လိုင်ယွန်အသင်းက ၃-၁နဲ့ မန်စီးတီးကို နိုင်လို့ ပရိသတ်တွေက အောင်ပွဲခံခဲ့ကြတာပါ။
Kyaw Ko Ko Sint

လူစုလူဝေးအောင်ပွဲမခံခင် သောကြာနေ့ကမှ ပြင်သစ်မှာ ပိုးတွေ့လူနာသစ် ၂၈၄၆ဦး ထပ်တိုးထားတာ ဖြစ်ပေ မယ့်လည်း လိုင်ယွန်ပရိသတ်တွေကတော့ သူတို့အောင်ပွဲကို အထိအခိုက်မခံခဲ့ပါဘူး။

ညက မန်စီးတီးကို လိုင်ယွန်အသင်း အနိုင်ရလိုက်လို့ လိုင်ယွန်ပရိသတ်တွေက မြို့ထဲ လမ်းမပေါ်မှာထွက်ပြီး လူစု လူဝေးနဲ့ အောင်ပွဲခံခဲ့ကြတဲ့ ဗီဒီယိုဖိုင် ထွက်ပေါ်လာပါတယ်။

ပြင်သစ်မှာ ကိုဗစ် ရောဂါဂိုးတွေ့ရှိသူတွေ ထပ်တိုးနေဆဲ ဖြစ်လို့ လူစုလူဝေးမလုပ်ဖို့ အမိန့်ထုတ်ထားပေမယ့်လည်း လိုင်ယွန်အသင်းရဲ့အောင်ပွဲညက အမိန့်ကို ဖီဆန်သလို ဖြစ်ခဲ့ကြပါတယ်။

သောကြာနေ့မှာပဲ ပြင်သစ်မှာ ပိုးတွေ့လူနာသစ် ၂၈၄၆ဦးထပ်တိုးထားတာ ဖြစ်ပြီး ဒါဟာ မေလနောက်ပိုင်း Lockdown တားမြစ်ချက် ပယ်ဖျက်ပြီးနောက်ပိုင်း အများဆုံး ကူးစက်မှုလို့လည်း သိရပါတယ်။

တစ်ပတ်ကို ပျမ်းမျှ ပိုးတွေ့လူနာသစ် ၂ထောင်ကျော် တိုးလျက်ရှိပြီး ဗြိတိန်အစိုးရက နိုင်ငံပြင်ပက ပြန်လာသူ အားလုံး ကွာရန်တင်း ဝင်ရမယ်လို့ အမိန့်ကို စနေနေ့ကစတင်ပြီး ထုတ်ပြန်လိုက်ပြီလို့လည်း Daily Mail သတင်း ဌာနက ဖော်ပြလာပါတယ်။

ပြင်သစ်က လိုင်ယွန်ပရိသတ်တွေအတွက်တော့ ဒီလို အမိန့်တွေကို ပြင်သစ်မှာ မရှိသေးတဲ့အတွက် တနင်္ဂနွေနေ့ မနက်က အကြောက်တရားကင်းမဲ့စွာ လူစုလူဝေးနဲ့ သူတို့ရဲ့ အောင်ပွဲခံအခမ်းအနားကိုတော့ အပျက်မခံခဲ့ပါဘူး။

လိုင်ယွန်အသင်းအနေနဲ့ ဆီမီးဖိုင်နယ်မှာ ဘိုင်ယန်မြူးနစ်ကို မန်စီးတီးလိုသာ ထပ်မံ အနိုင်ယူပြခဲ့မယ်ဆိုရင်တော့ နောက်တစ်ပတ် လိုင်ယွန်လမ်းမတွေပေါ်မှာ လူတွေ ပြည့်ကျပ်နေအုံးမှာ အသေအချာပါပဲ။


Author


က္က