ကိုဗစ်ကြောင့် ဘောလုံးပွဲတွေကို ကွင်းပိတ် ကစားနေစေတာပါ။

ဆွီဒင်ကို ၂-၀နဲ့ အနိုင်ရခဲ့တဲ့ပွဲအပြီးမှာ ပြောသွားတာ ဖြစ်ပြီး အဆိုပါ ပွဲမှာ ရော်နယ်ဒိုက ၂ဂိုး စလုံးကို သွင်းယူ ပေးခဲ့သူပါ။

ဆွီဒင်ကို ၂-၀နဲ့ အနိုင်ရခဲ့တဲ့ နေးရှင်းလိဂ်ပွဲစဥ်အပြီးမှာ ပရိသတ်မပါပဲ ကစားရတဲ့ ဘောလုံးပွဲဟာ လူရွှင်တော် ကို မမြင်ရတဲ့ ဆပ်ကပ်ပွဲတစ်ခုကို ကြည့်နေရသလိုပဲဟု ရော်နယ်ဒိုက နှိုင်းယှဥ်ပြောခဲ့တယ်လို့ Goal.com က ဖော်ပြ လာပါတယ်။



ရော်နယ်ဒိုကတော့ ဆွီဒင်အသင်းဖက်ကို ၂ဂိုးစလုံးသွင်းယူပေးနိုင်ခဲ့သူ ဖြစ်ပြီး အဆိုပါ သွင်းဂိုးတွေကြောင့်ပဲ ရော် နယ်ဒိုဟာ နိုင်ငံတကာ သွင်းဂိုး ၁၀၁ ဂိုးပြည့်မြောက်ခဲ့ပါပြီ။

ယခုကစားနေတဲ့ ပွဲအားလုံးကို ကိုဗစ် ရောဂါ ကူးစက်နေမှုကြောင့် ကွင်းပိတ် ကစားနေစေတာ ဖြစ်ပြီး အခုလို ကွင်း ပိတ်ကစားရတဲ့အပေါ် ရော်နယ်ဒိုက သုံးသပ်ပြောခဲ့တာပါ။

“ကိုယ်လုပ်ချင်တာ လုပ်ပြီးရင် နောင်တရစရာတော့ မရှိပါဘူး လက်ရှိအချိန်မှာ WHOက မလုံခြုံဘူးလို့ ကြေညာ လိုက်ရင် ကျန်းမာရေးက အဓိကပါပဲ၊အရေးကြီးဆုံးကတော့ လူပါပဲ။”လို့ ရော်နယ်ဒိုက ပြောခဲ့ပါတယ်။

ဒါ့အပြင် အခုလို ပရိသတ်မပါပဲ ကစားနေရတဲ့ ဘောလုံးပဲဟာလည်း လူရွှင်တော်မပါတဲ့ ဆပ်ကပ်တစ်ခု၊ပန်းတွေ မရှိတဲ့ ဥယျာဥ်တစ်ခုနဲ့ တူတယ်လို့ ရော်နယ်ဒိုက ဆက်လက် နှိုင်းယှဥ် ပြောခဲ့ပါသေးတယ်။

ပေါ်တူဂီအသင်းဟာ ရော်နယ်ဒို မပါဝင်ခဲ့တဲ့ ခရိုအေးရှားနဲ့ပွဲမှာ ၄-၁ဂိုးဆိုတဲ့ ရလဒ်နဲ့ ပြိုင်ဖက်ကို သက်တောင့် သက်သာ အနိုင်ယူပြနိုင်ခဲ့တာကြောင့် အသင်းမှာ ရော်နယ်ဒိုရဲ့ အရေးပါတဲ့ အခန်းကဏ္ဍ မှေးမှိန်စပြုနေပြီလို့ သတင်းတွေက ဖော်ပြနေတဲ့အပေါ်မှာလည်း - “ ကျွန်တော် သတင်းတွေနောက် မလိုက်ပါဘူး၊ဒါတွေက အမြင် သက်သက်ပါပဲ။အခုကစားခဲ့တဲ့ စတော့ဟုမ်းမှာ ကျွန်တော် အမှတ်အသားတွေ ချန်ခဲ့ဖူးပါတယ်၊အခုလည်း ဒီအတိုင်းပါပဲ။”လို့ ရော်နယ်ဒိုက ပြောခဲ့ပါတယ်။

Share

Loading Next Article...
က္က