သတ်မှတ်ထားတဲ့ ပုံစံအတိုင်းဆက်လက်ကျင်းပသွားမှာပါ။
Win Kyaw Min

ယူရို၂၀၂၀ ပြိုင်ပွဲကို ကိုရိုနာဗိုင်းရပ်စ်အန္တရာယ်ကြောင့် ၂၀၂၁ ခုနှစ်သို့ရွှေ့ပြောင်းထားပြီးလည်းဖြစ်ပါတယ်။

ဥရောပဘောလုံးအဖွဲ့ချုပ်တာဝန်ရှိသူတွေအနေနဲ့ ကမ္ဘာ့နိုင်ငံအားလုံးပျံ့နှံ့ကူးစက်နေတဲ့ ကိုရိုနာဗိုင်းရပ်စ်အန္တရာ ယ်ကြောင့် ၂၀၂၁ ခုနှစ်သို့ရွှေ့ဆိုင်းထားရပေမယ့် ယူရို ၂၀၂၀ အမည်ကိုသာ ဆက်လက်အသုံးပြုသွားမှာဖြစ် ကြောင့် အတည်ပြုသတင်းထုတ်ပြန်ချက်ကို Football italia ရဲ့ဖော်ပြချက်အရ သိရပါတယ်။

ယူရို ၂၀၂၀ ပြိုင်ပွဲကို ၂၀၂၁ သို့ပြောင်းရွှေ့ခဲ့ပြီးတဲ့နောက် အမည်ပြောင်းလဲခြင်း၊ ပြိုင်ပွဲကျင်းပမယ့်အချိန်ခုနှစ် သတ်မှတ်ခြင်းများကို ပြုလုပ်သင့်ကြောင်း ပရိသတ်အများစုက ဝေဖန်အကြံပြုခဲ့ပေမယ့် တာဝန်ရှိသူတွေကေ တာ့ မူလအတိုင်းပဲ ဆက်လက်သတ်မှတ်ဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။



“အမှုဆောင်အားလုံးရဲ့ဆုံးဖြတ်ချက်ပါ။ သတ်မှတ်ပြီးသားဖြစ်တဲ့ အထိမ်းအမှတ်၊ ပြယုဂ်၊ အမှတ်တံဆိပ်အား လုံးကို အပြောင်းအလဲမလုပ်ဘဲ အသုံးပြုသွားမှာပါ။ ၂၀၂၁ မှာကျင်းပမယ့် ယူရို၂၀၂၀ ပြိုင်ပွဲလို့ပဲခေါင်းစဉ်တပ် ရဖို့ပဲရှိပါတယ် ” လို့ ယူအီးအက်ဖ်အေရဲ့ ပြောရေးဆိုခွင့်ရှိသူက မီဒီယာတွေထံ အတည်ပြုပြောဆိုခဲ့တာပါ။

ဆုံးဖြတ်ချက်ကို ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းကမှ ပြုလုပ်ခဲ့တဲ့ ယူအီးအက်ဖ်အေအမှုဆောင်အစည်းအဝေးပွဲတွင်မဲခွဲ ဆုံးဖြတ်ခဲ့တာဖြစ်ပြီး တာဝန်ရှိသူအများစုက မူလသတ်မှတ်ထားတဲ့အမည်နာမကိုပဲဆက်လက်အသုံးပြုဖို့ဆန္ဒရှိ ခဲ့ကြတယ်လို့လည်း သိရပါတယ်။

ယူရို ၂၀၂၀ ပြိုင်ပွဲဟာ ဥရောပဘောလုံးအဖွဲ့ချုပ်အတွက် သမိုင်းဝင်ပြိုင်ပွဲတစ်ခုဖြစ်လာခဲ့ပြီး ၁၉၆ဝခုနှစ်ကနေစ တင်ကျင်းပခဲ့တဲ့ ပြိုင်ပွဲကတော့ အခုယူရို၂၀၂၀ ပြိုင်ပွဲမှာ နှစ်ပေါင်း ၆ဝပြည့်မြောက်မှာဖြစ်လို့ အမည်နာမမပြော င်းလဲဖို့ အများစုက အလိုရှိခဲ့တာလည်းဖြစ်ပါတယ်။


က္က