ပီယာလိုက ဂျူဗင်တပ်နည်းပြ ဖြစ်လာသူပါ။
Kyaw Ko Ko Sint

ဇီဒန်းလို ကစားသမားဘဝအသင်းကို ပထမဆုံးနည်းပြအဖြစ် စတင်ကိုင်တွယ်ပြီး အောင်မြင်မှုတွေ ဆက်လိုက်ရသလို ပီယာလိုကိုလည်း အလားတူ အောင်မြင်မယ်လို့ ပြောလာတာပါ။

ဂျူဗင်တပ်အသင်းရဲ့ နည်းပြသစ်ဖြစ်လာတဲ့ အသင်းခေါင်းဆောင်ဟောင်း ပီယာလိုအနေနဲ့ လက်ရှိ အောင်မြင်မှု သရဖူးဆောင်းနေတဲ့ ရီးရဲနည်းပြ ဇီဒန်းထက် ပိုပြီး အောင်မြင်နိုင်လိမ့်မယ်လို့ ကစားဖော်ဟောင်း ဒယ်ပီယာရိုက ကြိုတင် ဟောကိန်းထုတ်လာပါတယ်။

Goal.comရဲ့ ဖော်ပြချက်အရ - “ကျွန်တော်ကတော့ ပီယာလိုအနေနဲ့ ဇီဒန်းလိုဖြစ်လာမယ်လို့ ယုံကြည်ပါတယ်။ဒါ ပေမယ့် လက်ရှိ သူတို့ကို သွားပြီး နှိုင်းယှဥ်မယ်ဆိုရင်တော့ မတရားပါဘူး။ ဇီဒန်းက အရင်ကတည်းက နည်းပြ အန်ဆယ်လော့တီလက်အောက်မှာ လက်ထောက်နည်းပြ ဖြစ်ခဲ့သူပါ။ဒါပေမယ့် ပီယာလိုကတော့ မတူပါဘူး။သူ့ အနေနဲ့ ပိုကောင်းအောင် လုပ်ဆောင်နိုင်မယ်လို့ ယုံပါတယ်။သူက အသင်းနဲ့ ကစားသမားတွေအကြောင်း သိပြီး သားပါ။သူတို့ရဲ့ ဆက်ဆံရေး အဆင်ပြေမယ်လို့ယုံကြည်ပါတယ်။”လို့ ဒယ်လ်ပီယာရိုက ပြောတာပါ။

ဇီဒန်းအနေနဲ့ ရီးရဲ ကစားသမားဟောင်းတစ်ဦးဖြစ်ပြီး နည်းပြဖြစ်လာချိန်မှာ အံ့အားသင့်ဖွယ် အောင်မြင်မှုအဖြစ် ချန်ပီယံလိဂ် ၃နှစ်ဆက်တိုက် ရရှိခဲ့သလို အမှတ်ပေးဖလားအောင်မြင်မှုတွေလည်း ရရှိထားသူပါ။

အလားတူပဲ ပီယာလိုအနေနဲ့လည်း ဂျူဗင်တပ်အသင်းရဲ့ ဂန္တဝင်ကစားသမား‌ဟောင်းတစ်ဦးဖြစ်ပြီး အခုလို အသင်း ရဲ့ နည်းပြ ပြန်ဖြစ်လာချိန်မှာဂျူဗင်တပ်နဲ့အတူ အောင်မြင်မှု ရရှိနိုင်ပြီး ဇီဒန်းထက်ကျော်လွန်နိုင်မယ်လို့ ကစား ဖော်ဟောင်း ဒယ်ပီယာရိုက ဆိုခြင်း ဖြစ်ပါတယ်။

“အရိုးသားဆုံးပြောရရင်တော့ သူနည်းပြ ဖြစ်လာလိမ့်မယ်လို့ မထင်ထားပါဘူး။တကယ်ဖြစ်လာချိန်မှာ အံ့အားသင့် ခဲ့ရပါတယ်။သူ ၂၃အသင်းနည်းပြ ဖြစ်လာခဲ့ချိန်မှာ စိတ်ထဲ ကျေနပ်နေမိခဲ့ပါတယ်။အခုလည်း သူ့အတွက် အကောင်းဆုံးပါပဲ။ဒါပေမယ့်သူက အဲ့ထက်ကို ကျော်လွန်သွားပါပြီ။ကံကောင်းဖို့ ဆုတောင်းပေးရမှာပဲ ရှိပါတော့ တယ်။”လို့ ပီယာလိုက ဆက်လက်ပြောပါတယ်။

ပီယာလို၊ဒယ်လ်ပီယာရိုနှင့်ဇီဒန်းတို့ ၃ဦးဟာလည်း ဂျူဗင်တပ်အသင်းမှာ အတူတကွကစားခဲ့ဖူးကြတဲ့ ကစားဖော် ‌ဟောင်းတွေလည်း ဖြစ်ပါတယ်။

ဂျူဗင်တပ်အသင်းကတော့ ယခုနှစ် စီးရီးအေမှာ ချန်ပီယံ ဖြစ်ခဲ့ပေမယ့် ချန်ပီယံလိဂ်မှာတော့ ၁၆သင်းအဆင့်နဲ့ ထွက်ခဲ့ရလို့ နည်းပြ ဆာရီကို ထုတ်ပယ်ကာ ယူ-၂၃ နည်းပြ ဖြစ်သူ ပီယာလိုကို အစားထိုးခန့်အပ်လိုက်တာပါ။


ဆက်စပ်အကြောင်းအရာများ


Author


က္က