ငွေကြေးကြောင့် ဒေါ့မွန်ကို ရွေးချယ်တယ်လို့ ဝေဖန်ခံခဲ့ရတာပါ။
Pyae Phyo Thein

အသက် ၁၉ နှစ်အရွယ်တိုက်စစ်မှူးအတွက် ဒေါ့မွန်က ယူရိုသန်း ၂ဝပေးချေခဲ့ရပြီး စာချုပ်ပါအချက်အလက်တချို့ကြောင့် ယူနိုက်တက်ဘက်က နောက်ဆုတ်ခဲ့တယ်လို့ သတင်းတွေထွက်ခဲ့ပါတယ်။


မန်ချက်စတာယူနိုက်တက်အသင်းကို ငြင်းဆန်ပြီး ဒေါ့မွန်ကို ပြောင်းရွှေ့ခဲ့တာဟာ ငွေကြေးကြောင့်မဟုတ်ဘူးလို့ နော်ဝေကြယ်ပွင့်ဟာလန်းက Sky Sports နဲ့ တွေ့ဆုံမှုမှာ ပြောဆိုလိုက်ပါတယ်။ ဟာလန်းဟာ ပြီးခဲ့တဲ့ ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ ဒေါ့မွန်ကို ပြောင်းရွှေ့ခဲ့ပြီး ခြေစွမ်းပြကစားပေးနေကာ ဘွန်ဒက်လီဂါမှာစံချိန်သစ်တွေပိုင်ဆိုင်ခဲ့ပါတယ်။

အသက် ၁၉ နှစ်အရွယ်တိုက်စစ်မှူးအတွက် ဒေါ့မွန်က ယူရိုသန်း ၂ဝပေးချေခဲ့ရပြီး စာချုပ်ပါအချက်အလက်တချို့ကြောင့် ယူနိုက်တက်ဘက်က နောက်ဆုတ်ခဲ့တယ်လို့ သတင်းတွေထွက်ခဲ့ပါတယ်။ ဒါပေမယ့် ရွိုင်အိုလာကတော့ ယူနိုက်တက်ဘက်က ခေါ်ယူနိုင်ဖို့လုံလောက်တဲ့ အားထုတ်မှုမရှိခဲ့သလို ကစားသမားကိုယ်တိုင်က ဒေါ့မွန်ကိုသာ ရွေးချယ်ခဲ့တာလို့လည်း ဖွင့်ဟခဲ့ဖူးပါတယ်။ 

"ငွေကြေးကြောင့်ဆိုတာ လုံးဝမဟုတ်ပါဘူး၊ လူတွေက သူတို့ပြောချင်တာကို လျှောက်ရေးနေကြတာပါ၊ တကယ်လို့ ကျွန်တော်နဲ့တွေ့ခဲ့မယ်ဆိုရင် ဒီအကြောင်းကို သူတို့ရှင်းပြရပါလိမ့်မယ်၊ ဒီလိုမျိုးခေါင်းစဉ်တပ်တာက ကျွန်တော့်အတွက်တော့ ရယ်ချင်စရာပါပဲ၊ ကျွန်တော်နဲ့ နီးစပ်တဲ့သူတိုင်းက ကျွန်တော်ဒီလိုလူမျိုးမဟုတ်ဘူးဆိုတာကို သိပါတယ်၊ အဲဒါတွေက တကယ့်ကိုဟာသတွေပါ"

"ကျွန်တော့်အဖေနဲ့ ကျွန်တော်တို့ စကားပြောခဲ့ကြတော့ ဒေါ့မွန်ကို ပြောင်းဖို့ သူ့ဘက်ကမှတ်ချက်ပေးတာမျိုးမရှိခဲ့ပါဘူး၊ ဘယ်အသင်းက ပိုပြီးတော့ကောင်းမလဲဆိုတာကိုပဲ မေးခွန်းထုတ်ခဲ့ကြပြီး စောင့်ကြည့်ခဲ့ကြတာပါ၊ အဲဒီနောက်မှာ ကျွန်တော့်ရဲ့ခံစားချက်နဲ့ ရွေးချယ်မှုပြုလုပ်ခဲ့ပြီးတော့ ရိုးရိုးရှင်းရှင်းပဲ အဆုံးသတ်နိုင်ခဲ့ပါတယ်"

"ကျွန်တော်က ဘောလုံးပဲကစားချင်ပြီးတော့ ကျွန်တော့်အတွက် အကောင်းဆုံးဖြစ်မယ့် အသင်းကိုရွေးချယ်ခဲ့တာပါပဲ" လို့ ဟာလန်းက ဖွင့်ဟခဲ့ပါတယ်။ ဟာလန်းကတော့ ဒေါ့မွန်ကို ပြောင်းရွှေ့ခဲ့ပြီးနောက် ပြိုင်ပွဲစုံ ၅ပွဲအထိ ကစားပေးပြီးချိန်မှာ ၈ ဂိုးအထိသွင်းယူနိုင်ခဲ့ပါတယ်။ ဘွန်ဒက်လီဂါပွဲဦးထွက် ၃ပွဲကစားပြီး ၇ ဂိုးသွင်းယူနိုင်တဲ့ ပထမဆုံးကစားသမားအဖြစ်နဲ့လည်း စံချိန်တင်နိုင်ခဲ့ပါတယ်။ 


Author

  • Pyae Phyo Thein

    Content Writer/Reporter


က္က