အသင်းသစ်ကြေညာမယ်လို့ ဆိုခဲ့ပြီး စိတ်လှုပ်ရှားစေခဲ့ပါတယ်။
Pyae Phyo Thein

ဒီနေ့မှာတော့ ဆောလ်နီဂွက်ဇ်က သူနဲ့ သူ့ရဲ့အစ်ကိုဖြစ်သူ အာရွန်တို့ ပူးပေါင်းပြီးတော့ အယ်လ်ချီမြို့မှာ ကလပ်ကိုစတာစီးတီးအသင်းဆိုတဲ့ အသင်းသစ်ကို တည်ထောင်လိုက်ပြီလို့ ကြေညာသွားခဲ့ပါတယ်။


အက်သလက်တီကိုမက်ဒရစ်အသင်းရဲ့ ကွင်းလယ်လူဆောလ်နီဂွက်ဇ်ကတော့ အားလုံးကို ပိပိရိရိနဲ့ လှည့်စားပြီးနောက်ပြောင်သွားနိုင်ခဲ့ပြီဖြစ်ပါတယ်။ သူ့ရဲ့တွစ်တာမှာ အသင်းသစ်ကို ၃ ရက်အတွင်း ကြေညာသွားမယ်လို့ ရေးသားခဲ့ပြီး ပရိသတ်တွေကို စိတ်လှုပ်ရှားစေခဲ့ကာ ဘယ်အသင်းကို ပြောင်းရွှေ့မလဲလို့ အားလုံးက စောင့်ကြည့်နေခဲ့ကြပါတယ်။ 

ဒါပေမယ့် ဒီနေ့မှာတော့ ဆောလ်နီဂွက်ဇ်က သူနဲ့ သူ့ရဲ့အစ်ကိုဖြစ်သူ အာရွန်တို့ ပူးပေါင်းပြီးတော့ အယ်လ်ချီမြို့မှာ ကလပ်ကိုစတာစီးတီးအသင်းဆိုတဲ့ အသင်းသစ်ကို တည်ထောင်လိုက်ပြီလို့ ကြေညာသွားခဲ့ပါတယ်။ ဒါဟာ ပရိသတ်တွေအတွက် မှန်းချက်နဲ့ နှမ်းထွက်မကိုက်ခဲ့တာဖြစ်ပြီး ဆောလ်နီဂွက်ဇ်ရဲ့ လှလှပပနောက်ပြောင်မှုကို ခံခဲ့ရတာလည်းဖြစ်ပါတယ်။ 



ဆောလ်နီဂွက်ဇ်ကို ခေါ်ယူဖို့ ထိပ်တန်းအသင်းတချို့က စိတ်ဝင်စားနေခဲ့သလို အက်သလက်တီကိုမက်ဒရစ်အသင်းကလည်း ဘဏ္ဍာရေးပြသနာရှိနေခဲ့လို့ သူတို့ရဲ့ကစားသမားကို ရောင်းချတော့မယ်လို့ အားလုံးက ယူဆခဲ့ကြပါတယ်။ ဒီအချိန်မှာပဲ ကစားသမားက အသင်းသစ်ကို ကြေညာမယ်လို့ ရုတ်တရက်အသိပေးခဲ့လို့ ပရိသတ်အများအပြား စိတ်လှုပ်ရှားခဲ့ရပါတယ်။

အဆုံးသတ်မှာတော့ ဆော်လ်နီဂွက်က အသင်းသစ်တစ်ခုကို တည်ထောင်ခဲ့တာသာ ဖြစ်တယ်လို့ အသိပေးသွားခဲ့ပါတယ်။ သူတို့တည်ထောင်ခဲ့တဲ့ Club Costa City အနေနဲ့ အခြားသော အသင်းပေါင်း ၃၀ နဲ့ အသက် ၄ နှစ်ကနေ ၁၈ နှစ်အတွင်းရှိတဲ့ ကစားသမားပေါင်း ၅၀၀ ကျော်ကို စုစည်းပေးနိုင်မယ်လို့လည်း မန်ချက်စတာညနေခင်းသတင်းစာရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။ 


Author


က္က