒါဘီဟာ ကမ္ဘာ့ဘောလုံးဇာတ်ခုံမှာ အပြင်းထန်ဆုံးဒေသတွင်းပြိုင်ဆိုင်မှုတွေထဲက တစ်ခုဖြစ်ပါတယ်။ အာဆင်နယ်နဲ့ တော့တင်ဟမ်ဟော့စပါးအသင်းတို့ဟာ ၁၉၈ ကြိမ်အထိ တွေ့ဆုံယှဉ်ပြိုင်ခဲ့ကြပြီး နှစ်ကြာလေ ပြိုင်ဆိုင်မှုတွေဟာ ပိုမိုအစွန်းရောက်လေ ဖြစ်လာခဲ့တာဖြစ်ပါတယ်။ တော့တင်ဟမ်ဟော့စပါးကြယ်ပွင့် အလီဟာ အင်္ဂလိပ်လူမျိုးဖြစ်ပေမယ့်လည်း အာဆင်နယ်ပရိသတ်တွေဆီက ဘယ်တော့မှာ အသိအမှတ်ပြုချီးကျူးမှု ရရှိနိုင်မှာမဟုတ်ပါဘူး။
အလီလောက် အာဆင်နယ်ပရိသတ်တွေကို ဒေါသထွက်စေတဲ့ကစားသမား ကမ္ဘာပေါ်မှာ မရှိတော့ဘူးလို့တောင် ဆိုရလောက်တဲ့အထိ အလီဟာ အာဆင်နယ်နဲ့တွေ့ဆုံတိုင်း အဆုံးအဖြတ်အခိုက်အတံ့တွေမှာ မကြာခဏ ဂိုးသွင်းယူပြီး အာဆင်နယ်သစ္စာတော်ခံပရိသတ်တွေကို နာကျင်စေခဲ့တာဖြစ်ပါတယ်။ တော့တင်ဟမ်ဟော့စပါးကို အာဆင်နယ်ပရိသတ်တွေ ဘယ်လောက်မုန်းတီးလဲဆိုတာ ဥပမာပေးပါဆိုရင် အလီဆိုတဲ့ စကားလုံးတစ်ခုတည်းနဲ့တင် လုံလောက်ပြီလို့ ဆိုရလောက်တဲ့အထိပဲ ဖြစ်ပါတယ်။
၂။ မက်ဆီ
ရီးရဲမက်ဒရစ်ပရိသတ်တိုင်းရဲ့ဘဝအတွက် စိတ်အနှောင့်အယှက်အပေးနိုင်စွမ်း ကတ်တလန်သူရဲကောင်း လီယွန်နယ်မက်ဆီဟာ ကမ္ဘာပေါ်မှာ လူပြောအခံရဆုံး ထိပ်တန်းကစားသမားဖြစ်ပါတယ်။ အသက် ၃၁ နှစ်အရွယ်ရှိပြီဖြစ်တဲ့ မက်ဆီဟာ ဘောလုံးသမိုင်းတလျှောက် အကောင်းဆုံးကစားသမားအဖြစ် အချို့က သတ်မှတ်ထားပြီး မက်ဆီ လျှောက်လှမ်းခဲ့တဲ့ မြေပြင်ကိုတောင် သဲဖြူခင်း ရာဇမတ်ကာပြီး အလေးအမြတ် ဝတ်ပြုကိုးကွယ်လိုနေကြတာဖြစ်ပါတယ်။
ဒါပေမယ့် မက်ဒရစ်သားတွေရဲ့ မျက်လုံးထဲမှာတော့ မက်ဆီဟာ ဘာတခုမှ မှန်ကန်အောင် မပြုလုပ်နိုင်သူလို့ပဲ မြင်နေကြတာဖြစ်ပါတယ်။ မက်ဆီကို မုန်းတီးကြတာဟာ ဘာစီလိုနာအသင်းကို ကိုယ်စားပြုရုံတစ်ခုတည်းကြောင့်မဟုတ်ဘဲ ပြိုင်ဘက်ကင်းတဲ့စွမ်းရည်ကြောင့်လည်း ပါပါတယ်။
ပြီးခဲ့တဲ့ဆယ်စုနှစ်ပေါင်းများစွာက ဘာစီလိုနာအသင်းထက် မက်ဆီကို ပိုင်ဆိုင်ထားတဲ့ ဘာစီလိုနာအသင်းဟာ ရီးရဲမက်ဒရစ်အသင်းကို ပိုမိုလွှမ်းမိုးနိုင်ခဲ့တာဖြစ်ပြီး မက်ဆီဟာ လာလီဂါဖလားကို ၁၀ ကြိမ်အထိ ရယူထားတာဖြစ်ပါတယ်။ သေချာတာကတော့ မက်ဆီရဲ့ အောင်မြင်မှုနဲ့ စွမ်းရည်အကြောင်း အသိအမှတ်ပြု ချီးကျူးတဲ့ ရီးရဲမက်ဒရစ်ပရိသတ်တစ်ဦးတစ်ယောက်မှ မက်ဒရစ်မြို့မှာ မြင်တွေ့ရဖို့ မျှော်လင့်နိုင်မှာမဟုတ်ပါဘူး။
၁။ ဆာဂျီယိုရာမို့စ်
ဘာစီလိုနာပရိသတ်တွေရဲ့ အမုန်းတီးဆုံးလူကို ပြပါဆိုရင် ဆာဂျီယိုရာမို့စ်ကိုပဲ ညွှန်ပြရမှာဖြစ်ပါတယ်။ ဘာစီလိုနာပရိသတ်တွေဟာ ဘယ်လောက်အထိတောင် ရာမို့စ်ကို မုန်းတီးလဲဆိုရင် စပိန်လက်ရွေးစင်အသင်းကို အားပေးရတာတောင်မှ ရာမို့စ် ပါဝင်နေတဲ့အတွက် နာကျင်ရတဲ့အထိပဲ ဖြစ်ပါတယ်။
စပိန်အသင်း အောင်မြင်မှုမရရှိခဲ့ဘူးဆိုရင် ဘာစီလိုနာပရိသတ်တွေဟာ ကစားသမားများစွာရှိတဲ့အနက်မှ ဆာဂျီယိုရာမို့စ်ကို အုံလိုက်ကျင်းလိုက် ဝိုင်းဝန်းကဲ့ရဲ့ပြစ်တင်တတ်ကြပါတယ်။ ရီးရဲမက်ဒရစ်ဂန္တဝင်ရာမို့စ်ဟာ လွန်ခဲ့တဲ့ဆယ်စုနှစ်လောက်ကတည်းက ဘာနေဗျူးမှာ ရှိနေခဲ့သူဖြစ်ပြီး အသင်းအတွက် အရာအားလုံးပေးဆပ်သူကို ဥပမာပြဖို့ အပြည့်စုံဆုံးသူဖြစ်ပါတယ်။
အသက် ၃၃ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ရာမို့စ်ဟာ ဆုဖလားပေါင်း ၂၀ ကို ကိုင်မြှောက်ထားနိုင်ခဲ့ပြီး ရတောင့်ရခဲချန်ပီယံလိဂ်ဖလားကို ၄ နှစ်ဆက် ကိုင်မြှောက်ထားနိုင်တဲ့ကစားသမားလည်းဖြစ်ပါတယ်။ ရာမို့စ်ဟာ ဆုဖလားအောင်မြင်မှုတွေအတွက်သာ မကဘဲ ဘာစီလိုနာအသင်းပရိသတ်တွေရဲ့အမုန်းတီးဆုံးသူဖြစ်နေတာကြောင့် ရီးရဲမက်ဒရစ်အသင်းသမိုင်းမှာ အကောင်းဆုံးနောက်ခံကစားသမားအဖြစ် သတ်မှတ်ခြင်းခံထားရသူဖြစ်ပါတယ်။