ကူဇဝါက ၆ပွဲနဲ့ လီအန်ဒရိုက ၂ပွဲ အသီးသီး ပွဲပယ် ကျခံခဲ့ရပါသေးတယ်။

နေမာစွပ်စွဲထားတဲ့ မာဆေးလ်ကစာသမားက လူမျိုးရေးခွဲခြားတဲ့ အသုံးအနှုန်း ပြောဆိုခဲ့တာကိုလည်း စုံစမ်း စစ်ဆေးမယ်လို့ ပြင်သစ် ဘောလုံးအာဏာပိုင်အဖွဲ့အစည်းက တရားဝင် ထုတ်ပြန်လာပါတယ်။

ပီအက်စ်ဂျီ တိုက်စစ်မှူး နေမာကို ပြင်သစ်ဘောလုံးအာဏာပိုင်အဖွဲ့အစည်းက ၂ပွဲပယ်ပြစ်ဒဏ်ချမှတ်လိုက်တယ် လို့ BBC SPORT သတင်းဌာနက ဖော်ပြလာပါတယ်။



နေမာအနေနဲ့ မာဆေးလ်ကို ၁-၀နဲ့ အရေးနိမ့်ခဲ့တဲ့ ပွဲမှာ ပြိုင်ဖက် ကစားသမားရဲ့ ဦးခေါင်းအနောက်ဖက်ပိုင်းကို လက်ဖြင့်ပုတ်ခဲ့တာကြောင့် ကွင်းလယ်ဒိုင်က အဆိုပါပွဲမှာပင် အနီကဒ်ပြ ထုတ်ပယ်ခဲ့သူပါ။

ဒါ့အပြင် နေမာက သူ့အနေနဲ့ လူမျိုးရေး ခွဲခြားခံရတာကြောင့်သာ လုပ်ခဲ့ရတာဖြစ်တယ်လို့ မာဆေးလ်နောက်ခံလူ အယ်ဗာရိုကို စွပ်စွဲထားတဲ့ ကိစ္စကိုလည်း စုံစမ်းစစ်ဆေး အရေးယူသွားမယ်လို့သိရပါတယ်။

နေမာအနေနဲ့ ဒီဖြစ်စဥ်ကို လူမှုကွန်ရက်မှာလည်း တင်ခဲ့ပြီး သူ့ကို မာဆေးလ်နောက်ခံလူ အယ်ဗာရိုက လူမျိုးရေး ခွဲခြားတဲ့ အသုံးအနှုန်းတွေ ပြောဆိုခဲ့တာကို VAR စနစ်နဲ့ ပြန်လည်ကြည့်ရှုပြီး စုံစမ်းပေးဖို့ တာဝန်ရှိသူတွေကို တောင်းဆိုထားတာပါ။

ဒီစွပ်စွဲချက်အပေါ်မှာတော့ မာဆေးလ်နောက်ခံလူက သူမပြောခဲ့ဘူးလို့ ပြန်လည်ငြင်းဆိုထားတာလည်း ရှိပါ တယ်။

အချင်းများမှု ဖြစ်ပွားခဲ့တဲ့ အဆိုပါ ပီအက်စ်ဂျီ ၀ - ၁ မာဆေးလ်ပွဲမှာ အခြားကစားသမား ၄ဦးလည်း ထုတ်ပယ်ခံခဲ့ ရပြီး နေမာရဲ့ အသင်းဖော် ကူဇဝါကတော့ အနီကဒ်ကြောင့် ၆ပွဲအထိ ပွဲပယ်ခံလိုက်ရတယ်လို့လည်းသိရပါတယ်။

အခြားအသင်းဖော် လီအန်ဒရိုကလည်း ၂ပွဲပယ်ပြစ်ဒဏ်ကျရောက်ခဲ့ကာ မာဆေးလ်က ကစာသမား ၂ဦးအနက် တစ်ဦးက ၃ပွဲပယ်နဲ့ တစ်ဦးကတော့ တစ်ပွဲပယ်သာ ကျရောက်ခဲ့ကြပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က