အခွင့်အရေးတွေ အသုံးမချနိုင်ခဲ့လို့ အရေးနိမ့်ခဲ့ကြောင်း ပြောခဲ့တာပါ။
Pyae Phyo Thein

မန်ချက်စတာယူနိုက်တက်အသင်းရဲ့အသင်းခေါင်းဆောင် ဟယ်ရီမက်ဂွိုင်းယားက ဆီဗီလာကို ရှုံးနိမ့်ခဲ့အပြီးမှာ ပိုကောင်းတဲ့အသင်းအရေးနိမ့်ခဲ့ရတယ်လို့ ညည်းတွားပြောဆိုသွားခဲ့ပါတယ်။ ယူနိုက်တက်ဟာ ဦးဆောင်ဂိုးရရှိခဲ့ပေမယ့် ချေပဂိုးနဲ့ အနိုင်ဂိုးတွေ ခွင့်ပြုခဲ့ရပြီး အပိုင်အခွင့်အရေးတွေကို အသုံးမချနိုင်ခဲ့တာကြောင့် ယူရိုပါလိဂ်ဆီမီးဖိုင်နယ်အဆင့်နဲ့သာ ကျေနပ်ခဲ့ရပါတယ်။

အန်သိုနီမာရှယ်သာ အခွင့်အရေးတွေကို အသုံးချနိုင်ခဲ့မယ်ဆိုရင် ယူနိုက်တက်အနေနဲ့ ဗိုလ်လုပွဲကိုတက်ရောက်နိုင်စရာရှိခဲ့သလို နည်းပြဆိုးလ်ရှားသာ ပွဲချိန်အတွင်းအပြောင်းအလဲတွေကို ချိန်သားကိုက်လုပ်နိုင်ခဲ့မယ်ဆိုရင်လည်း ယူနိုက်တက်အတွက် အခြေအနေကောင်းခဲ့ဖွယ်ရာရှိခဲ့ပါတယ်။ ဒါပေမယ့်လည်း ဒီဂျောင်ရဲ့ ဂိုးကို ပြန်လည်ချေပနိုင်ခြင်းမရှိတဲ့နောက် ယူနိုက်တက်တို့ အရေးနိမ့်ခဲ့ရပါတယ်။ 

ပွဲအပြီးမှာ BT Sport နဲ့ အင်တာဗျူးခဲ့တဲ့ မက်ဂွိုင်းယားက "ခက်ခဲခဲ့ပါတယ်၊ ကျွန်တော်တို့အားလုံးလည်း ဒီရှုံးပွဲအတွက် စိတ်ပျက်လက်ပျက်ဖြစ်နေရပါတယ်၊ အခွင့်အလမ်းအများအပြားဖန်တီးနိုင်ခဲ့ပြီး ဒီပွဲကိုအနိုင်ရခဲ့သင့်တာပါ၊ ပိုကောင်းတဲ့အသင်းက ရှုံးနိမ့်ခဲ့ရပြီး အခွင့်အရေးတွေကို အသုံးမချနိုင်ခဲ့တဲ့ ကျွန်တေ်ာတို့ကို သူတို့က အပြစ်ပေးသွားတာပါပဲ"


"ဒီနှစ်မှာ ကျွန်တေ်ာတို့တွေ ပြတ်ပြတ်သားသားနိုင်ပွဲတွေရရှိခဲ့ပေမယ့် ဒီနေ့ညမှာတော့ မဟုတ်ခဲ့ပါဘူး၊ နောက်တဆင့်ကိုရောက်ဖို့ ကျွန်တော်တို့ထိုက်တန်ခဲ့ပေမယ့်လည်း တစ်နှစ်အတွငး်မှာပဲ ဆီမီးဖိုင်နယ်သုံးပွဲအထိ အရေးနိမ့်ခဲ့ပြီး အရမ်းစိတ်ပျက်စရာဖြစ်ခဲ့ရပါတယ်" လို့ မက်ဂွိုင်းယားက ပြောဆိုသွားခဲ့ပါတယ်။


ယူနိုက်တက်ဟာ ကာရာဘောင်းဖလား၊ အက်ဖ်အေဖလား နဲ့ ယူရိုပါလိဂ်ပြိုင်ပွဲတွေမှာ ဆီမီးဖိုင်နယ်အဆင့်ထိ တက်ရောက်နိုင်ခဲ့ပြီး ဗိုလ်လုပွဲကိုတော့ တက်ရောက်နိုင်ခဲ့ခြင်းမရှိတာလည်းဖြစ်ပါတယ်။ 


Author


က္က