ဘောလုံးပွဲစဉ်တွေဆက်ပြီးရွှေ့ဆိုင်းရဖို့ရှိနေဆဲဖြစ်ပါတယ်။
Win Kyaw Min

ဘောလုံးပွဲတွေအပါအဝင် အားကစားပွဲစဉ်တွေအားလုံး ပြန်လည်ကျင်းပနိုင်ဖို့အတွက် မသေချာတဲ့အခြေအနေ နဲ့ ရင်ဆိုင်နေရဆဲဖြစ်ပါတယ်။

ဖီဖာဥက္ကဋ္ဌအင်ဖာတီနိုက ဘောလုံးလောကကြုံတွေ့နေရတဲ့အခက်အခဲတွေကို နားလည်သလို သိပ်မကြာသော ကာလအတွင်း ညီညီညွှတ်ညွှတ်နဲ့ကျော်ဖြတ်နိုင်မယ်လို့ ယုံကြည်ပါကြောင်း ထုတ်ဖော်ပြောဆိုမှုကို dailymail ရဲ့ အကျယ်တဝင့်ဖော်ပြချက်အရ သိရပါတယ်။

လက်ရှိမှာ ဥရောပထိပ်တန်းလိဂ်တွေအားလုံးရပ်နားထားခဲ့ရပြီးဖြစ်သလို ဆက်လက်ပျံ့နှံ့ကူးစက်နေဆဲဖြစ်တဲ့ ကိုရိုနာဗိုင်းရပ်စ်အန္တရာယ်ကြောင့် ယူရို၂၀၂၀၊ တိုကျိုအိုလံပစ်ပြိုင်ပွဲအားလုံးကိုလည်း ရွှေ့ဆိုင်းထားရပြီလည်း ဖြစ်ပါတယ်။



“ အခက်အခဲတွေကြားထဲကနေ ပြန်လည်ရုန်းထွက်နိုင်မှာပါ။ အိမ်မက်ဆိုးတွေကို အတူတူကျော်ဖြတ်နိုင်မယ်လို့ လည်း ယုံကြည်ပါတယ်။ အထူးသဖြင့် အရင်ကထက်ပိုကောင်းလာမယ်၊ ပိုပြီးသန်မာလာမယ်၊ လူသားပိုဆန် လာမယ့်အပြင် ပိုပြီးတန်ဖိုးရှိလာပါလိမ့်မယ် ” လို့ ဖီဖာဥက္ကဋ္ဌအင်ဖာတီနိုပြောဆိုလိုက်တာပါ။

ဒီကနေ့မနက်ဖော်ပြထားတဲ့ worldometers.info ရဲ့ဖော်ပြချက်အရ တစ်ကမ္ဘာ့လုံးကူးစက်ခံရသူ တစ်သန်း ကျော်လွန်ခဲ့ပြီဖြစ်ပြီး ပြန်လည်သက်သာလာသူ ၂၁၃,၁၆၄ ယောက်ရှိနေခဲ့သလို သေဆုံးသူအရေအတွက်က တော့ ၅သောင်းကျော်ခဲ့ပြီဖြစ်တဲ့အတွက် သတ်မှတ်ထားတဲ့ ရက်အတိုင်းဘောလုံးပွဲစဉ်တွေပြန်လည်ကျ င်းပနို င်ဖို့ အခက်အခဲအချို့ရှိနေဆဲလည်းဖြစ်ပါတယ်။

ရာသီသစ်စတင်ကျင်းပနေတဲ့ ဘီလာရုစ်အမှတ်ပေးလိဂ်ပြိုင်ပွဲတွေကလွဲရင် ကျန်နိုင်ငံအားလုံးရဲ့ဘောလုံးပွဲစဉ် တွေအားလုံးရပ်နားထားခဲ့ရပေမယ့် စတင်ဖြစ်ပွားခဲ့တဲ့ တရုတ်နိုင်ငံမှာတော့ ပြည်တွင်းအမှတ်ပေးလိဂ်ပွဲ စဉ်ေ တွကို ပြန်လည်ကျင်းပဖို့ညှိနှိုင်းနေမှုတွေပြုလုပ်နေပြီဖြစ်ပြီး အခုလအတွင်းပြန်လည်ကျင်းပဖို့ရှိနေတယ်လို့လ ည်း သတင်းဖော်ပြမှုတွေရှိနေခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ


က္က